ဓမၼတာခ်ိန္ ခ်စ္တင္းေႏွာရန္ သင့္၊ မသင့္

ဓမၼတာခ်ိန္ ခ်စ္တင္းေႏွာရန္ သင့္၊ မသင့္

ဓမၼတာလာခ်ိန္ မွာ လိင္ဆက္ဆံျခင္း မျပဳလုပ္သင့္ဘူး ဆိုတဲ့ သက္ေသအေထာက္အထား ယေန႔အခ်ိန္ထိ မရွိေသးပါဘူး။

တခ်ိဳ႕စုံတြဲေတြက ေၾကာက္တတ္ၾကသလို တခ်ိဳ႕ကေတာ့ ဓမၼတာလာခ်ိန္ ကာမဆက္ဆံျခင္းဟာ စိတ္ေက်နပ္မႈကို ပိုမိုေပးစြမ္းနိုင္တယ္လို႔ ထင္ၾကပါတယ္။

လစဥ္ဓမၼတာလာခ်ိန္မွာ ခ်စ္တင္းေႏွာတာဟာ ကေလးမရနိုင္ဘူးလို႔ေတာ့ ေယာင္လို႔ေတာင္ မထင္လိုက္ပါနဲ႔။ ကိုယ္ဝန္ရနိုင္ပါေသးတယ္။ လိင္ကတဆင့္ ကူးစက္နိုင္တဲ့ေရာဂါေတြ ကူးစက္နိုင္မႈႏႈန္းဟာလည္း တျခားအခ်ိန္ေတြနဲ႔ အတူတူပါပဲေနာ္။

ဓမၼတာလာခ်ိန္ မွာ ခ်စ္တင္းေႏွာျခင္းရဲ့ အက်ိဳးေက်းဇူးမ်ား ရာသီလာခ်ိန္ဟာ အမ်ိဳးသမီးရဲ့ ခႏၶာကိုယ္မွာ ဇီဝကမၼျဖစ္ပ်က္မႈေတြမ်ားတာေၾကာင့္ ဖိုမ ဆက္ဆံတဲ့အခါမွာ ေကာင္းတာေတြရွိပါတယ္။

ကိုက္ခဲမႈသက္သာျခင္း- ဓမၼတာလာတယ္ဆိုတာ သားဥအိမ္က ဥေႂကြၿပီး သားအိမ္နံရံေတြကြာက်တာပါသားအိမ္နံရံ ကြာက်ဖို႔ရန္အတြက္ သားအိမ္ႂကြက္သားဟာ ညႇစ္ရပါတယ္။

ဒါေၾကာင့္ နာက်င္ရတာပါ။ လိင္ဆက္ဆံ လိုက္လို႔ ဆႏၵၿပီးေျမာက္ျခင္း (Orgasm)ဟာ နာက်င္ကိုက္ခဲမႈေတြကို ေျဖေဖ်ာက္ေပးနိုင္တယ္လို႔ အမ်ိဳးသမီးအမ်ားစုက ေျဖထားၾကပါတယ္။

ဆႏၵၿပီးေျမာက္ခ်ိန္မွာ သားအိမ္ႂကြက္သားက ညႇစ္ၿပီးေျဖေလ်ာ့လိုက္တဲ့အတြက္ ႂကြက္သားတင္းမာမႈေတြ ေပ်ာက္သြားလို႔ပါ။ ဒါ့အျပင္ လိင္ဆက္ဆံတဲ့အခ်ိန္မွာ ခႏၶာကိုယ္က ထြက္လာတဲ့ ‘endorphins’ ဆိုတဲ့ ေဟာ္မုန္းဟာ နာက်င္မႈေတြကို ေျပေလ်ာ့သက္သာ ေစပါတယ္။

