အဆိုတော်ချမ်းချမ်းနှင့်  အစီအစဉ် တင်ဆက်သူ မောင်မောင်အေးတို့ နေအိမ်များ ချိပ်ပိတ်ခံရ

အဆိုတော်ချမ်းချမ်းနှင့်  အစီအစဉ် တင်ဆက်သူ မောင်မောင်အေးတို့ နေအိမ်များ ချိပ်ပိတ်ခံရ

အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အဆိုတော် လင်းလင်းနှင့် ချစ်သုဝေ အပါ အဝင် ပန်ဆယ်လို တို့၏ နေအိမ်များကို ချိပ်ပိတ်ခဲ့ပြီးနောက် ယမန်နေ့ (ဖေဖော် ဝါရီ ၁၉ ရက်) တွင် အဆို တော် ချမ်းချမ်းနှင့် အစီအစဉ် တင်ဆက်သူ မောင်မောင်အေးတို့၏ နေအိမ်များကိုပါ ထပ်မံ ချိပ်ပိတ်ခဲ့သည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ချမ်းချမ်း၏ နေအိမ်နှင့် တာမွေမြို့နယ်ရှိ အစီအစဉ် တင်ဆက်သူ မောင်မောင်အေး၏ တိုက်ခန်းကို ထိုနေ့ တရက်တည်းတွင် ချိပ်ပိတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အာဏာ မသိမ်းခင်ကတည်းက အီတလီနိုင်ငံတွင် မီးဖွားရန် ရောက်ရှိနှင့်ပြီးသော အဆိုတော် ချမ်းချမ်းအား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွင် ပါ ဝင်ခြင်း၊ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး) ကို လှုံ့ဆော်ခြင်းတို့ကြောင့် ဟုဆိုကာ စစ်ကောင်စီက ပုဒ်မ ၅၀၅က ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။

အဆိုတော် ချမ်းချမ်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအတွက် ပြည်ပကနေ ရန်ပုံငွေ ရှာဖွေ ကူညီပေးခြင်းများ လုပ်ဆောင်သည်ဟုဆိုကာ ၎င်းအား စစ်ကောင်စီမှ အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေအရ ချမ်းချမ်း၏ နေအိမ်ကို ချိပ်ပိတ် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ 

အစီအစဉ် တင်ဆက်သူ မောင်မောင်အေးအား စစ်ကောင်စီမှ အာဏာသိမ်းစကတည်းက ပုဒ်မ ၅၀၅က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ မောင်မောင်အေးသည် NLD ပါတီအား ထောက်ခံသူဖြစ်ကာ Clean Yangon We Love Yangon စသည့် ပရဟိတ အဖွဲ့များတွင်လည်း လှုပ်ရှား ဆောင်ရွက်ခဲ့သူတဦး ဖြစ်သည်။

ယင်းသို့ ချိပ်မပိတ်မီ ရက်ပိုင်းအတွင်းက ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ်အကောင့်တွင် အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်နေသော အနု ပညာရှင်များ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသော လူသိများသူများ၏ နေရပ်လိပ်စာများကို ဖော်ပြပြီး ချိပ်ပိတ်ရန် လှုံ့ဆော် ရေးသားခြင်းများ ရှိခဲ့သည်။

အဆိုပါ တယ်လီဂရမ်အကောင့်မှ အခြားသော အနုပညာရှင်များ ဖြစ်ကြသည့် အဆိုတော် R ဇာနည်၊ ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသု၊ သရုပ်ဆောင် ဒေါင်း၊ မင်းမော် ကွန်း၊ ထားထက်ထက်၊ ကျားပေါက်၊ မြနှင်းရည်လွင်၊ ဟားငါးကောင်အဖွဲ့၊ ဒါရိုက်တာ သည်ခေတ်နေ၊ မြတ်နိုးအေး၊ မိတ်ကပ် မေဦး အစရှိသူတို့၏ နေအိမ်များကိုပါ ချိပ်ပိတ်ရန် လှုံ့ဆော်ထားသည်။ crd

Leave a Reply

Your email address will not be published.