အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

အမျိုးသမီးများတွင်ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကြောင့်လိင်စိတ်ဆန္ဒဟာအချိန်ကြာလာတာနှင့်အမျှပြောင်းလဲလာတတ်ပါတယ်။အကယ်၍သင်ဟာလိင်စိတ်ဆန္ဒလျော့နည်းလာတာကိုသတိထားမိရင်အဲဒီအခြေအနေကိုပြောင်းလဲရန်လုပ်ဆောင်နိုင်တာတွေရှိပါတယ်။သင့်မှာသာယာကျေနပ်ဖွယ်လိင်မှုကိစ္စရှိလျှင်ပိုပြီးနေပျော်လာနိုင်ပါတယ်။

လိင်ကိစ္စဟာ သင့်ရဲ့ကယ်လိုရီတွေလောင်ကျွမ်းဖို့ကူညီရုံသာမက စိတ်ဖိစိမှုများပြီး စိတ်ဓါတ်ကျခြင်းနှင့် ကျန်းမာရေးအခြေအနေ ယိုယွင်းခြင်းတွေမှလည်း ကူညီပေးနိုင်ပါတယ်။ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတွေက ပိုပြီးကျန်းမာတယ်လို့ ဆိုကြတယ်။

လိင်ဆက်ဆံလိုစိတ်ရှိခြင်းဟာ လူတစ်ယောက်ကျန်းမာခြင်း မကျန်းမာခြင်းကို ပြနိုင်တယ်။ အဖြစ်အများဆုံး လိင်နှင့်ဆိုင်တဲ့ပြဿနာကတော့ အမျိုးသမီးများတွင် လိင်စိတ်ကျဆင်းခြင်း (သို့) လိင်ဆက်ဆံလိုစိတ် မရှိခြင်းဖြစ်တယ်။ ဒါပေမယ့် သင့်ကျန်းမာရေး၊ သွေးဆုံးကိုင်ခြင်း၊ အသက်အရွယ်၊ ခန္ဓါကိုယ်ပြောင်းလဲခြင်းတို့က သင့်ရဲ့လိင်စိတ်ကိုလုံးဝမရပ်တန့်စေနိုင်ပါဘူး။ သင့်ရဲ့ လိင်စိတ်ဆန္ဒကိုပြန်လည် ရရှိအောင် လွယ်ကူရိုးရှင်းတဲ့နည်းတွေသုံးနိုင်ပါတယ်။

အမျိုးသမီးတွေရဲ့လိင်စိတ်ဆန္ဒ အပေါ် သက်ရောက်မှုရှိတဲ့အရာတွေက ဘာလဲ။ လိင်စိတ်ဟာ ကိုယ်ခန္ဓါထဲက ဆက်သွယ်မှုတွေထက် ပိုပါတယ်။ သင့်အနေနှင့် စိတ်ခံစားမှု၊ ရစ်ပတ်ဆက်သွယ်မှု နှင့်ရုပ်ပိုင်းဆိုင်ရာကဲ့သို့ တခြားအရာတွေနဲ့ ရောနှောနေသလို ခံစားရနိုင်တယ်။ ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ အသက်အရွယ်၊အဆင့်အတန်း၊ကျွမ်းကျင်မှုအရာတွေ တူသော်လည်း လိင်စိတ်ဆန္ဒပိုင်းမှာခြားနားနိုင်တယ်။ တနည်းအားဖြင့်ဆိုသော် သင့်ဘဝရဲ့အပြောင်းအလဲတွေက သင့်လိင်စိတ်ဆန္ဒကိုသက်ရောက်မှုရှိနိုင်တယ်။

