Categories
သတင္း

အင်္ကျီ အနက်ရောင် ဝတ်ဆင်ထားတဲ့ မင်းသမီး အိန္ဒြာကျော်ဇင် ကို အိမ်မက်မက်ခဲ့တဲ့ မိတ်ကပ် ခင်စန်းဝင်း

အင်္ကျီ အနက်ရောင် ဝတ်ဆင်ထားတဲ့ မင်းသမီး အိန္ဒြာကျော်ဇင် ကို အိမ်မက်မက်ခဲ့တဲ့ မိတ်ကပ် ခင်စန်းဝင်း

အင်္ကျီ အနက်ရောင် ဝတ်ဆင်ထားတဲ့ မင်းသမီး အိန္ဒြာကျော်ဇင် ကို အိမ်မက်မက်ခဲ့တဲ့ မိတ်ကပ် ခင်စန်းဝင်း

မိတ်ကပ်လောကမှာ နှစ်အတော်အကြာ ရပ်တည်နေပြီး နာမည်တစ်လုံးကို ပိုင်ဆိုင်ထားတဲ့ မိတ်ကပ် ခင်စန်းဝင်း ကိုတော့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်။

သူမကတော့ နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင် ကို အရမ်းသတိရနေတဲ့အကြောင်းကို ရင်ဖွင့်ထားပါတယ်။ မင်းသမီး အိန္ဒြာကျော်ဇင် ဟာ ပုဒ်မ ၅၀၅ က ကြောင့် အင်းစိန်ထောင်မှာ ၃ နှစ် အကျဥ်းကျမှတ်ခံထားရပါတယ်။ မိတ်ကပ် ခင်စန်းဝင်း ကတော့ အကျဥ်းကျနေတဲ့ အူဝဲကို ခဏခဏအိမ်မက်မက်တဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

အိန္ဒြာကျော်ဇင် ဟာ ငယ်စဥ်ကတည်းက မကြီးစန်း နဲ့ ပဲဆံပင်ပြင်ဆင်ပြီး မိသားစုလိုသံယောဇဥ်နဲ့ ခင်မင်ရသူဖြစ်ပါတယ်။ မိတ်ကပ်ခင်စန်းဝင်း ဟာ အူဝဲကို အိမ်မက်မက်ခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ အူဝဲ ကတော့ အိမ်မက်ထဲမှာ အင်္ကျီအမဲရောင်ကို ဝတ်ဆင်ထားပြီး သူမနဲ့ဖက်ငိုကြပါတယ်တဲ့။

နောက်ပြီးတော့လဲ အိမ်မက်ထဲမှာ သူမကြိုက်တဲ့ ဆူရှီတွေ လိုက်ကျွေးတယ်ဖြစ်လိုက်သေးတယ်လို့လဲ ပြောပါတယ်။

အူဝဲ ကတော့ သူမမျက်စိရှေ့ လက်ပေါ်တင်ပဲ အရွယ်ရောက်လာတာကြောင့်လဲ သံယောဇဥ်ရှိပြီး သူမအကြောင်းကိုလဲ ကောင်းကောင်းသိပါတယ်တဲ့။ မင်းသမီး အိန္ဒြာကျော်ဇင် ဟာ စိတ်ထားဖြူစင်သူတစ်ဦးဖြစ်တဲ့အပြင် မနာလိုဝန်တိုစိတ်တွေလဲမရှိပဲ အလုပ်ကိုလေးစားသူတစ်ဦးဖြစ်ပါတာကြောင့် မကြီးစန်းတောင် အတုယူရတယ်လို့ ပြောပြထားတာပါ။

မိတ်ကပ် ခင်စန်းဝင်း ကတော့ မင်းသမီး အိန္ဒြာကျော်ဇင်ကို အထဲမှာ အဆင်ပြေပါ့မလားဆိုပြီး အူဝဲအတွက် စိတ်ပူနေပါတယ်။ နုနုနယ်နယ်နယ် နဲ့ ဖြတ်သန်းလာတဲ့ သူမကို ဒီလိုအချုပ်အနှောင်တွေနဲ့ မြင်ရတာ စိတ်မကောင်းဖူး ဖြစ်နိုင်ရင် ပြေးပြီးတော့ ဖက်ထားချင်တယ်လို့ ဆိုပါတယ်။ သူမပြန်လွတ်လာရင်တော့ အကောင်းဆုံးပါပဲလို့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြောကြားသွားပါတယ်။ Credit

Leave a Reply

Your email address will not be published.