ရန္ကုန္တိုင္းကေတာ့ ပြဲၾကမ္းလိုက္ျပီ

ရန္ကုန္တိုင္းကေတာ့ ပြဲၾကမ္းလိုက္ျပီ

ရန္ကုန္၊ ဇန္နဝါရီ ၁၇

ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ဇန္နဝါရီလ ၈ ရက္ေန႔မွ ၁၆ ရက္ေန႔အတြင္း အၾကမ္း ဖက္ စစ္ေကာင္စီႏွင့္ အေပါင္းအပါမ်ားကို တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦး ေသဆုံးေၾကာင္း ယေန႔ ဇန္နဝါရီလ ၁၇ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕သည္ ၉ ရက္တြင္း ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ့နယ္ ၅ ၿမိဳ့နယ္တြင္ ပ်ံလႊားေအာင္ စစ္ေဆးေရးအေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီဝင္မ်ားကို

ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီ၏ စီးပြားေရးေဒါက္တိုင္တစ္ခုျဖစ္သည့္ “ထူး” စက္သုံးဆီအေရာင္းဆိုင္ တစ္ခုကိုလည္း ေဖာက္ခြဲနိုင္ခဲ့ေၾကာင္း ထုတ္ျပန္သည္။

ဒဂုံၿမိဳ့သစ္အေရွ႕ပိုင္းၿမိဳ့နယ္

ဒဂုံၿမိဳ့သစ္ အေရွ႕ပိုင္းၿမိဳ့နယ္ မင္းရဲေက်ာ္စြာလမ္း၊ EPC ႐ုံးအနီး ကင္းပုန္းဝပ္ေနသည့္ အၾကမ္ းဖက္စစ္ေကာင္စီတပ္သားမ်ားကို ဇန္နဝါရီလ ၈ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန႔္တြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက အေဝးထိန္းမိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္ စစ္ေကာင္စီဝင္အခ်ိဳ့ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

တြံေတးၿမိဳ့နယ္

တြံေတးၿမိဳ့နယ္၊ ေထြ/အုပ္႐ုံးအနီး တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ဇန္နဝါရီလ ၁၀ ရက္ေန႔ ည ၇ နာရီ အခ်ိန္ခန႔္တြင္ ေဒသခံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ Twantay Rangers တပ္ဖြဲ႕ဝင္မ်ားက

ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အျပန္အလွန္ ပစ္ခတ္မွုျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္ စစ္ေကာင္စီဝင္မ်ား ထိခိုက္ဒဏ္ရာရရွိခဲ့သည္။ Twanty Rangers တပ္ဖြဲ႕ဝင္မ်ား ထိခိုက္မွုမရွိဘဲ ျပန္လည္ ဆုတ္ခြာနိုင္ခဲ့သည္။

တိုက္ႀကီးၿမိဳ့နယ္

တိုက္ႀကီးၿမိဳ့နယ္၊ အဂၤလားရပ္ထိပ္ရွိ ကင္းပုန္းဝပ္ေနသည့္ အၾကမ္းဖက္စစ္ေကာင္စီ တပ္သားမ်ားကို ဇန္နဝါရီလ ၁၁ ရက္ေန႔ ည ၇ နာရီခြဲ အခ်ိန္ခန႔္တြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕

ဝင္မ်ားက ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီဝင္ တပ္ၾကပ္ႀကီး ၁ ဦးႏွင့္ တပ္သား ၁ ဦး ေသဆုံးၿပီး က်န္ တပ္ဖြဲ႕ဝင္ ေလးဦးထိခိုက္ ဒဏ္ရာ ရရွိခဲ့သည္။

သုံးခြၿမိဳ့နယ္

သုံးခြၿမိဳ့နယ္တြင္ ျပည္သူမ်ားအေပၚ မီတာခအတင္းအၾကပ္ေကာက္ခံျခင္း၊ လၽွပ္စစ္မီး ျဖတ္ေတာက္ျခင္းမ်ား အနိုင္က်င့္ေဆာင္ရြက္လ်က္ရွိသည့္ အၾကမ္းဖက္စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားရွိရာ

ၿမိဳ့နယ္ EPC ႐ုံးကို ဇန္နဝါရီလ ၁၄ ရက္ေန႔၊ ည ၇ နာရီခြဲ အခ်ိန္ခန႔္ တြင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ Thongwa Youth Force-TYF တပ္ဖြဲ႕ ဝင္မ်ားက အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့သည္။

အလုံၿမိဳ့နယ္

အလုံၿမိဳ့နယ္၊ ေထာ္လီေကြ႕မွတ္တိုင္အနီး အၾကမ္းဖက္စစ္ေကာင္စီ၏ စီးပြားေရး ေဒါက္တိုင္တစ္ခုျဖစ္သည့္ “ထူး” စက္သုံးဆီအေရာင္းဆိုင္ကို ဇန္နဝါရီလ ၁၆ ရက္ေန႔၊ နံနက္ ၄ နာရီအခ်ိန္ခန႔္တြင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္

Special Task Agency of Burma-STA တပ္ဖြဲ႕ဝင္မ်ားက လက္ပစ္ဗုံး ၂ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ တစ္ဆိုင္လုံး မီးေလာင္ပ်က္စီးသြားေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။crd

ရန်ကုန်တိုင်းကတော့ ပွဲကြမ်းလိုက်ပြီ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း အကြမ်း ဖက် စစ်ကောင်စီနှင့် အပေါင်းအပါများကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် ၉ ရက်တွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင် ပျံလွှားအောင် စစ်ဆေးရေးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်များကို

ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်သည့် “ထူး” စက်သုံးဆီအရောင်းဆိုင် တစ်ခုကိုလည်း ဖောက်ခွဲနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်း၊ EPC ရုံးအနီး ကင်းပုန်းဝပ်နေသည့် အကြမ် းဖက်စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ ၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တွံတေးမြို့နယ်

တွံတေးမြို့နယ်၊ ထွေ/အုပ်ရုံးအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ Twantay Rangers တပ်ဖွဲ့ဝင်များက

ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ Twanty Rangers တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

တိုက်ကြီးမြို့နယ်

တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ထိပ်ရှိ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဝင် တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး ကျန် တပ်ဖွဲ့ဝင် လေးဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

သုံးခွမြို့နယ်

သုံးခွမြို့နယ်တွင် ပြည်သူများအပေါ် မီတာခအတင်းအကြပ်ကောက်ခံခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ အနိုင်ကျင့်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ

မြို့နယ် EPC ရုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့် တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Thongwa Youth Force-TYF တပ်ဖွဲ့ ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

အလုံမြို့နယ်

အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်သည့် “ထူး” စက်သုံးဆီအရောင်းဆိုင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့်

Special Task Agency of Burma-STA တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဆိုင်လုံး မီးလောင်ပျက်စီးသွားကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။crd

Leave a Reply

Your email address will not be published.