ဓမၼတာလာခ်ိန္တိုေတာင္းျခင္း- လိင္ဆက္ဆံမႈဆႏၵၿပီးေျမာက္ျခင္း (Orgasm) ျဖစ္ေပၚေနခ်ိန္မွာ သားအိမ္ႂကြက္သားဟာ အႀကိမ္ေရမ်ားစြာ ညႇစ္ရပါတယ္။ ဒီလို ညႇစ္ျခင္းေၾကာင့္ သားအိမ္ထဲက ပစၥည္းေတြ (သားအိမ္နံရံ၊ မမ်ိဳးဥအပိုင္းအစနဲ႔ အက်ိအခၽြဲေတြ) ကို အျမန္ဆုံးကုန္သြားေစရန္ အားေပးပါတယ္။ ဒါေၾကာင့္ ရာသီလာတဲ့ရက္ တိုသြားျခင္းပါ။

ေခါင္းကိုက္သက္သာျခင္း- ခ်စ္တင္းေႏွာခ်ိန္ လႈပ္ရွားမႈေတြဟာ ေခါင္းကိုက္ေဝဒနာကို သက္သာေပ်ာက္ကင္းေစနိုင္ပါ တယ္။ ‘endorphins’ ေဟာ္မုန္းထြက္လာတာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။

ေခ်ာဆီအေနနဲ႔ ေဆာင္ရြက္ေပးနိုင္ျခင္း- စုံတြဲေတြခ်စ္တင္းမေႏွာခင္မွာ အမ်ိဳးသမီးဘက္ကမနာက်င္ရေအာင္၊ အစစအရာရာ အဆင္ေၿပ ေခ်ာေမြ႕ေအာင္ ေရွ႕ေျပးေဆာင္ရြက္မႈ (Foreplay) လိုအပ္ပါတယ္။ ဒါဟာ မိန္းမကိုယ္မွာ သဘာဝ အတိုင္း အခၽြဲေတြထြက္လာဖို႔ပါ။

ဒီအခၽြဲရည္ေတြဟာ ဓမၼတာဆက္ဆံရာမွာ ပိုမိုလြယ္ကူေစပါတယ္။ ႂကြက္သားေတြျပဲထြက္မႈကိုလည္း ကာကြယ္ေပးနိုင္ပါတယ္။ ဓမၼတာလာခ်ိန္မွာေတာ့ ေသြးဆင္းေနတဲ့အတြက္ မိန္းမကိုယ္ဟာ ေျခာက္ေသြ႕မေနဘဲ ေခ်ာဆီအေနနဲ႔ ရွိေနနိုင္ပါတယ္။ သတိထားစဥ္းစားစရာမ်ား- ဓမၼတာလာခ်ိန္မွာလည္း ကိုယ္ဝန္ရနိုင္ပါတယ္။ ဥေႂကြၿပီးၿပီဆိုေပမယ့္ သုက္ပိုးဟာလည္း ေမြးလမ္းေၾကာင္းထဲမွာ (၅)ရက္ေလာက္ ေနနိုင္တာေၾကာင့္ပါ။

ကေလးမလိုခ်င္ေသးရင္ေတာ့ သေႏၶတားထားတာ အေကာင္းဆုံးပါပဲ။- ဓမၼတာလာခ်ိန္ေရာ သာမန္အခ်ိန္ေတြမွာပါ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းဟာ လိင္မွ တစ္ဆင့္ကူးစက္တဲ့ေရာဂါေတြ ျဖစ္ေပၚလာေစနိုင္တာမို႔ ကာကြယ္ခ်င္ရင္ေတာ့ ကြန္ဒုံးသုံးျခင္းဟာ အေကာင္းဆုံးနည္းလမ္းျဖစ္မွာပါ။

Tampons (ရာသီလာခ်ိန္ မိန္းမကိုယ္ထဲထည့္သြင္း အသုံးျပဳေသာ အေတာင့္) ကိုေတာ့ လိင္ဆက္ဆံမႈ မျပဳလုပ္ခင္ ဖယ္ရွားပါ။Tampons ကို ေမ့ေလ်ာ့ၿပီး မဖယ္ရွားပါက မိန္းမကိုယ္အတြင္းထဲထိ ပိုမိုဝင္ေရာက္သြား နိုင္ၿပီး ဘက္တီးရီးယားပိုးမႊား ဝင္ေရာက္နိုင္ပါတယ္။ မဖယ္မိလိုက္ဘဲ အတြင္းနက္နက္ထိ ဝင္ေရာက္သြားၿပီ ဆိုရင္ေတာ့ ဆရာဝန္ဆီ သြားေရာက္ဖယ္ရွားသင့္ပါတယ္။

