Categories
သတင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ချောင်းဦးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ ..see more
ချောင်းဦးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချောင်းဦးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉နာရီခန့်တွင် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးလောင် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” ရွာလုံးကျွတ် နီးပါးလောက် မီးလောင် ပျက်စီးတယ်။ ရွာမှာ အိမ်ခြေက ၄ဝဝ လောက်ရှိတယ်။ အိမ်ခြေ အရေအတွက်ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ မသိရသေးဘူး။ အကုန်လုံးကို မီးရှို့သွားတာ ပြာပဲကျန်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ crd
Leave a Reply
Your email address will not be published.