Categories
ဗဟုသုတ

အိုမီခရွန်-ကိုဗစ်ပိုးကူးစက်ခံရသူများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

အိုမီခရွန်ကိုဗစ်ပိုးကူးစက်ခံရသူများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

အိုမီခရွန်ကိုဗစ်ပိုးကူးစက်ခံရသူများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

အိုမီခရွန်ကိုဗစ်ပိုး ထပ်မံပျံ့နှံ့လာတာတွေ စိပ်လာတဲ့အလျောက် ကိုဗစ်ကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။ အိုမီခရွန်ရဲ့ အဓိကလက္ခဏာတွေက နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ နုန်းခြင်း၊ နှာချေခြင်းနဲ့ လည်ချောင်းနာခြင်းတွေပဲဖြစ်ပါတယ်။ ဒီလက္ခဏာတွေက နေကောင်းကျန်းမာနေတဲ့သူတွေ၊ ကာကွယ်ဆေးထိုးပြီး လူတွေမှာ မပြင်းထန်ပေမယ့် သက်ကြီးသူတွေနဲ့ ကိုယ်ခံအားကျနေသူတွေမှာ သတိထားဖို့ လိုအပ်နေပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖျားနာမှုမျိုးဖြစ်တာကြောင့် ကိုယ်ခံအားကသာလျှင် အဓိကအရေးကြီးပါတယ်။ ဒီလိုကာလမှာ အစားအသောက်အနေအထိုင်မှန်ဖို့၊ မလိုအပ်တဲ့ဆေးတွေ၊ ဗီတာမင်တွေ မသောက်မိဖို့ သတိထားရပါမယ် တခါတရံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရချိန်မှာ သိပ်မဆိုးပဲ ကူးစက်အပြီး နောက်ဆက်တွဲလက္ခဏာတွေက ပိုဆိုးတတ်ပါတယ်။

ဒီလိုပိုဆိုးရတဲ့အကြောင်းရင်းတွေထဲက တစ်ခုကတော့ အာဟာရမပြည့်ဝမှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ ဘယ်လိုစားသောက်ဖို့လိုတယ် (သို့) လူနာတွေကို အကြမ်းဖျဉ်း အာဟာရဘယ်လိုပေးမလဲဆိုတာလေး မျှဝေချင်ပါတယ်။ 😇

တစ်နေ့တာအာဟာရ လိုအပ်ချက်ရေ ၂၃ လီတာကယ္လိုရီ ၂၀၀၀၂၅၀၀အသားဓာတ် ၇၅၁၀၀ ဂရမ်

() ရေ ၃ လီတာသောက်ဖြစ်စေဖို့ ဘာလုပ်ကြမလဲလူနာအနားမှာ ရေသန့်ဘူးတစ်ဘူး အဆင်သင့်ပြင်ပေးထားပါ။ ၁၅၂၀ မိနစ်ခြားတစ်ခါ ရေ ၁၀၀ စီစီ သောက်စေပါ။သောက်ရလွယ်တဲ့ အရည်ကြည်လေးတွေ ပြင်ဆင်ထားပေးပါ (အာဟာရည်များ၊ ဓာတ်ဆားရည်နဲ့ sport drink တွေသောက်ခိုင်းနိုင်ပါတယ်) – ဆီးချိုနဲ့ ကျောက်ကပ်လူနာတွေမှာတော့ သတ်မှတ်ထားတဲ့ အရည်ပမာဏနဲ့ သင့်တော်တဲ့ အာဟာရရည် အမျိုးအစားကိုသာ တိုက်ရပါမယ်။ အုန်ရည်ကတော့ ပိုတက်ဆီယမ်ဓာတ်အထူးများပြားတဲ့အတွက် ကျောက်ကပ်ရောဂါရှိသူ ကိုဗစ်လူနာတွေမှာ မသောက်သင့်ဘူးလို့ အကြံပြုချင်ပါတယ်)

