နေ့နာမ်အလိုက် အရမ်းမှန်တဲ့ အချစ်ဗေဒင်

နေ့နာမ်အလိုက် အရမ်းမှန်တဲ့ အချစ်ဗေဒင်

နေ့နာမ်အလိုက် အရမ်းမှန်တဲ့ အချစ်ဗေဒင်

တနင်္ဂနွေ သားသမီးအရမ်းချစ်တတ်ပါတယ်။ သို့သော် နှစ်ယောက်ပြိုင်တူ ထားချင်တတ်တယ်။ သူတို့အတွေးကတော့ အချစ်ဆိုတာ တစ်ယောက်ထဲနဲ့ပြီးရမှာလား။ အချစ်ဆိုတာ ပေးလို့ကုန်သွားတဲ့ အရာမှ မဟုတ်တာနော် ….လို့ များသောအားဖြင့် ခံယူထားတတ်ကြတယ်။အခြေအနေပေးရင် တစ်ယောက်ထက်ပိုရတတ် ယူတတ်ပါတယ်။ သူများ အထင်ကြီးလေးစားအောင်ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့စကားပြောပြီးရင်သူတို့ကိုအထင်ကြီးလေးစားသွားတတ်ကြပါတယ်။

တကယ်တမ်းကျတော့ အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်တတ်ပါတယ်။ အမျိုးသားများဆို ဇွတ် အတင်းချစ်ရေးဆိုတတ်တယ်။အမျိုးသမီးများကျတော့ ပွင့်လင်းတယ်၊ ချစ်သူအတွက်ဘာမဆို ရင်ဆိုင်ချင်တတ်ကြပါတယ်။ချစ်သူအတွက် မိသားစု ကိုတောင်စွန့်လွှတ် အဆက်သွယ်ဖြတ် ရဲတာ တနင်္ဂနွေသမီးတွေပါပဲ ။တနင်္ဂနွေ သမီးများကျတော့ အစွဲ အလန်းကြီးတတ်ကြပြီး ကိုယ့်ချစ်သူရဲ့စန်းပွင့်မှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။တနင်္ဂနွေသားများကတော့ အရမ်းဂရုစိုက်တဲ့ စတိုင်တွေပြတတ်တယ် ။ ကွယ်သွားတာနဲ့ မေ့ရော။ ကွယ်မေ့ တွေ့သေအောင်လွမ်းဆိုတာ တနင်္ဂနွေ သားတွေပဲ

တနင်္လာ သားသမီးအချစ်အတွက်ပေးဆပ်ရဲတယ်။ တကယ်ချစ်လာရင်ဘာမှ မမြင်အားလုံးကို စွန့်လွတ်ရင်ဆိုင်ရဲတယ်။ အဆင့်အတန်းမူလည်း ဂရုမစိုက် ။ချစ်သူအပြစ်ကိုလဲ ခွင့်လွှတ်တတ်တယ်။ ဒါပေမဲ့ စိတ်မရှည်တတ်ဘူး။ စတ်ဆပ်တတ်ပါတယ်။စိတ်ကောက်တတ်ပါတယ်။ အချော့ ကြိုက်တတ်ပါတယ် ။တနင်္လာနဲ့ ကြိုက်ရင်တော့ သူစိတ်ကောက်တာ ချော့ဖို့သာပြင်ထားတော့ ။

အင်္ဂါ သားသမီးစိတ်အပြောင်းလဲ များတတ်တယ်။ သူကတော့ မစဘူး ။ သူကို စ လာရင်ပါသွားတတ်ပါတယ်။ အရမ်းကြင်နာတတ်သလို တစ်ခါ အလုပ်များ ချင်ယောင် ဆောင်ပြီး ဖုန်း မဆက်ပဲ လုပ်နေတတ်ပါတယ်။စိတ်ကူးရင်ပြီး လေထဲမှာ တိုက်အိမ်ဆောင်နေတာ မပြီးတော့ဘူး။ အပြင်မှာ လက်တွေ့မှာ မိသားစု ကိစ္စ တွေနဲ့ ပဲ အချိန်ကုန်နေတယ်။သူ့စိတ်ထဲမှာ မိသားစုက ပထမ ။ ချစ်သူက ဒုတိယ ပဲ ။ သူနဲ့ကြိုက်မိရင်တော့ သူမိသာစု အပေါ် မပြစ်မပြောလေနဲ့ ပြောရင် ကွဲသွားတတ်တယ်။သူမိသားစု အပေါ် ဖေါ်လို လိုက်ပြီး ဆက်ဆံ နိုင်အောင်သာကြိုးစားတော့ ။

