ရှိုးဝါး ဖိနပ်စီးလာသူများကို ဖိနပ် နံပါတ်အတိုင်း စစ်တပ်က ပါးရိုက်..1



crd

ရှိုးဝါး ဖိနပ်စီးလာသူများကို ဖိနပ် နံပါတ်အတိုင်း စစ်တပ်က ပါးရိုက်

မလှိုင်မြို့နှင့် မိတ္ထီလာမြို့တို့တွင် ယခုရက်ပိုင်းအတွင်း ရှိုးဝါးဖိနပ်(ဆင်ကြယ်ဖိနပ်ပုံစံ အကြမ်းစီဖိနပ်) စီးလာသူများကို စစ်ကောင်စီလက်အောက် စစ်တပ်နှင့် စစ်ဆေးရေးအဖွဲ့များက ဖိနပ်နံပတ်အတိုင်း ပါးရိုက်ပြီး ဖိနပ်ပြန်လဲခိုင်းကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းက မလှိုင်ဈေးအတွင်းနှင့် ဈေးပြင်တဝိုက်၌ ရှိုးဝါးဖိနပ်စီးလာသူများကို စီးလာသည့် ဖိနပ်နံပတ်အတိုင်း ပါရိုက်ကာ ဖိနပ်ပြန်လဲခိုင်းကြောင်း မလှိုင်ဒေသခံ တစ်ဦးက ပြောသည်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*