Categories
လိင္ပညာေပး

ယောကျာ်းတွေစွဲတဲ့မျှော့!

ယောကျာ်းတွေစွဲတဲ့မျှော့!

မျှော့ဆိုသည်မှာ သတ္တဝါမျှော့ကို ပြောခြင်းမဟုတ် ။ အရပ်သုံးစကား အထူးသဖြင့် ယောက်ျားလေးများကြားရေပန်းစားသည် ။ ဘယ်လိုမိန်းမကတော့ဖြင့် မျှော့ပါသည် ဘယ်သူကတော့ဖြင့် တန်းတန်းစွဲဖြစ်ကြသည် အစရှိသည်ဖြင့် ခေတ်အဆက်ဆက် ယောက်ျားတို့စကားဝိုင်းတွင်ပါလေ့ရှိကြသည် ။

အရပ်ထဲပြောအရမျှော့ဆိုသည့်မိန်းမကိုယ်အတွင်းရှိအကောင်ကဲ့သို့အရာကြောင့်ယောက်ျားများတန်းတန်းစွဲဖြစ်စေသည်ဟုဆို၏။တချို့ကမျှော့ပါခြင်းသည်အိမ်ထောင်ရေးအတွက်ကောင်းသောလည်းကလေးမွေးဖွားရာတွေအခက်တွေ့စေသည်သေစေတတ်သည်သားအိမ်ကကလေးကိုပြန်ပြန်ဆွဲသည်မျှော့ပါလျှင်မွေးခါနီးဆားနှင့်ပက်ရမယ်အချင်းကိုနင်းရမည်အစရှိသည်ဖြင့်လူအမျိုးမျိုးအထွေထွေအယူအဆအလွဲများဖြင့်ပြည့်နှက်နေသည်။

လွဲမှားရုံမက တချို့သော အယူအဆများမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် အတွက် မျှော့အကြောင်း သိသလောက် ဝေမျှလိုက်ရပါသည် ။တကယ်တော့ မျှော့ဆိုသည်မှာ ဘာမှမဟုတ် ။ အမျိုးသမီးတိုင်းတွင် ရှိသည် ။ လိင်ဆက်ဆံချိန်တွင် ဆက်ဆံ၍ climax အထွတ်အထိပ်ရောက်ချိန်မှာ မိန်းမအင်္ဂါထဲမှ ကြွက်သားများ ကျုံ့ချင်း ဆန့်ချင်း ဖြစ်ပြီး ယောက်ျား လိင်အင်္ဂါကို ဆွဲညှစ်သလို ဖြစ်တတ်ခြင်းကြောင့်မျှော့ကြွက်သားလို့ခေါ်ကြသည်။

တချို့အမျိုးသမီးများတွင် တကယ်ပြီးမြောက်ချိန် ထိုကြွက်သားများက အလွန်အမင်း ကြုံ့ဆန့်သွားပြီး လက်နဲ့ညှစ်ထားသကဲ့သိုဖြစ်သည့်အတွက် အမျိုးသားများ တန်းတန်းစွဲရခြင်းဖြစ်သည် ။ ဒီလိုဖြစ်လာအောင် လေ့ကျင့်လို့ရပါတယ် ။ pelvic floor muscles exercises ဆိုပြီး youtube မှာရှာပြီးလေ့ကျင့်နိုင်ပါတယ်။ကလေးရိုးရိုးမွေးထားသောမိခင်များသားအိမ်ဆီးအိမ်ကျွံကျနေသောအမျိုးသမီးများအတွက်သင့်လျှော်တဲ့လေ့ကျင့်ခန်းများဖြစ်ပါတယ်။မျှော့ကြိုက်သောကိုကိုဦးဦးတို့လည်းမိမိချစ်သူဇနီးများကိုလေ့ကျင့်ခိုင်းနိုင်ပါတယ်။

နည်းလမ်းမှာမခက်လှ ။ လိင်ဆက်ဆံချိန်တွင် စအိုကြွက်သားများကို ရှုံ့ရှုံ့ပေးခြင်းဖြင့် ထို မျှော့ကြွက်သားများပါ သန်မာလာစေသည် ။ တကယ်တော့ အိမ်ထောင်တစ်ခု သာယာဖို့ လက်တွဲဖော်နှင့် အဆင်ပြေဖို့ဆိုသည်မှာ လိင်ကိစ္စတစ်ခုထဲမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု ဖေးမမှု အစရှိသည်တို့ဖြင့် တည်ဆောက်ထားခြင်းသာဖြစ်ပါသည် ။

နောက်လွဲမှားနေသည့် အယူအဆဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် မျှော့ ဆိုရာတွင်လည်း pelvic floor muscles (မျှော့ကြွက်သား) နဲ့ ကလေးမမွေးနိုင်တာ လုံးဝ (လုံးဝ) မသက်ဆိုင်ပါ ။ကလေး မျက်နှာညိုမည်းနေတာဟာ တစ်ခါတစ်ရံ မျက်နှာနဲ့အောက်ကိုမွေးလမ်းကြောင်းထဲဆင်းလာချိန် အချိန်ကြာလာခြင်း venous congestion နဲ့ မျက်နှာ ညိုမဲနေတတ်ပါတယ်။

ကျွမ်းကျင်သော သားဖွားဆရာမ၊ဆရာဝန်၊ သားဖွားအထူးကုများဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု မှန်မှန်ယူကြပါ ။ ပေါက်ကရ အတွေးအခေါ်များမှ ရှောင်ရှားနိုင်ကြပါစေ ။ အားလုံးကျန်းမာကြပါစေ။ ။ crd

Leave a Reply

Your email address will not be published.