ႀကိဳတင္ျပင္ဆင္ပါ။- ဓမၼတာလာခ်ိန္မွာ လိင္ဆက္ဆံမႈကို မေရွာင္လႊဲနိုင္ေလာက္ဖူးလို႔ ထင္ရင္ေတာ့ အစကတည္းက ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားပါ။ပမာဏနည္းတဲ့ေန႔ေတြမွာ စဥ္းစားပါ- (၃)ရက္ေျမာက္ေန႔ကေန (၅)ရက္ေျမာက္ေန႔အထိဟာ ပမာဏနည္းသြားတတ္ၿပီမို႔ ဒီလိုေန႔ ေတြမွာ လိင္ဆက္ဆံမႈ ျပဳနိုင္ပါတယ္။ေသြးဆင္းမႈကို နည္းေစပါတယ္။

‘Menstrual Cup’ ဓမၼတာလာခ်ိန္ မိန္းမကိုယ္ထဲထည့္ရတဲ့ ခြက္မ်ိဳးကိုအသုံးျပဳနိုင္ပါတယ္။Tampon ေတြ Sanitary pad ေတြထက္ ပိုေကာင္းပါတယ္။ ‘Menstrual cup’ ဟာ သားအိမ္ကေသြးေတြကို စုေဆာင္းထားတဲ့အတြက္ မိန္းမကိုယ္ဟာ သန႔္ရွင္းေနမွာပါ။ ျပန္လည္အသုံးျပဳနိုင္တဲ့ ‘Menstrual Cup’ေတြကို လိင္ဆက္ဆံၿပီးတာနဲ႔ ထုတ္ယူၿပီး ျပန္လည္သန႔္စင္အသုံးျပဳနိုင္ပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ အမ်ိဳးသမီးေတြဟာ ဒီနည္းလမ္းကို မႀကိဳက္ၾကပါဘူး။ မိန္းမကိုယ္လမ္းေၾကာင္းထဲ ျပည့္ႏွက္ေနတယ္လို႔ ခံစားရၿပီး ပိုနာလို႔ပါတဲ့။ Menstrual cup ဟာ ကိုယ္ဝန္ကို မတားဆီးေပးနိုင္တာကိုလည္း သတိ ခ်ပ္ေစခ်င္ပါတယ္။တဘက္ တစ္ရႉးတို႔ကိုေတာ့ အရန္သင့္အနားမွာေဆာင္ထားပါ။- လိင္ဆက္ဆံမႈမျပဳလုပ္ခင္မွာ အိပ္ရာခင္းေတြ၊ ေခါင္းအုံးေတြ စြန္းထင္းေပက်ံမႈမရွိေစရန္ Towels ခင္းထားနိုင္ပါတယ္။ Tissue ကေတာ့ လိင္ဆက္ဆံမႈအၿပီးမွာ သန႔္စင္ဖို႔ပါ။ ေရနဲ႔ သန္႔စင္ရင္ေတာ့ ပိုေကာင္းပါတယ္။

အေနအထားဟာ သင့္ေတာ္ပါေစ။- ဓမၼတာလာခ်ိန္မွာ အမ်ိဳးသမီးကိုလဲေလ်ာင္းတဲ့ အေနအထားနဲ႔ ဆက္ဆံေစတာ အေကာင္းဆုံးပါ။ ေသြးဆင္းမႈကို နည္းပါးေစလို႔ပါ။ သားအိမ္ေခါင္းဟာ ပို၍ေအာက္ေရာက္ၿပီး ထိလြယ္ရွလြယ္တာကိုလည္း သတိထားပါ။ နာက်င္မႈရွိလာရင္ေတာ့ ပါတနာကို ေျပာပါ။ ညင္ညင္သာသာဆက္ဆံပါေစ။

ေရခ်ိဳးရင္း ဆက္ဆံမႈျပဳလုပ္နိုင္ပါတယ္။ (Shower Sex)- ေရပန္းေအာက္က ခ်စ္တင္းေႏွာျခင္းဟာ ေသြးဆင္းတာကို အလိုလိုသန႔္စင္ေစနိုင္ၿပီး ေပက်ံမႈေတြကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။ေရွ႕ေျပးလႈံ႔ေဆာ္မႈေတြကို ျပန္စဥ္းစားပါ။

