ေယာက်ၤားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးမိတဲ့ အပ်ိဳႀကီးတစ္ေယာက္ရဲ့ အျဖစ္

ေယာက်ၤားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးမိတဲ့ အပ်ိဳႀကီးတစ္ေယာက္ရဲ့ အျဖစ္

တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္ဟာ ေယာကၤ်ားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးတယ္။ “ခင္ဗ်ားမွာ အိမ္ေထာင္က်မယ့္ဇာတာ ရွိပါတယ္´´
အပ်ိဳႀကီးခင္မ်ာ အရမ္းေပ်ာ္သြားၿပီး “ဟီ ဟိ ဆရာ ဒါဆို ဘယ္အခ်ိန္ေရာက္

အိမ္ေထာင္က်မလဲတိတိက်က်ေလး ေဟာလို႔ရရင္ ေဟာေပးပါဆရာရယ္´´ “အိမ္း ဒါကေတာ့ …..ခင္ဗ်ားရဲ့ကံဇာတာ အေပၚမူတည္ၿပီး နိမိတ္ေကာက္ယူတဲ့ အေဟာနဲ႔ ဆုံးျဖတ္ရမွာပဲ…

ဒါ့ေၾကာင့္ ဒီညပဲ ရြာထဲကို လမ္းေလၽွာက္ထြက္ရင္း ပတ္ဝန္းက်င္က ၾကားရတဲ့ အသံ နိမိတ္ကိုေကာက္ယူရမယ္´´ “ဟုတ္ကဲ့ ဘယ္လိုေကာက္ယူရမွာလဲရွင့္…အဟိ ´´

“ဥပမာ – တစ္ ဆိုတဲ့ အသံကို ၾကားရရင္ ခင္ဗ်ား တစ္လအတြင္း အိမ္ေထာင္က်မယ္ ႏွစ္ ဆိုတဲ့အသံကို ၾကားရရင္ ႏွစ္လအတြင္းေပါ့ဗ်ာ´´ အပ်ိဳႀကီး အေပ်ာ္လုံးဆို႔ၿပီး အိမ္ျပန္သြားတယ္

ည ၇ နာရီေလာက္က်ေတာ့တိတ္တိတ္ေလး အိမ္ေပၚကဆင္းလာၿပီးရြာထဲေလၽွာက္ရင္း ၾကားရမယ့္အသံကို လိုက္နားစြင့္တယ္… ရြာလယ္နားေရာက္ေတာ့ အဘိုးအိုတစ္ဦးရဲ့ ဘုရားဝတ္ျပဳသံကို ၾကားေတာ့ ဝမ္းသာအားရနဲ႔

အနားကို ခပ္သုတ္သုတ္ေလး ေျပးသြားၿပီး နားေထာင္လိုက္တယ္… ဘုရားရွိခိုးဆိုမွေတာ့ အပါယ္ေလးပါး ကပ္သုံးပါးတို႔ေတာ့ ပါမွာပဲ … ဒါဆိုရင္
သုံး ေလးလေလာက္ေစာင့္ရလဲ မဆိုးပါဘူးေလ…ဆိုတဲ့ အေတြးနဲ႔ ရင္ထဲမွာႀကိတ္ၿပီးေပ်ာ္ေနလိုက္တာ…

ေျခသံကိုအသာအယာ ဖြဖြေလးနင္းၿပီး ၿခံစည္းရိုးနားကပ္ နားေထာင္ၾကည့္ေတာ့မွ သဲသဲကြဲကြဲ ၾကားလိုက္ရတဲ့ အသံက… “အစိေႏၲယ်…အစိေႏၲယ်…အစိေႏၲယ် ေလးသေခၤ် နဲ႔ ကမၻာတစ္သိန္း ပါရမီ ျဖည့္ေတာ္မူေသာျမတ္စြာဘုရား´´ ဆိုတဲ့ အသံလည္းၾကားလိုက္ေရာ….

အပ်ိဳႀကီးခင္မ်ာ လက္ႏွစ္ဖက္ကို နားမွာပိတ္ၿပီး ေျပးလိုက္တာ တန္းေနေတာ့တာပါပဲ/ Credit:

ယောကျင်္ားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးမိတဲ့ အပျိုကြီးတစ်ယောက်ရဲ့ အဖြစ်

တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးတယ်။ “ခင်ဗျားမှာ အိမ်ထောင်ကျမယ့်ဇာတာ ရှိပါတယ်´´
အပျိုကြီးခင်မျာ အရမ်းပျော်သွားပြီး “ဟီ ဟိ ဆရာ ဒါဆို ဘယ်အချိန်ရောက်

အိမ်ထောင်ကျမလဲတိတိကျကျလေး ဟောလို့ရရင် ဟောပေးပါဆရာရယ်´´ “အိမ်း ဒါကတော့ …..ခင်ဗျားရဲ့ကံဇာတာ အပေါ်မူတည်ပြီး နိမိတ်ကောက်ယူတဲ့ အဟောနဲ့ ဆုံးဖြတ်ရမှာပဲ…

ဒါ့ကြောင့် ဒီညပဲ ရွာထဲကို လမ်းလျှောက်ထွက်ရင်း ပတ်ဝန်းကျင်က ကြားရတဲ့ အသံ နိမိတ်ကိုကောက်ယူရမယ်´´ “ဟုတ်ကဲ့ ဘယ်လိုကောက်ယူရမှာလဲရှင့်…အဟိ ´´

“ဥပမာ – တစ် ဆိုတဲ့ အသံကို ကြားရရင် ခင်ဗျား တစ်လအတွင်း အိမ်ထောင်ကျမယ် နှစ် ဆိုတဲ့အသံကို ကြားရရင် နှစ်လအတွင်းပေါ့ဗျာ´´ အပျိုကြီး အပျော်လုံးဆို့ပြီး အိမ်ပြန်သွားတယ်

ည ၇ နာရီလောက်ကျတော့တိတ်တိတ်လေး အိမ်ပေါ်ကဆင်းလာပြီးရွာထဲလျှောက်ရင်း ကြားရမယ့်အသံကို လိုက်နားစွင့်တယ်… ရွာလယ်နားရောက်တော့ အဘိုးအိုတစ်ဦးရဲ့ ဘုရားဝတ်ပြုသံကို ကြားတော့ ဝမ်းသာအားရနဲ့

အနားကို ခပ်သုတ်သုတ်လေး ပြေးသွားပြီး နားထောင်လိုက်တယ်… ဘုရားရှိခိုးဆိုမှတော့ အပါယ်လေးပါး ကပ်သုံးပါးတို့တော့ ပါမှာပဲ … ဒါဆိုရင်
သုံး လေးလလောက်စောင့်ရလဲ မဆိုးပါဘူးလေ…ဆိုတဲ့ အတွေးနဲ့ ရင်ထဲမှာကြိတ်ပြီးပျော်နေလိုက်တာ…

ခြေသံကိုအသာအယာ ဖွဖွလေးနင်းပြီး ခြံစည်းရိုးနားကပ် နားထောင်ကြည့်တော့မှ သဲသဲကွဲကွဲ ကြားလိုက်ရတဲ့ အသံက… “အစိန္တေယျ…အစိန္တေယျ…အစိန္တေယျ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်တော်မူသောမြတ်စွာဘုရား´´ ဆိုတဲ့ အသံလည်းကြားလိုက်ရော….

အပျိုကြီးခင်မျာ လက်နှစ်ဖက်ကို နားမှာပိတ်ပြီး ပြေးလိုက်တာ တန်းနေတော့တာပါပဲ/ Credit:

Leave a Reply

Your email address will not be published.