သူမဆီကငွေချေးပြီးပြန်မဆပ်ဘဲ မျက်နှာခွဲစိတ်ပြုပြင်ကာ ဆာဂျရီလုပ်ခဲ့တဲ့လူတယောက်ကို ဒဲ့ပြောလိုက်တဲ့ အေးဝတ်ရည်သောင်း

သူမဆီကငွေချေးပြီးပြန်မဆပ်ဘဲ မျက်နှာခွဲစိတ်ပြုပြင်ကာ ဆာဂျရီလုပ်ခဲ့တဲ့လူတယောက်ကို ဒဲ့ပြောလိုက်တဲ့ အေးဝတ်ရည်သောင်း…

အသက် (၁၃) နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ အေးဝတ်ရည်သောင်းက အခုဆိုရင် အသက် (၃၅) နှစ်အရွယ် အပျိုကြီးမမတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။…

အေးဝတ်ရည်သောင်းကတော့ အခုအရွယ်ထိတိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ပြီး ကိုကိုမောင်မောင်တွေကြားမှာ မအေးသောင်းရယ်လို့ နာမည်ကျော်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။…

အေးဝတ်ရည်သောင်းကလည်း သူမကို အားပေးကြတဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာ လှုပ်ရှားမှုတွေကို အမြဲတမ်း ချပြနေလျက်ရှိတာကို တွေ့ရပါတယ်။…

စိတ်ခံစားချက်နဲ့ ပက်သတ်လာရင် မကြာခဏရင်ဖွင့်တတ်တဲ့ အေးဝတ်ရည်သောင်းက ဒီကနေ့မှာလည်း “အံမယ် ပိုက်ဆံချေးပြီးပြန်မဆပ်ချင်တော့ ပလပ်စတစ်ဆာဂျရီ လုပ်လိုက်တယ်ပေါ့။ စိတ်ကလေးပါဆာဂျရီလုပ်ရမှာ။….

အကောင့်အသစ်ဖွင့်ပြီးကိုယ်တွေကိုတောင် အရင်ဘလော့ထားသေးကိုယ့်ပိုက်ဆံလေးနဲ့ တစ်သက် လုပ်စားနိုင်ပါစေလေ။ဆိုပြီး ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်တော့ အသားနာခံပြီး မျက်နှာကိုခွဲစိတ်ပြုပြင်ခဲ့တဲ့လူတစ်ယောက်အကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။…

အေးဝတ်ရည်သောင်းကတော့ ပိုက်ဆံချေးပြီးမှ မသိချင်ယောင်ဆောင်တဲ့သူတစ်ယောက်နဲ့ ကြုံဆုံခဲ့ရပြီး အကြောင်းအရင်းကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။…

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။crd…

Be the first to comment

Leave a Reply

Your email address will not be published.


*