သာမန္အခ်ိန္ေတြအတြက္ Foreplay ဟာ ေကာင္းေပမယ့္ ဓမၼတာလာေနခ်ိန္မွာေတာ့ ညစ္ပတ္ေပေရ ေစနိုင္တာမို႔ တျခားနည္းလမ္းေတြကို စဥ္းစားၾကည့္ေပးပါ။ Oral Sex ပါးစပ္နဲ႔ လိင္ဆက္ဆံျခင္းကို အမ်ိဳးသမီးဘက္မွသာ ျပဳလုပ္ေပးသင့္ပါတယ္။ Menstrual cup ထည့္ထားရင္ေတာ့ အမ်ိဳးသားဘက္မွလည္း ျပဳလုပ္နိုင္ပါ တယ္။

အျခားနိုင္ငံေတြမွာေတာ့ ‘Dental Dans’ လို႔ေခၚတဲ့ သြားဆရာဝန္ေတြ သြားႏႈတ္ရာ၊ သြားခံတြင္းဆိုင္ရာျပဳလုပ္ခ်က္ေတြမွာ အသုံးျပဳၾကတဲ့ ရာဘာစကို သုံးစြဲနိုင္ပါတယ္။ Dental Dams ကို လိင္ဆက္ဆံ မႈမွာ ပါးစပ္နဲ႔ မိန္းမကိုယ္(သို႔) စအိုအၾကား တစ္ဆင့္ခံအသုံးျပဳနိုင္ပါတယ္။ ေပက်ံမႈေတြကို ကာကြယ္ေပး နိုင္တဲ့အျပင္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါပိုးေတြကိုလည္း အေတာ္အသင့္ ကာကြယ္ေပးနိုင္ပါေသး တယ္။

ဓမၼတာလာခ်ိန္ ဆက္ဆံမႈျပဳလုပ္ရမွာကို ႀကိဳက္တဲ့သူရွိသလို မႀကိဳက္သူလည္း ရွိမွာပါပဲ။ ဒါေၾကာင့္ ပါတနာ နဲ႔ ပြင့္ပြင့္လင္းလင္း တိုင္ပင္ထားပါ။ ဘာသာတရားေတြ၊ နိုင္ငံနဲ႔လူမ်ိဳးေရး အေလ့အထအခ်ိဳ႕မွာလည္း ဒါကို လက္မခံထားတာေတြ ရွိတတ္ပါတယ္။ ဒါေပမယ့္ ႏွစ္ဦးႏွစ္ဖက္ရဲ့ ခံစားမႈေတြ ယုံၾကည္မႈေတြကို အေလးထားျခင္းသာ အေကာင္းဆုံးပါ။

မိမိရဲ့ပါတနာနဲ႔အတူ စိုးရိမ္မႈေတြ၊ ဘယ္လိုခံယူထားသလဲဆိုတာေတြနဲ႔ သေဘာထားေတြကို အရင္ဆုံးေမးျမန္းသင့္ပါတယ္။ အေကာင္းနဲ႔ အဆိုးဟာ ဒြန္တြဲေနတဲ့အေလ်ာက္ မိမိတို႔ခ်စ္သူစုံတြဲ အခ်င္းခ်င္းညႇိႏွိုင္းတိုင္ပင္ၿပီး အေကာင္းဆုံးျဖတ္သန္း လိုက္ပါ။ Crd ေရးသားသူ-ေဒါက္တာမႉးခင္

 

ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

ဓမ္မတာလာချိန် မှာ လိင်ဆက်ဆံခြင်း မပြုလုပ်သင့်ဘူး ဆိုတဲ့ သက်သေအထောက်အထား ယနေ့အချိန်ထိ မရှိသေးပါဘူး။ တချို့စုံတွဲတွေက ကြောက်တတ်ကြသလို တချို့ကတော့ ဓမ္မတာလာချိန် ကာမဆက်ဆံခြင်းဟာ စိတ်ကျေနပ်မှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ထင်ကြပါတယ်။