() ကယ်လိုရီပြည့်မှီအောင် ဘယ်လိုစားသင့်လဲပမာဏနည်းနည်းနဲ့ ခဏခဏစားပေးပါ။ တကယ်လို့ စားချင်စိတ် ပျောက်နေရင်တောင် နာလန်ထူစေဖို့ ကြိုးစားစားပေးပါ။ထမင်းတစ်ချိန်နဲ့ တစ်ချိန်အကြားမှာ ကယ်လိုရီနဲ့ အသားဓာတ်များများပါတဲ့ အာဟာရည်တွေသောက်ပေးပါ။ ကြက်ဥအကာလိုမျိုး စားရလွယ်ပြီး အသားဓာတ်များတဲ့အရာမျိုးကို စားပေးသင့်ပါတယ်။ဘာပဲစားစား အာဟာရများများပါတာကို ရွေးချယ်ပါ။ ခေါက်ဆွဲပြုတ်နဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။တစ်နေ့ကို ၆ ကြိမ်ထက်မနည်း အစားစားပေးပါ။

() Enteral Feeding Support လိုတဲ့ လူနာတွေကို ဘယ်လိုကျွေးမလဲ …… – ကယ်လိုရီလိုအပ်ချက်ကို ကိုယ်အလေးချိန် နဲ့ ရောဂါအခြေအနေအလိုက် တွက်ချက်ပြီး စနစ်တကျထည့်ပေးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းကို သက်သာလျော့နည်းစေပါတယ်အာဟာရည်အမျိုးအစားနဲ့ ပမာဏရွေးချယ်ရာမှာ အာဟာရဆိုင်ရာကျွမ်းကျင်ဆရာဝန်များ (သို့) အာဟာရအကြောင်းနားလည်သော ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခြင်းက လူနာရဲ့ outcome (ရလဒ်) ကို ပိုကောင်းစေပါတယ်။

() ဗီတာမင်စီ ရစေဖို့ >> ချဉ်တဲ့အသီးတွေနဲ့ မာလကာသီးတွေကို စားသုံးပေးပါ ဇင့်ဓာတ်ရစေဖို့ >> ကုလားပဲ၊ သီဟိုဌ်စေ့နဲ့ မုန်ညင်းရွက်တွေ များများစားပေးပါ

အိုမီဂါ၃ ရစေဖို့ (ရောင်ရမ်းခြင်းကိုသက်သာစေ) အစေ့အဆန် လက်တဆုပ်စာ၊ ငါးနဲ့ ချီယာစေ့တွေ စားပေးပါ အရေးကြီးဆုံး က အသားဓာတ်ဖြစ်လို့ တစ်နေ့လုံးက်ု အသား ၁၀ ကျပ်သားခန့်နဲ့ ကြက်ဥ အကာ ၂၃ လုံးခန့်စားပေးသင့်ပါတယ် (မစားနိုင်ရင် အသားဓာတ်အာဟာရဖြည့်အရည်တွေသောက်ပေးနိုင်ပါတယ်)

မစားမသောက်ပဲနေရင်ရောပြန်ကောင်းမှာလားကိုယ်ခံအားကောင်းတဲ့ လူငယ်တွေမှာ အာဟာရမှန်မှန်ကန်ကန် မရလည်းပဲ ရောဂါပိုးကို တိုက်ထုတ်နိုင်ပါတယ်ဒါပေမယ့် ရောဂါဖြစ်စဉ် အာဟာရမပြည့်မှီတဲ့အပြင် နာလန်ထအချိန်မှာ စနစ်တကျ မစားသောက်ရင် ကြွက်သားအားနည်းခြင်း/ အမောမခံနိုင်ခြင်းနှင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဗီတာမင်တွေသောက်ချင်တယ်ဆိုရင်ဗီတာမင်စီ >တစ်နေ့ကို ၃၀၀၅၀၀ မီလီဂရမ်ဆို လုံလောက်ပါတယ် (၂၀၀၀၃၀၀၀ သောက်စရာမလိုပါ) – ဗီတာမင် ဒီ >> တစ်နေ့လျှင် ၁၀၀၀ IU – ဇင့် >> ၅၀၇၅ မီလီဂရမ် – Melatonin, Magnesium နဲ့ အခြားဟာတွေကတော့ ဆရာဝန်မညွန်ကြားပဲ မသောက်သင့်ပါဘူး။

အိုမီခရွန်ပိုးကို အတူတကွလက်တွဲညီညီ တိုက်ထုတ်ကြပါစို့” “FOOD IS MEDICINE WHEN YOU ARE ILL” “နေမကောင်းနေချိန်မှာ အစာဟာ ဆေးပါ” Dr ဆုမြတ်သဇင်

Leave a Reply

Your email address will not be published.