တပ္မ ၁၀၁ ဆိုတာ ေသြးဆာေနၿပီး တရြာလုံး မီးေလာင္တိုက္သြင္းမည္ဟု ေႂကြးေၾကာ္ပစ္ခတ္(ရုပ္သံ)

တပ္မ ၁၀၁ ဆိုတာ ေသြးဆာေနၿပီး တရြာလုံး မီးေလာင္တိုက္သြင္းမည္ဟု ေႂကြးေၾကာ္ပစ္ခတ္(ရုပ္သံ)

RNA_ေဖေဖာ္ဝါရီ ၂၁၊၂၀၂၂ ခုႏွစ္။

” ဒီရြာကို ျပာက်ေအာင္လုပ္ပစ္မယ္၊ ငါတို႔က တိုက္ပြဲ ငတ္ေနတာ ၾကာၿပီ၊ တပ္မ ၁၀၁ ဆိုတာဘာလဲ ျပလိုက္စမ္းဘာ ေသြးဆာေနတာ၊ တရြာလုံး မီးေလာင္တိုက္သြင္း၊ ရြာကို မီးရွို႔လိုက္” စသည့္စကားမ်ားကို စစ္ေကာင္စီတပ္ တပ္မ (၁၀၁) ရြာကို ဝင္စီးစဥ္က ေျပာၾကားထားျခင္း ျဖစ္သည္။

စစ္ေကာင္စီတပ္ အမွတ္(၁၀၁)ေျချမန္တပ္မဌာနခ်ဳပ္သည္ အေနာက္ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမျဖစ္ေသာ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕တြင္တည္ရွိသည့္ ေျချမန္တပ္မဌာနခ်ဳပ္ ျဖစ္ၿပီး၊ ကက(ၾကည္း) (စစ္ဆင္ေရး)၏ တိုက္ရိုက္ကြပ္ကဲစီမံေသာ အဖြဲ႕ျဖစ္သည္။

ယခု ႐ုပ္သံသည္ ေက်းရြာမ်ားကို စစ္ေကာင္စီတပ္ ဝင္စီးပါက လုပ္ကိုင္ေဆာင္ရြက္ပုံကို ျမင္ဖူးေစ႐ုံမၽွသာျဖစ္ၿပီး ႐ုပ္သံသည္ ရွည္လြန္းသည့္အတြက္ တခ်ိဳ႕ေနရာမ်ားကို တည္းျဖတ္ထားသည္။ တပ္မ အေျခခ်သည့္ မေကြးတိုင္း၊ ပခုကၠဴ၊ ေရစႀကိဳ၊ ၿမိဳင္၊ ေပါက္ ၿမိဳ႕နယ္တို႔က ေက်းရြာတရြာဟု ခန႔္မွန္းထားၿပီး၊ PDF ဘက္က ပစ္ခတ္သည္ကို မျမင္ရ မၾကားရဘဲ တဖက္သတ္ လက္နက္ႀကီး လက္နက္ငယ္မ်ား ပစ္ခတ္ဝင္စီးသည္ကို ႐ုပ္သံတြင္ ေတြ႕ရသည္။crd

တပ်မ ၁၀၁ ဆိုတာ သွေးဆာနေပြီး တရွာလုံး မီးလောင်တိုက်သွင်းမည်ဟု ကြွေးကြော်ပစ်ခတ်(ရုပ်သံ)

https://fb.watch/bjqwSmNSft/

RNA_ဖေဖော်ဝါရီ ၂၁၊၂၀၂၂ ခုနှစ်။

” ဒီရွာကို ပြာကျအောင်လုပ်ပစ်မယ်၊ ငါတို့က တိုက်ပွဲ ငတ်နေတာ ကြာပြီ၊ တပ်မ ၁၀၁ ဆိုတာဘာလဲ ပြလိုက်စမ်းဘာ သွေးဆာနေတာ၊ တရွာလုံး မီးလောင်တိုက်သွင်း၊ ရွာကို မီးရှို့လိုက်” စသည့်စကားများကို စစ်ကောင်စီတပ် တပ်မ (၁၀၁) ရွာကို ဝင်စီးစဉ်က ပြောကြားထားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်သည် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင်တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် ဖြစ်ပြီး၊ ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော အဖွဲ့ဖြစ်သည်။

ယခု ရုပ်သံသည် ကျေးရွာများကို စစ်ကောင်စီတပ် ဝင်စီးပါက လုပ်ကိုင်ဆောင်ရွက်ပုံကို မြင်ဖူးစေရုံမျှသာဖြစ်ပြီး ရုပ်သံသည် ရှည်လွန်းသည့်အတွက် တချို့နေရာများကို တည်းဖြတ်ထားသည်။ တပ်မ အခြေချသည့် မကွေးတိုင်း၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် မြို့နယ်တို့က ကျေးရွာတရွာဟု ခန့်မှန်းထားပြီး၊ PDF ဘက်က ပစ်ခတ်သည်ကို မမြင်ရ မကြားရဘဲ တဖက်သတ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်စီးသည်ကို ရုပ်သံတွင် တွေ့ရသည်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*