လစဉ်ဓမ္မတာလာချိန်မှာ ချစ်တင်းနှောတာဟာ ကလေးမရနိုင်ဘူးလို့တော့ ယောင်လို့တောင် မထင်လိုက်ပါနဲ့။ ကိုယ်ဝန်ရနိုင်ပါသေးတယ်။ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်နိုင်မှုနှုန်းဟာလည်း တခြားအချိန်တွေနဲ့ အတူတူပါပဲနော်။

ဓမ္မတာလာချိန် မှာ ချစ်တင်းနှောခြင်းရဲ့ အကျိုးကျေးဇူးများ – ရာသီလာချိန်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်ပျက်မှုတွေများတာကြောင့် ဖိုမ ဆက်ဆံတဲ့အခါမှာ ကောင်းတာတွေရှိပါတယ်။ကိုက်ခဲမှုသက်သာခြင်း- ဓမ္မတာလာတယ်ဆိုတာ သားဥအိမ်က ဥကြွေပြီး သားအိမ်နံရံတွေကွာကျတာပါ။

သားအိမ်နံရံ ကွာကျဖို့ရန်အတွက် သားအိမ်ကြွက်သားဟာ ညှစ်ရပါတယ်။ ဒါကြောင့် နာကျင်ရတာပါ။ လိင်ဆက်ဆံ လိုက်လို့ ဆန္ဒပြီးမြောက်ခြင်း (Orgasm)ဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြေဖျောက်ပေးနိုင်တယ်လို့ အမျိုးသမီးအများစုက ဖြေထားကြပါတယ်။

ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကြွက်သားက ညှစ်ပြီးဖြေလျော့လိုက်တဲ့အတွက် ကြွက်သားတင်းမာမှုတွေ ပျောက်သွားလို့ပါ။ ဒါ့အပြင် လိင်ဆက်ဆံတဲ့အချိန်မှာ ခန္ဓာကိုယ်က ထွက်လာတဲ့ ‘endorphins’ ဆိုတဲ့ ဟော်မုန်းဟာ နာကျင်မှုတွေကို ပြေလျော့သက်သာ စေပါတယ်။

ဓမ္မတာလာချိန်တိုတောင်းခြင်း- လိင်ဆက်ဆံမှုဆန္ဒပြီးမြောက်ခြင်း (Orgasm) ဖြစ်ပေါ်နေချိန်မှာ သားအိမ်ကြွက်သားဟာ အကြိမ်ရေများစွာ ညှစ်ရပါတယ်။ ဒီလို ညှစ်ခြင်းကြောင့် သားအိမ်ထဲက ပစ္စည်းတွေ (သားအိမ်နံရံ၊ မမျိုးဥအပိုင်းအစနဲ့ အကျိအချွဲတွေ) ကို အမြန်ဆုံးကုန်သွားစေရန် အားပေးပါတယ်။ ဒါကြောင့် ရာသီလာတဲ့ရက် တိုသွားခြင်းပါ။

ခေါင်းကိုက်သက်သာခြင်း- ချစ်တင်းနှောချိန် လှုပ်ရှားမှုတွေဟာ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါ တယ်။ ‘endorphins’ ဟော်မုန်းထွက်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ချောဆီအနေနဲ့ ဆောင်ရွက်ပေးနိုင်ခြင်း- စုံတွဲတွေချစ်တင်းမနှောခင်မှာ အမျိုးသမီးဘက်ကမနာကျင်ရအောင်၊ အစစအရာရာ အဆင်ပြေ ချောမွေ့အောင် ရှေ့ပြေးဆောင်ရွက်မှု (Foreplay) လိုအပ်ပါတယ်။ ဒါဟာ မိန်းမကိုယ်မှာ သဘာဝ အတိုင်း အချွဲတွေထွက်လာဖို့ပါ။

