Categories
သတင်း
စိတ်ပင်ပန်းလို့ဆိုပြီး ည ၁ နာရီအတိတွင် ၉၁၁ကိုဖုန်းဆက်ပြီး ရင်ဖွင့်ခဲ့ရာ see more….
လူတိုင်း မိသားစုတိုင်းတွင် အဆင်မပြေသည့် အခက်အခဲဆိုတာ ရှိကြပြီး အချို့သောသူများကျ ကိုယ်အဆင်မပြေသည့်အခါ ရင်ဖွင့်ဖော် ပြောပြဖော်လေးပင်မရှိပဲ အထီးကျန်နေတတ်ကြသည်။
သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ အသက် ၆၁နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ဒေသရှိ သက်ဆိုင်ရာရဲဌာနသို့ တစ်နေ့ကိုလေးကြိမ် ဖုန်းဆက်ခဲ့ရာ ထောင်၂လကျသွားခဲ့ရသည်။
အဖိုးအိုတွင် မိဘတွေမရှိတော့သည့် သနားစရာ မြေးလေးတစ်ယောက်ရှိကာ အလိုလိုက်ထားမိခဲ့၍ လက်ရှိတွင် ဘယ်သူ့ပြောစကားကိုမှနားမထောင်ပဲ ဆိုးသွမ်းလျက်ရှိကာ စိတ်ညစ်ပြီး တစ်ယောက်ယောက်ကို ဖွင့်ပြောပြချင်ခဲ့သည်။
ထို့ကြောင့် အဖိုးအိုသည် ၉၁၁သို့ ဖုန်းခေါ်ကာ သူအရမ်းပင်ပန်းနေပြီဖြစ်ကြောင်း ရင်ဖွင့်ခဲ့ရာရဲဌာနမှ အကြံဉာဏ်လေးတွေပေးရင်း နှစ်သိမ့်ပေးခဲ့သည်။
သို့သော်လည်း အဖိုးအိုသည် ကျေနပ်မှုမရှိပဲ တစ်နေ့ကို လေးကြိမ်ထက်မနည်း ရဲဌာနသို့ဖုန်းခေါ်ခဲ့ခြင်းဖြင့် စနစ်အား အလွဲသုံးစားလုပ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့သည်။crd
Leave a Reply
Your email address will not be published.