သွေးဆုံးကိုင်တာဟာ သင့်ကိုယ်ထဲရှိအီစထရိုဂျင် (Estrogen)နှင့် ပရိုဂျက်စတိုဂျင် (Progesterone) ဟော်မုန်းတွေကို ကျစေတဲ့အတွက် သင့်လိင်စိတ်ကို ကျဆင်းစေနိုင်တယ်။ သင့်ကိုယ်ထဲရှိ ဟော်မုန်းတွေလျော့နည်းသွားသောအခါ သင့်မိန်းမကိုယ်ခြောက်သွေ့ပြီး လိင်ဆက်ဆံလိုစိတ်မရှိဖြစ်တတ်တယ်။ ဒါ့ပြင် တချို့သောရိုးရာယုံကြည်မှုတွေအရ သွေးဆုံးတာဟာ လိင်ကိစ္စရဲ့နောက်ဆုံးအခြေအနေလို့ ယူဆကြတယ်။

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒပြန်ရအောင် လုပ်ပေးနိုင်တဲ့အချက်တွေများစွာ ရှိပါတယ်။ သင့်မိန်းမကိုယ်ခြောက်သွေ့တာအတွက် ချောဆီအသုံးပြု ပြီး လိင်ဆက်ဆံလို့ရပါတယ်။ ဒါ့ပြင်ချောဆီအသုံးပြု ခြင်းက သင်လိင်ဆက်ဆံရာတွင် ပိုပြီးနှစ်သက် စိတ်ဝင်စားစရာကောင်းပါတယ်။ တခြားလိင်စိတ်တက်ကြွစေတဲ့ စကားလုံးတွေ ဂရုစိုက်မှုတွေနဲ့လည်း သင့်အဖော်နှင့် ဆက်သွယ်ပြီး လိင်စိတ်တိုးပွားအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အဖော်နှင့်သင့်ကြားမှာ ပြဿနာရှိနေပြီး လိင်စိတ်ပြန်လည်တက်ကြွအောင် မလုပ်နိုင်ရင် နှစ်သိမ့်ဆွေးနွေးသူ သို့ ဆရာဝန်နှင့် တွေ့ဆုံပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။

သင်အနေနဲ့ လိင်စိတ်ကြွစေနိုင်တဲ့ ဆေးတွေလည်း အသုံးပြုနိုင်ပါတယ်။ သုတေသနပညာရှင်အချို့ရဲ့ အဆိုအရ ဆေးတွေက အမျိုးသမီးတွေရဲ့ တက်စထိုစတီရုန်း (testosterone) ဟော်မုန်းပမာဏကိုမြင့်တက်စေပြီးစိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်တယ်။သင်ဟာတစ်ကိုယ်တည်းသမားဖြစ်နေပါသလား။သင့်မှာချစ်သူမရှိဘဲနဲ့လိင်စိတ်တက်ကြွလာတဲ့အခါဘယ်လိုလုပ်မလဲ။

တချို့တစ်ကိုယ်တည်းသမား အမျိုးသမီးတွေက သူတို့လိင်စိတ်ကိုရပ်တန့်ရမယ်လို့ တွေးမိပေမယ့် သူတို့စိတ်မှာ လိင်ဆက်ဆံလိုစိတ်ပြင်းပြင်းပြပြ ကျန်ရှိနေပြီး မချင့်မရဲဖြစ်နေတတ်တယ်။ သင်ဟာ လိင်ဆက်ဆံဖော် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိင်ကိစ္စကို အပြည့်အဝခံစားနိုင်ပါတယ်။ သင့်ကိုယ်သင်ထိတွေ့နိုင်တယ်။ စိတ်ခံစားမှုကောင်းတဲ့ အဝတ်တွေကို ဝတ်နိုင်တယ်။ အလိုရှိလျှင် လိင်စိတ်အာသာဖြေခြင်းလုပ်နိုင်တယ်။

သင့်လိင်စိတ်ကိုလျော့နည်းစေတဲ့ အကြောင်းရင်းကိုသိပြီး သင့်လိင်စိတ်ကို ပြန်လည်ရရှိအောင် နည်းလမ်းပေါင်းများစွာနှင့် ကြိုးစားခြင်းဟာ သင့်အတွက် အကောင်းဆုံးအဖြေ ဖြစ်ပါလိမ့်မယ်။ crd

Leave a Reply

Your email address will not be published.