ဗုဒ္ဒဟူးသားသမီးအစွဲအလမ်းကြီးတတ်တယ်။ ဇွတ်တရွတ်လုပ်တတ်တယ်။ မကြိုက်ခင်တော့မခုတ်တတ်တဲ့ ကြောင်လိုပဲ ။ ရည်းစားဖြစ်ပြီးသွားပြီ ဆိုရင် ရှေ့နေမကြီးဖြစ်သွားတော့တာပဲ ။ အလို မကျ မကြာခဏ စိတ်တို စိတ်ဆပ်ဖြစ်နေ တတ်တယ်။ အချစ်ရေးမှာ များသောအားဖြင့် သစ္စာရှိတတ်ပြီသူရဲ့ အပြောဆို မတတ်မှုကြောင့် မကြာမကြာ စကားများများနေရတတ်တယ်။ စိတ်တိုပေမဲ့ ရင်ထဲမှာတော့ အားငယ်နေကြတတ်ပါတယ်။သူတို့နဲ့ ကြိုက်မိရင်တော့ သည်းခံ ခြင်း တရားကို လက်ကိုင်ထားပြီး အလိုလိုက် အကြိုက်ဆောင်ပေးဖို့သာ ကြိုးစားတော့ ။

ကြာသပတေး သားသမီးအပြောကောင်းတယ်။ချစ်သူအတွက်ကူညီဖို့ဝန်မလေးဘူး။ဒါပေမဲ့တစ်ယောက်ထက်ပိုပြီးထားချင်တတ်တယ်။များသောအားဖြင့်အခွင့်ရေးရရင်အကုန်ယူအကုန်ပေးချင်တတ်တယ်။အချစ်အတွက်အလုပ်ကိုတောင်ဖျက်ပြီးလိုက်လျှောတတ်ကြတယ်။ဒါပေမဲ့ပတ်ဝန်ကျင်စကားကြောင့်ကိုယ့်ချစ်သူကိုဖြတ်ပစ်ချင်တာသူတို့ရဲ့စရိုက်ပါ။

ကိုယ့်အတွေးနဲ့ ကိုယ် ချစ်သူအပေါ် သံသယဖြစ်နေတတ်တယ်။ချစ်သူအပေါ် အပြောကတော့ ကောင်းပေမဲ့ တကယ်လက်တွေ့မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်တတ်ကြပါဘူး။သူတို့နဲ့ကြိုက်ရင်တော့ သတိထားပါ ။ လက်ထပ်ဖို့ လက်တွန့် ရက်ရွှေ့ဆိုင်းနေတတတ်တာ ကြာသပတေးသားသမီးတွေပါပဲ ဗျာ

သောကြာ သားသမီးအချစ်ရေးမှာကိုယ်ကပေးဆပ်သော်လည်းပေးတိုင်းပြန်မရတတ်တာသောကြာသားသမီးပါ။ကိုယ်ကတကယ်ချစ်သောလည်းနုတ်ကြောင့်သေဆိုသလိုပဲအပြောကြောင့်ဒုက္ခဖြစ်ဖြစ်နေတတ်တာသူတို့ကံပေါ့။တကယ်ဖြစ်ချင်နေတာကတစ်ခုတကယ်ပြောထွက်သွားတာကတစ်ခုဖြစ်နေတတ်ပါတယ်။အချစ်ရေးမှာမေတ္တာတရားကြီးတတ်ပြီးအစွဲအလန်းလည်းကြီးတတ်ပါတယ်။

ဒါပေမဲ့ ခံစားလွယ်တတ်ကြပါတယ်။သူတို့ကတော့ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေပြီ ဆိုရင် ပတ်ဝန်းကျင် နှောက်ယှက်မှု ပယောဂ မကြာမကြာ တွေ့ကြုတတ်တာ သူတို့ ရဲ့ ကံပါပဲ။များသောအားဖြင့် သောကြာအများစုဟာ ရည်းစားဦး နဲ့လွဲ လွဲ သွားတတ်ကြပါတယ်။သူတို့နဲ့ ကြိုက်ရင်တော့ ရည်းစားဦးပါဆိုရင်တော့ သတိထားတော့ ။

စနေ သားသမီးအချစ်ကြီးတယ်။သံယောဇဉ်ကြီးတယ်။ချစ်သူဖေါက်ပြန်ရင်တောင်ခွင့်လွတ်နိုင်တတ်တယ်။အပြောကောင်းတယ်။သဘောကောင်းတယ်။သဝန်တိုတတ်တယ်။သူများထက်ပိုပြီးသဝန်တိုတတ်တယ်။ကိုယ်ကတော့မစဘူး။ကိုယ့်ကိုစလာရင်ပါပါသွားတတ်ပါတယ်။လက်သာရင်လိုက်တဲ့ကလေးလိုပဲ။ပိုဂရုစိုက်တဲ့သူနောက်ပါပါသွားတတ်ကြတာစနေသားသမီးပါပဲ။

စနေနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့။နောက်တစ်ခု က စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ် ။စနေသားသမီး နဲ့ တစ်နှစ်ကျော် ၂ နှစ်လောက်သမီးရည်းစားဖြစ်ပြီး ရင်ယူချင်စိတ်လျှော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီး နဲ့ ကြိုက်ရင် တစ်နှစ်အတွင်းယူဖို့သာလုပ် နို့မို့ဆို မယူဖြစ်ပဲ ဇတ်မြောဖြစ်သွား တတ်ပါ တယ်။ crd

Leave a Reply

Your email address will not be published.