တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးတဲ့ အောက်ချင်းငှက်တို့၏ သစ္စာတရားကြီးမားပုံ
အောက်ချင်းငှက်တွေဟာ တစ်လင် တစ်မယား စနစ်ကျင့်သုံးကြတယ်။
အောက်ချင်းငှက်ထီးဟာ အောက်ချင်းငှက်မကို ယူမိတဲ့ အချိန်ကစပြီး သူကလည်း မဖောက်ပြန်ဘူး။
အောက်ချင်းငှက်မကိုလည်း အပြင်ပေးမထွက်တော့ဘူး။ အသိုက်ကို ရွှံ့နဲ့ ပိတ်ထားတယ်။ သူပဲ အစာရှာကျွေးတော့တယ်။
အောက်ချင်းငှက်မဟာလည်း ပိတ်ထားတဲ့ရွှံ့ကို သူကိုယ်တိုင် နှုတ်သီးနဲ့ ဖောက်ပြီးသွားလို့ရတယ်။ ယောကျားလုပ်ထားတာကို မဖျက်ဆီးဘူး။
ဘယ်လောက်ဗိုက်ဆာဆာ ယောကျ်ားလာပြီး ကျွေးတဲ့အချိန်အထိ စောင့်တယ်။ အောက်ချင်းငှက်မဟာ အစာငတ်ပြီးသာ အသေခံတယ်။
ယောကျားပိတ်တဲ့ရွှံ့ကို မခွာဘူး။
အောက်ချင်းငှက်ကို (Hornbill bird) လို့ ခေါ်ပါတယ်။ တစ်လင်၊တစ်မယား စနစ် ကျင့်သုံးတဲ့ ငှက်အမျိုးအစား။
အဖိုပေါ်မှာလည်း သစ္စာရှိတယ် အမပေါ်မှာလည်း သစ္စာရှိတယ်။
တစ်ကောင်က စတင်ဖောက်ပြန်ရင် ကျန်တစ်ကောင်က ကိုယ့်ကိုကိုယ် သတ်သေတဲ့ ငှက်မျိုး။
စိုးရိမ်စိတ်၊ သံသယစိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ငှက်မျိုး တစ်ပါးသူနဲ့ ပျော်ပါးနေမှာကို မလိုလားတဲ့ ငှက်မျိုး။
အဖိုနဲ့အမ မိတ်လိုက်ပြီးချိန်မှစ၍ အမကို သစ်ခေါင်းပေါက်အတွင်းမှာ နေထိုင်စေပြီး နှုတ်သီးပေါက် တစ်နေရာစာမျှသာ ချန်လှပ်၍ ထွက်မရအောင် ရွံ့ပိတ်ထားတဲ့ ငှက်မျိုး။
သစ်ခေါင်းထဲမှာရှိတဲ့ အမနဲ့ကလေးတွေကို အဖိုက မနားတမ်း အစာရှာ ကျွေးလေ့ရှိတဲ့ ငှက်မျိုး။
ဒါ့ကြောင့် ”အောက်ချင်းသစ္စာ”လို့ ပြောစမှတ် တွင်နေကြတာပေါ့။ အချို့က ရေသောက်တယ်ပြောတယ်။
ကျွန်တော်လေ့မိသလောက်ကတော့ အောက်ချင်းငှက်ဟာ ရေကို သောက်သုံးလေ့မရှိဘူး ရေဓာတ်ကို အစားအစာတွေကနေတဆင့် ထုတ်ယူရရှိပါတယ်။source Win Min PhyoCredit:(ဘဝခါးခါး)
Leave a Reply
Your email address will not be published.