ဒီအချွဲရည်တွေဟာ ဓမ္မတာဆက်ဆံရာမှာ ပိုမိုလွယ်ကူစေပါတယ်။ ကြွက်သားတွေပြဲထွက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဓမ္မတာလာချိန်မှာတော့ သွေးဆင်းနေတဲ့အတွက် မိန်းမကိုယ်ဟာ ခြောက်သွေ့မနေဘဲ ချောဆီအနေနဲ့ ရှိနေနိုင်ပါတယ်။ သတိထားစဉ်းစားစရာများ- ဓမ္မတာလာချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဥကြွေပြီးပြီဆိုပေမယ့် သုက်ပိုးဟာလည်း မွေးလမ်းကြောင်းထဲမှာ (၅)ရက်လောက် နေနိုင်တာကြောင့်ပါ။

ကလေးမလိုချင်သေးရင်တော့ သန္ဓေတားထားတာ အကောင်းဆုံးပါပဲ။- ဓမ္မတာလာချိန်ရော သာမန်အချိန်တွေမှာပါ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ လိင်မှ တစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်တာမို့ ကာကွယ်ချင်ရင်တော့ ကွန်ဒုံးသုံးခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။

Tampons (ရာသီလာချိန် မိန်းမကိုယ်ထဲထည့်သွင်း အသုံးပြုသော အတောင့်) ကိုတော့ လိင်ဆက်ဆံမှု မပြုလုပ်ခင် ဖယ်ရှားပါ။Tampons ကို မေ့လျော့ပြီး မဖယ်ရှားပါက မိန်းမကိုယ်အတွင်းထဲထိ ပိုမိုဝင်ရောက်သွား နိုင်ပြီး ဘက်တီးရီးယားပိုးမွှား ဝင်ရောက်နိုင်ပါတယ်။ မဖယ်မိလိုက်ဘဲ အတွင်းနက်နက်ထိ ဝင်ရောက်သွားပြီ ဆိုရင်တော့ ဆရာဝန်ဆီ သွားရောက်ဖယ်ရှားသင့်ပါတယ်။

ကြိုတင်ပြင်ဆင်ပါ။- ဓမ္မတာလာချိန်မှာ လိင်ဆက်ဆံမှုကို မရှောင်လွှဲနိုင်လောက်ဖူးလို့ ထင်ရင်တော့ အစကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါ။ပမာဏနည်းတဲ့နေ့တွေမှာ စဉ်းစားပါ- (၃)ရက်မြောက်နေ့ကနေ (၅)ရက်မြောက်နေ့အထိဟာ ပမာဏနည်းသွားတတ်ပြီမို့ ဒီလိုနေ့ တွေမှာ လိင်ဆက်ဆံမှု ပြုနိုင်ပါတယ်။သွေးဆင်းမှုကို နည်းစေပါတယ်။

‘Menstrual Cup’ ဓမ္မတာလာချိန် မိန်းမကိုယ်ထဲထည့်ရတဲ့ ခွက်မျိုးကိုအသုံးပြုနိုင်ပါတယ်။Tampon တွေ Sanitary pad တွေထက် ပိုကောင်းပါတယ်။ ‘Menstrual cup’ ဟာ သားအိမ်ကသွေးတွေကို စုဆောင်းထားတဲ့အတွက် မိန်းမကိုယ်ဟာ သန့်ရှင်းနေမှာပါ။ ပြန်လည်အသုံးပြုနိုင်တဲ့ ‘Menstrual Cup’တွေကို လိင်ဆက်ဆံပြီးတာနဲ့ ထုတ်ယူပြီး ပြန်လည်သန့်စင်အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် အချို့ အမျိုးသမီးတွေဟာ ဒီနည်းလမ်းကို မကြိုက်ကြပါဘူး။ မိန်းမကိုယ်လမ်းကြောင်းထဲ ပြည့်နှက်နေတယ်လို့ ခံစားရပြီး ပိုနာလို့ပါတဲ့။ Menstrual cup ဟာ ကိုယ်ဝန်ကို မတားဆီးပေးနိုင်တာကိုလည်း သတိ ချပ်စေချင်ပါတယ်။တဘက် တစ်ရှူးတို့ကိုတော့ အရန်သင့်အနားမှာဆောင်ထားပါ။- လိင်ဆက်ဆံမှုမပြုလုပ်ခင်မှာ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေ စွန်းထင်းပေကျံမှုမရှိစေရန် Towels ခင်းထားနိုင်ပါတယ်။ Tissue ကတော့ လိင်ဆက်ဆံမှုအပြီးမှာ သန့်စင်ဖို့ပါ။ ရေနဲ့ သန့်စင်ရင်တော့ ပိုကောင်းပါတယ်။

