NUG ရဲ့ ဂျင်း မိသွားသည့် စကစ

NUG ရဲ့ ဂျင်း မိသွားသည့် စကစ

လွန်ခဲ့တဲ့ ရက်က ၂၁/၀၂ လို့ အတိုလေး တင်လိုက်မိပါတယ်။ အဖြစ်ကဒီလိုပါ ဒီစာကိုလွန်ခဲ့တဲ့ နှစ်ပတ်လောက်ထဲက ရေးချင်ပေမယ့် ၂၁ /၀၂ ရက်နေ့အထိ အောင့်ထားရတဲ့အနေအထားပါ

NUG ဟာ နိုင်ံငံရေး အရ သိပ်ကို ပါးနပ်တဲ့ အဖွဲ့အစည်းတစ်ခု လို့ ကြိုတင်ပြောပါရစေ။ ဒီအစိုးရ နဲ့သာ မြန်မာနိုင်ငံ ပြန်လည်နိုးထ ခဲ့မယ်ဆိုရင် အာရှ မှာ မြန်မာ ဟာ မာန်အပြည့်နဲ့ အတော်ပံပါတဲ့ ကျားတစ်ကောင်ဖြစ်လာနိုင်ပါတယ်။

တည့်တည့်နဲ့ လိုရင်းပြောရရင် NUG ရဲ့ သဘောထားဟာ စကစ ကို ICJ မှာ ကိုယ်တိုင် သွားရှင်း စေချင်တာပါ။ ဒါမှလည်း တရားခံ ကို ရဲလက်အပ် အဖြစ်ကို ရောက်ရှိမှာပါတယ်။ NUG ဒီကိစ္စကို ရဲရဲကြီး ဆုံးဖြတ်လိုက်ရတဲ့အကြောင်းရင်းကတော့ စကစဟာ အဖန်ဖန်ချိုးဖောက်နေတဲ့ ဂျနီဖာကွန်ဖရင့်ရဲ့ ဥပဒေ တွေ၊

စစ်ဥပဒေစည်းကမ်းတွေ၊ သူတို့ကိုင်ဆွဲထားတဲ့ ခြေဥ ကိုတောင် ကျော်လွန် လုပ်ကိုင်နေတာတွေ စတာတွေအပြင် အာရှတင်မက နိုင်ငံတကာကပါ လက်မခံ နိုင်တဲ့ အနေအထား နဲ့ အသိအမှတ် ပြု ခြင်း မရတဲ့ နံမည်ပျက် ဖြစ်နေတဲ့အတွက် စကစ ဘာပဲပြောပြော ICJ ဟာ လက်ခံနိုင်တော့မှာ မဟုပ်ဖူး ဆိုတာကို ၁၀၀% ယုံကြည်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဒီဂျင်းထည့်ဖို့အတွက် NUG ဟာ လေလှိုင်းပေါ်ကနေ ဘယ်သူတော့ တက်ရောက်မှာ ဘာတွေတော့ပြင်ဆင်ထားပါပြီ စသဖြင့် ဝိုင်းလှော် ဒီ ICJ မှ မတက်ရောက်ရင် တရားဝင်မှု မရှိဖူးဆိုပြီး ဝါဒဖြန့် ၊ အစိုးရ အနေနဲ့ အသိအမှတ်ပြုဖို့ ဆိုတဲ့ ဂျင်းအကြီးကြီးတွေ ဝိုင်း ထည့် လိုက်တာ မအလ တစ်ယောက် သွေးပျက်သွားရုံမကဖူး အရူးမီးဝိုင်းသွားပါတော့တယ်။

အဲ့ဒီမှာ မအလ တွေးပြီလေ ဒီကောင်တွေပြောသလို ငါသွားမရှင်းရင် အစိုးရမဖြစ်တော့ဖူးဆိုပြီး ချက်ချင်းပဲ ဒိတ်အောက် ဖြစ်နေတဲ့ အိမ်စောင့်အစိုးရ ကို ချက်ချင်းဖွဲ့ အစိုးရတစ်ရပ် ပုံစံယူ ICJ မှာ တရားရင်ဆိုင်ဖို့ ဒေါ်လာတွေ ရေလိုသွန် ပြင်ဆင် ကော်မရှင်တွေ ဖွဲ့ပြီး NUG ရဲ့ ဂျင်းထဲ မျော သွားပါတော့တယ် ခုဆို ICJ တရားရုံးထဲ ” မိတ် အမေရိကန် ဂိတ် အဂိန်း” တို့ အဖွဲ့တွေ ငုတ်တုတ် မေ့နေကျပါပြီ။

စကစသာ ပါးနပ်ခဲ့မယ်ဆိုရင် ပထမဦးဆုံးအကြိမ် ICJ တရားရုံးမှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာအရေး မြန်မာနိုင်ငံအတွက် ထုချေ လွှာများအား ရုပ်သိမ်း လိုက်တဲ့အကြောင်း NUG က ICJ ကို စာတင်လိုက်ထဲက သိသင့်ပြီး အရင်လို ဘာပြောပြောကွာ ရှင်းစရာမလိုဖူး သဘောထားခဲ့မယ်ဆိုရင် NUG ရဲ့ ဂျင်း မိ မယ် မထင်ပါဖူး။ခုတော့ ဂျင်းကို ကျိတ်ဝါးရတော့မယ့် အနေအထားဖြစ်နေပါပြီ။

