Categories
ဗဟုသုတ

ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေကို VASELINE နဲ့ ဖယ်ရှားကြမယ်

ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေကို VASELINE နဲ့ ဖယ်ရှားကြမယ်

ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေကို VASELINE နဲ့ ဖယ်ရှားကြမယ်

လက်တွေ ခြေထောက် မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေက အမျိုးသမီးတွေအတွက် စိတ် အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ အထူးသဖြင့် နှုတ်ခမ်းပေါ်က အမွှေးရေးရေးလေးတွေပေါ့။

တစ်ခါတလေ ဒီအမွှေးအမျှင်တွေက ပျိုမေတို့ရဲ့ အသွင်ပုံစံကို သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် မလိုအပ်တဲ့အမွှေးအမျှင် တွေကို အလွယ်တကူ ရှင်းပစ်လို့ရတဲ့ နည်းလမ်း တစ်ခုကို ပြောပြချင်ပါတယ်။ ဒီနည်းက Vaseline ကိုသုံးတဲ့နည်းပါ။ ငွေကုန်ကြေးကျသက်သာသလို သဘာဝပစ္စည်းများကိုပဲ အသုံးပြုထားတာမို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။

ဒီနည်းလမ်းမှာ လိုအပ်တဲ့ပစ္စည်းတွေကတော့– () ကုလားပဲအစိမ်းမှုန့် () နနွင်းမှုန့် () နို့စိမ်း () Vaseline

ပြင်ဆင်ပုံ ၁။ ခွက်တစ်ခွက်ထဲကို ပဲစိမ်းမှုန့် လဘရည်ဇွန်းတစ်ဇွန်းထည့်ပါ။ ၂။ ဒီထဲကို နနွင်းမှုန့် ဇွန်းတစ်ဝက်ထည့်ပါ ၃။ ပြီးရင် နွားနို့ လဘရည်ဇွန်း သုံးဇွန်းထည့်ပြီး သေချာမွှေပေးပါ။ အရည်က မပျစ်လွန်း မကျဲလွန်း အနေတော်လေး ဖြစ်သင့်ပါတယ်။ ၄။ နောက်ဆုံး Vaseline လဘရည်ဇွန်းတစ်ဝက်ထည့်ပြီး သေချာရောပေးပါ။

ဒီအရောကို အမွှေးအမျှင်ပေါက်တဲ့နေရာပေါ် လိမ်းပြီး ခြောက်တဲ့အထိထားပါ။ ခြောက်သွေ့ဖို့ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာပါလိမ့်မယ်။ ခြောက်တာနဲ့ အမွှေးပေါက်တာရဲ့ ဆန့်ကျင်ဘက်ကို ပွတ်ပြီး အမွှေးဖယ်ရှားပါ။ ဥပမာ အမွှေးပေါက်တဲ့ပုံစံက အောက်ဆင်းတယ်ဆိုရင် ပွတ်တာကို အပေါ်ဘက်သွားတဲ့ပုံစံနဲ့ပွတ်ပါ။

အကောင်းဆုံး ရလဒ်အတွက် ပုံမှန်လုပ်ပေးပါ။ ဒီအရောလေးက မွှေးမျှင်ဖယ်ပေးရုံမက သင့်အရေပြားညိုတာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဘာလို့လဲဆိုတော့ Vaseline က အသားအရေကို နူးညံ့စေလို့ပါ။ ဒီတော့ အမွှေးအမျှင်တွေကင်းစင်ပြီး အမျိုးသမီးတိုင်း အလှကြွယ်နိုင်ကြပါစေနော်။ Credit

Leave a Reply

Your email address will not be published.