မိုးဗြဲသို့ ဒုံးကျည်ဖြင့် လာရောက်ပစ်ခတ်သည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို စနိုက်ပါနဲ့ ပြန်လည် ပစ်ခတ်
ရှမ်း – ကရင်နီနယ်စပ်၊ မိုးဗြဲတိုက်ပွဲအတွင်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဘက်က ဒုံးကျည်ဖြင့် လာရောက်ပစ်ခတ်သည့်
ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးစနိုက်ပါအဖွဲ့က စနိုက်ပါဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
“စနိုက်ပါနှင့် နှစ်ချက်ပစ်ခတ်ရာ နှစ်ချက်လုံး ထိမှန်ခဲ့ပေမဲ့ အကွာအဝေး‌ကြောင့် လေယာဉ်ပျက်ကျခဲ့ခြင်း မရှိခဲ့ပေ။ စနိုက်ပါဖြင့် ပစ်ခတ်ခံရခြင်းကြောင့် လေယာဉ်မှာအမြင့် ပျံသန်းခဲ့ပါသည်”ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ က ဆိုသည်။
အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးစနိုက်ပါအဖွဲ့ အနေဖြင့် ယခုထက် ဖျက်အားပြင်းသည့် လက်နက်များ တပ်ဆင်နိုင်ပါက ပြည်သူများကို ပိုမိုကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။crd
Be the first to comment
Leave a Reply
Your email address will not be published.
*