မိခင်ဖြစ်သူကို လုယက်ခံရချိန် သားဖြစ်သူက ဝင်ဆွဲ ရာ
သူ့မိခင်ကို ဓားနဲ့ထောက် ပိုက်ဆံအိတ်လုတော့ သူ့အမေကို ဓါးနဲ့ထိုးတယ်ထင်ပြီး အသက် ၁၅နှစ်သာရှိသေးတဲ့ငါ့သားလေးက သူ့လက်ကလေးနဲ့ ရှိတဲ့ခွန်အားလေးနဲ့ကာကွယ်မိတာကို ဓားနဲ့ထိုးသတ်ခဲ့တဲ့နင်တို့တွေငါ့သားလေးကိုသတ်ခဲ့သလိုမျိုးပြန်အသတ်မခံရပါစေနဲ့…
ငါတို့မိသားစုရဲ့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးအသိုက်အမြုံလေးပြိုကျပျက်စီးခဲ့ရသလိုမျိုး နင်တို့မိသားစုဘဝတွေပြိုကျပျက်စီးခြင်းမျိုး မကြုံရပါစေနဲ့
သူ့မိခင်ရှေ့မှာ သူ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့သလိုမျိုး နင်တို့မွေးထားတဲ့ မွေးလာမဲ့ နင်တို့သားသမီးကို နင်တို့ရှေ့မှာတင် အသတ်ခံရတာမျိုး မကြုံရပါစေနဲ့
သူတပါး ကြိုးစားရှာဖွေစုဆောင်းထားတဲ့ ဥစ္စာပစ္စည်းကိုခိုးဆိုး လုယက် ဓားပြတိုက်မှ သုံးရ စားရတဲ့နင်တို့ဘဝတွေ နင်တို့သားသမီးအရှေ့မှာ နင်တို့သမိုင်းကြောင်းတစ်လျှောက်မှာ နင်တို့ရဲ့သားစဉ်မြေးဆက်မှာ လိပ်ပြာလုံစွာနေနိုင်ပါစေ
သူတပါးမိသားစုတွေ သောကပရိဒေဝမီးတွေလောင်မြိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျရသလိုနင်တို့ နင်တို့မိသားစုတွေ မလောင်မြိုက်ပါစေနဲ့မျက်ရည်ပေါက်ကြီးငယ်မကျရပါစေနဲ့
ငါတို့မိသားစုရဲ့ အညွန့်အဖူး သားကောင်း သားမြတ်အညွန့်တစ်လူလူတက်နေတဲ့ ငါတို့မိသားစုရဲ့အဖိုးအနဂ္ဂထိုက်တန်တဲ့ သားရတနာ သားလိမ္မာငါ့ကလေးကို သတ်ခဲ့ရလို့ပျော်ရွှင်ဝမ်းမြောက်ကြပါစေ…
ငါသေမတတ် နာကျင်ခံစားရသလိုမျိုး ငါရူးမတတ်သွေးပျက်ခဲ့ရသလိုမျိုး နင်တို့မိသားစုတွေ တန်ပြန်မခံစားရပါစေနဲ့..တူသောအကျိုးမပေးပါစေနဲ့..
သကြားသာသနာခေါတ်မို့ ကံဝဋ်ကြွေးဟာ ချက်ချင်းအကျိုးသက်ရောက်မယ်လို့ ငါမတွေးပါဘူးးဒါပေမယ့် တစ်ဆယူရင် ဆယ်ဆမကပြန်ပေးဆပ်ရမယ်ဆိုတာ
ဘုရားဟောအရရော လောကဝတ်အရရော ပြဌာန်းထားပြီးသားမို့ ကံ ကံ၏အကျိုးကိုနင်တို့လက်ခံယူနိုင်ဖို့ ပြင်ဆင်ထား. ဝဋ်ဆိုတာနင်တို့ပြုခဲ့တဲ့အတိုင်း နင်တို့နောက်ကိုထပ်ချပ်မကွာလိုက်လာမှာ အကုသိုလ်ကံအကျိုးပေးတွေက.နင်တို့လိုလူတွေကို ငါလုံးဝကျိန်စာမတိုက်ဘူးလုံးဝကျိန်စာတိုက်မှာ မဟုတ်ဘူးမေတ္တာပဲ နေ့စဉ်ရက်ဆက် စက္ကန့်မလပ်ပို့ပေးနေတာ
ငါ့သားလေးက ဘာအကုသိုလ်တစ်ခုမှ မလုပ်ခဲ့မရှိခဲ့လို့ သိပ်ကိုရိုးသားဖြူစင် အပြစ်ကင်းစင်ခဲ့လို့မိဘအပေါ် ဆွေမျိုးအသိုင်းအဝိုင်းအပေါ်လူတကာအပေါ် တိရိစ္ဆာန်လေးတွေအပေါ် သိပ်ကိုချစ်ခင်တွယ်တာ ဂရုဏာကြီးမားခဲ့သူမို့ကောင်းမြတ်သောဘုံဘဝမှာ စံစားနေပြီဆိုတာ မေမေအတိအကျပြောနိုင်တယ်…သားးး
ဘယ်ဗေဒင် ဘယ်နတ်လေချွန်မှ မေမေ မမေးဘူးတတ်အပ်သိတယ် မေမေပြောနိုင်တယ်မိခင်ကိုအသက်ရင်းနဲ့ကာကွယ်ခဲ့တဲ့သားလိမ္မာမို့..ပြုသူအသစ် ဖြစ်သူအဟောင်းမို့ ကံဝဋ်ကြွေးအဖို့ပါလာတယ်ဆိုရင်လည်း
ဤကံဝဋ်ကြွေးကိုအပြီးဆပ်ခဲ့ပြီမို့ နောင်သံသရာဘဝဆက်တိုင်းမှာ အသက်ရှည်ကျန်းမာ ပျော်ရွှင်စွာနဲ့ သာသနာပြုနိုင်တဲ့ထူးမြတ်လှတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးဖြစ်ပါစေလို့အသက်ရှင်နေသမျှကာလတစ်လျှောက်လုံးဆုတောင်းမေတ္တာပို့ပေးနေတယ်ဆိုတာရယ်
တတ်အားသ၍သားလေးအတွက် တစ်ရက်မှမပျက်ကွက်ပဲလှူတန်းခြင်းတွေပြုပေးနေတယ်ဆိုတာ သား သိမယ် မြင်မယ်ကြားမယ် ရရှိစံစားနိုင်မယ်ဆိုတာ မေမေအကြွင်းမဲ့ယုံတယ် သားး မေမေအကြွင်းမဲ့ယုံတယ်…
crd