အနေအထားဟာ သင့်တော်ပါစေ။- ဓမ္မတာလာချိန်မှာ အမျိုးသမီးကိုလဲလျောင်းတဲ့ အနေအထားနဲ့ ဆက်ဆံစေတာ အကောင်းဆုံးပါ။ သွေးဆင်းမှုကို နည်းပါးစေလို့ပါ။ သားအိမ်ခေါင်းဟာ ပို၍အောက်ရောက်ပြီး ထိလွယ်ရှလွယ်တာကိုလည်း သတိထားပါ။ နာကျင်မှုရှိလာရင်တော့ ပါတနာကို ပြောပါ။ ညင်ညင်သာသာဆက်ဆံပါစေ။

ရေချိုးရင်း ဆက်ဆံမှုပြုလုပ်နိုင်ပါတယ်။ (Shower Sex)- ရေပန်းအောက်က ချစ်တင်းနှောခြင်းဟာ သွေးဆင်းတာကို အလိုလိုသန့်စင်စေနိုင်ပြီး ပေကျံမှုတွေကို လျော့ချပေးနိုင်ပါတယ်။ရှေ့ပြေးလှုံ့ဆော်မှုတွေကို ပြန်စဉ်းစားပါ။

သာမန်အချိန်တွေအတွက် Foreplay ဟာ ကောင်းပေမယ့် ဓမ္မတာလာနေချိန်မှာတော့ ညစ်ပတ်ပေရေ စေနိုင်တာမို့ တခြားနည်းလမ်းတွေကို စဉ်းစားကြည့်ပေးပါ။ Oral Sex ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကို အမျိုးသမီးဘက်မှသာ ပြုလုပ်ပေးသင့်ပါတယ်။ Menstrual cup ထည့်ထားရင်တော့ အမျိုးသားဘက်မှလည်း ပြုလုပ်နိုင်ပါ တယ်။

အခြားနိုင်ငံတွေမှာတော့ ‘Dental Dans’ လို့ခေါ်တဲ့ သွားဆရာဝန်တွေ သွားနှုတ်ရာ၊ သွားခံတွင်းဆိုင်ရာပြုလုပ်ချက်တွေမှာ အသုံးပြုကြတဲ့ ရာဘာစကို သုံးစွဲနိုင်ပါတယ်။ Dental Dams ကို လိင်ဆက်ဆံ မှုမှာ ပါးစပ်နဲ့ မိန်းမကိုယ်(သို့) စအိုအကြား တစ်ဆင့်ခံအသုံးပြုနိုင်ပါတယ်။ ပေကျံမှုတွေကို ကာကွယ်ပေး နိုင်တဲ့အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေကိုလည်း အတော်အသင့် ကာကွယ်ပေးနိုင်ပါသေး တယ်။

ဓမ္မတာလာချိန် ဆက်ဆံမှုပြုလုပ်ရမှာကို ကြိုက်တဲ့သူရှိသလို မကြိုက်သူလည်း ရှိမှာပါပဲ။ ဒါကြောင့် ပါတနာ နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားပါ။ ဘာသာတရားတွေ၊ နိုင်ငံနဲ့လူမျိုးရေး အလေ့အထအချို့မှာလည်း ဒါကို လက်မခံထားတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်ရဲ့ ခံစားမှုတွေ ယုံကြည်မှုတွေကို အလေးထားခြင်းသာ အကောင်းဆုံးပါ။

မိမိရဲ့ပါတနာနဲ့အတူ စိုးရိမ်မှုတွေ၊ ဘယ်လိုခံယူထားသလဲဆိုတာတွေနဲ့ သဘောထားတွေကို အရင်ဆုံးမေးမြန်းသင့်ပါတယ်။ အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲနေတဲ့အလျောက် မိမိတို့ချစ်သူစုံတွဲ အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံးဖြတ်သန်း လိုက်ပါ။ Crd ရေးသားသူ-ဒေါက်တာမှူးခင်

Leave a Reply

Your email address will not be published.