တကယ်တော့ ဒီအမှုဟာ တော်လှန်ရေး ပြီးသွားရင်တောင် နိုင်ငံဟာ နံမည်ဆိုးနဲ့ ကျန်နေခဲ့မယ့် အဖြစ်ပါ နောင် နှစ်ရှည်ကြီး ဆက်နေမယ့် အမှုမျိုးဖြစ်ပြီး အဓိက တရားခံကို မိခင် နိုင်ငံ သို့မဟုပ် ခိုလှုံနိုင်ငံက ဖမ်းပြီး ICJ တရားစီရင်သူတို့လက်ထဲ မအပ်မချင်း မပြီးတဲ့ အမှုဖြစ်ပါတယ်။

မြန်မာလူမျိုးတွေဟာ အများအားဖြင့် တရားသဘောနဲ့ ဘုန်းကြီးဟော ကို အသုံးပြုကျတာများပြီး သူ့ပြုတဲ့ကံ သူပြန်ခံရမှာပါလေ ဆိုပြီး ဖြေသိမ့်တတ်ကျပါတယ်။

တရားစိတ်ရင်းမြဲ ကိန်းအောင်းတတ်ကျတော့ တော်လှန်ရေး တိုက်ပွဲဝင်တွေ အားလုံးပြောနေကျတဲ့ “သွေးကြွေးကို အသက်ပေးမှ ကျေအေးမယ်” ဆိုပေမယ့်တကယ်တမ်း တော်လှန်ရေး ပြီးလို့ အာဏာ သိမ်းတဲ့ကောင်တွေ သေဒဏ်နဲ့ ကြိုးစင်ပေး တယ်ဆိုရင်တောင် လွတ်ငြိမ်းနဲ့ ပြန်လွတ် လာမယ့် အနေအထားတွေပါ။

သနားတတ်၊ ကိုယ်ချင်းစာတတ်၊ တရားအမှတ် စတဲ့အကြောင်းအရာ ကြောင့် အာဏာရှင်မျိုးဆက်တွေ ခုထိ ရှိနေကျတုန်းပါပဲ ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရသော်လည်း လုပ်ကြံခံရသူဟာ ဂဠုန်ဦးစောပဲလေ သူ့မိသားစုနဲ့ သူ့တို့မျိုးဆက်တွေမပါ ပါဖူးဆိုပြီး ဒေါ်ခင်ကြည်ကိုယ်တိုင်တောင် ဦးစော မိန်းမကို လီလီပန်း တွေပေးခဲ့ဖူးတာ ရှိခဲ့ပါသေးတယ်။

ခုတော့ NUG ရဲ့ ဂျင်း အကြီးကြီးဟာ တစ်ချက်ခုတ် လေးငါးချက်ပြတ် သွားပါပြီ။ တရားခံကို ရဲလက်အပ်နိုင်ခဲ့သလို အမှုပြီးလို့ အမိန့်ချတဲ့အခါမှာလည်း ရော့ ဒါကတော့ ရိုဟင်ဂျာအရေး နဲ့ သက်ဆိုင်တဲ့သူတွေက ဒီမှာပါ ဆိုပြီး စကစ တစ်စုကို ICJ လက်ထဲအပ်၊

( ကိုယ့်ဟာကိုယ်စီရင် တောင် အားနာ နေရအုံးမယ်) ဒီရလဒ်ကြောင့် မြန်မာနိုင်ငံဟာ ဥပဒေ အတိုင်း ကိုယ်လုပ်တာ ကို ရဲရဲ ခံသွားတယ်ဆိုပြီး နိုင်ငံအလယ် မျက်နှာရ ကိစ္စက ပျက် ။

ခုတော့ စကစ ဟာ အမှုရင်ဆိုင်နေရစဉ်ကာလ NUG ကုန်ကျမယ့် ဒေါ်လာတွေကို ဝင်ပေးနေရသလို၊ မြန်မာပြည်မှာ တပ်မတော်ထောက်ခံပွဲကလည်း လုပ်ပေးရ ( ဒါက မဖြစ်မနေ လုပ်ရတော့မယ်

အဆုံးသတ် အနေနဲ့ လေလှိုင်းပေါ်က NUG ရဲ့ ဂျင်းနဲ့ စကစ ရဲ့ နောင်ရေး ကတော့ ကြည့်လို့ လှနေပါတော့မည်ဖြစ်ပါသည်။ စားကြွင်း။ ။ ထောက်ခံပွဲက အရင်ဈေးနဲ့ဆို မလိုက်တော့ဖူးပြောသံကြားရတယ် PDF ကြောက်လို့တဲ့

Leave a Reply

Your email address will not be published.