သူမရဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ ပရိတ်သတ်တွေကို တောင်းပန်စကားဆိုလာတဲ့ ရွှေရူပါဦး

သူမရဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ ပရိတ်သတ်တွေကို တောင်းပန်စကားဆိုလာတဲ့ ရွှေရူပါဦး

သူမရဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ ပရိတ်သတ်တွေကို တောင်းပန်စကားဆိုလာတဲ့ ရွှေရူပါဦး

ပရိသတ်ကြီးရေ ခြေထောက်အလှပိုင်ရှင် ရွေရူပါဉီးကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါနော်။ သူမအား တချို့ကတော့ စစ်တပ်အားပေးတပ်ကုန်းမလေးလို့လည်း ခေါ်ကြပါတယ်နော်။ သူမဟာစစ်တပ်အသိုင်းအဝိုင်းမှာ ကျင်လည်ကျက်စားနေသူ တစ်ဉီးဖြစ်ပြီး အရာရှိများ ဝစ်သည်များနှင့်လည်း အမှတ်တရဓာတ်ပုံများ တွဲရိုက်ကာ လိုင်းပေါ်တင်ကြွားလေ့ ရှိသူတစ်ဉီးလည်း ဖြစ်ပါတယ်နော်။

သို့သော်ယခု နောက်ပိုင်းမှာတော့ သူမနဲ့ဓာတ်ပုံ တွဲရိုက်ဖူးသော စစ်သားတိုင်လိုလို ရာထူးကြီး/ငယ်မရွေး အသက်မရှည်ဘဲ မပြန်လမ်းသို့ အမြန်ကြွလှမ်းသွားလေ့ရှိကြောင်းအချက်အလက်များနှင့်တကွ သတင်းအတိအကျ ပေါ်ထွက်လာပြီးနောက် စစ်တိုင်းဌာန တော်တော်များများဟာ သူမ လာရောက် လှူဒါန်းလည်ပတ်ပြီး ဓာတ်ပုံအတူတွဲရိုက်ရမှာကို စိုးရွံ့ကာရွှေရူပါဉီးအား မည်သည့်အကြောင်းနဲ့ဖြစ်စေ တပ်တွင်း ဝင်ရောက်ခြင်း ခွင့်မပြုရ ဟူသော အမိန့်စာများထုတ်ပြန် ထားတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ထိုသတင်းများ ထွက်ပေါ်ပြီးနောက် ယနေ့မှာတော့ ခြေထောက်အလှမယ်ရွှေရူပါဉီးအား မည်သည့်စစ်သည်နှင့် အမှတ်တရတွဲရိုက်ထားသော ပုံဖြစ်စေ ဗီဒီယိုဖြစ်စေ လိုင်းပေါ် လုံးဝတင်ခွင့်မပြုကြောင်း ကန့်သတ်ထားကြောင်းနှင့်ခွင့်ပြုချက်မရှိဘဲ အရာရှိစစ်သည်များနှင့် အမှတ်တရရိုက်ထားသော ပုံများအား ဖေ့ဘုတ်စာမျက်နှာနှင့် အခြားလူမှုကွန်ယက် အွန်လိုင်းထက်သို့ ဆက်လက်တင်နေမည်ဆိုပါကတည်ဆဲဥပေဒများအရ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ပါအတိုင်း ထုတ်ပြန် ကြေငြာလာတယ်လို့ သိရပါတယ်။

အရာရှိစစ်သည်များနှင့် အမှတ်တရအဖြစ် ယှဉ်တွဲ ရိုက်ကူးထားခဲ့သော ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား ခွင့်တောင်း အကြောင်းကြားခြင်း မရှိဘဲလူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားခြင်း ဆက်လက်ဖြန့်ဝေခြင်းများ မပြုလုပ်ရန် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်ဟု လူသိများထင်ရှားသူ မော်ဒယ်ရွှေရူပါဉီးအားတပ်မတော်မှ မေတ္တာရပ်ခံခဲ့သော်လည်း ၎င်းအနုပညာရှင်မှာ လိုက်နာမှုမရှိခဲ့သည့်အတွက် ယင်းကဲ့သို့ ထပ်မံပြုလုပ်သွားမည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားမှ သတိပေးစကားပြောကြားလာခဲ့တယ်လို့ ဆိုပါတယ်။

ပရိသတ်ကြီးရေ.. သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့ စစ်သည်မှန်သမျှ မကြာချက်ချင်း ဘဝတစ်ပါး ပြောင်းသွားစေတဲ့ ရွှေရူပါဉီးရဲ့စွမ်းပကားကကြာလေမြင့်လေ ဖြစ်လာသဖြင့်တပ်တွင်းက ပုံတွဲရိုက်ဖူးသူမှန်သမျှ သာမက မရိုက်ရသေးသူများကပါ တစ်နေ့ ဒင်း ငါတို့ဆီ ရောက်လာခဲ့မယ်ဆိုရင်ဖြင့်ဟု တွေးကာ ရင်မောစိတ်ပူနေကြရတယ်လို့ အတွင်းသတင်းများအရ သိရပါတယ်။

ဒါ့ကြောင့်သာပင် ရွှေရူပါဉီး တပ်တွင်း မဝင်ရတို့၊ အရင်က ရိုက်ဖူးတဲ့ အမှတ်တရပုံရိပ်တွေကိုလည်း လိုင်းပေါ်မတင်ရ၊ တင်မည်ဆိုပါကပြင်းထန်စွာ အရေးယူသွားမည်တို့ ထုတ်ပြန်ပြောဆိုလာတာလည်း ဖြစ်ပါတယ်နော်။ပရိသတ်ကြီးဆီမှာကော ရွှေရူပါဉီးနဲ့စစ်သားတွေ တွဲရိုက်ထားတဲ့ပုံ ဘယ်နှစ်ပုံလောက် ရှိနေလဲ အပန်းမကြီးရင် ပြခဲ့မန့်ခဲ့ပေးကြပါအုံးနော်။crd

Leave a Reply

Your email address will not be published.