အသက် ၆ နှစ်အရွယ်မိန်ကလေးငယ်ကို ကြိုးဖြင့်တုတ်၍ သားမယားအဖြစ်ပြုကျင့် သ-တ်-ဖြ-တ်သည့် ဖြစ်ရပ်

အသက် ၆ နှစ်အရွယ်မိန်ကလေးငယ်ကို ကြိုးဖြင့်တုတ်၍ သားမယားအဖြစ်ပြုကျင့် သ-တ်-ဖြ-တ်သည့် ဖြစ်ရပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုမှ အသက် ၆နှစ်အရွယ် မိန်းကလေးငယ်ကို ကြိုးဖြင့်တုတ်၍ သားမယားအဖြစ်ပြုကျင့် သတ်ဖြတ်ပြီး ရွှေနားကွင်း ယူသွားသူ တရားခံကို အချိန်တိုအတွင်း ဖမ်းဆီး ရမိကြောင်း သာရဝေါနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ (၂)နာရီအချိန်ခန့်တွင် တရားလို ဦးကျော်သက်နိုင်(ခ)နိုင်နိုင်သည် ရွာထဲရှိ အလှူအိမ်တွင် ရောက်ရှိနေစဉ် တစ်အိမ်တည်းနေ တူမတော်စပ်သူ မသဇင်(၇နှစ်)၊ မလပြည့်ဝန်း(ခ) မတဆုတ်(၆နှစ်)၊ မရတီဝင်း(၈)နှစ်နှင့် မနဒီဝင်း(၅နှစ်တို့ အတူ ကစားနေရာမှ မလပြည့်ဝန်း(ခ) မတဆုတ် ပျောက်ဆုံးသွားခဲ့ပြီး

ရှာမတွေ့တော့ကြောင်း လာရောက် ပြောသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်လှိုင်နှင့် ရွာတာဝန်ခံ ဦးအောင်သန်းဝင်းအပါအဝင်ရွာသူရွာသား (၃၀)ဦးခန့်နှင့်အတူ ရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်း မရှိသဖြင့် ဇီးဖြူကုန်း ရဲကင်းစခန်းသို့အကြောင်းကြားကာ သာရဝေါ နယ်မြေရဲစခန်းမှ လူပျောက်မှု အမှတ်စဉ်-၃/၂၀၂၀ ဖြင့် ဖွင့်လှစ်စုံစမ်းခဲ့ကြောင်း သိရသည်။

ထိုနောက် နိုဝင်ဘာ၂၈ ရက်နေ့ ၉နာရီခွဲအချိန်တွင် မလပြည့်ဝန်း(ခ)မတဆုတ်၏ ပါးစပ်နှင့် ခြေထောက် (၂)ချောင်းအား ပုဆိုးပြဲစများဖြင့်တုတ်နှောင်လျှက်၊ ၎င်း၏နားတွင် ပန်ဆင်ထားသော နားကွင်းပျောက်ဆုံးနေကာ သေဆုံးလျှက်တွေ့ရှိသဖြင့် သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်သ-တ်ဖြ-တ်ပြီး

နားကွင်းအားဖြုတ်၍ ယူဆောင်သွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် ယင်းနေ့ ၅နာရီကျော်အချိန်ခန့်တွင် လာရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းမှူးရဲအုပ် ထွန်းမင်းနိုင် ဦးစီးသည့်ရဲတပ်ဖွဲ့များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့သွားရောက်၍

သေဆုံးသူနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်ပြီး ကျေးရွာမှ ရုတ်တရက် ထွက်သွားရာမှ အခြေအနေပြန်လာကြည့်သူ မသင်္ကာ တရားခံ မင်းမင်း (၃၆နှစ်)အား စစ်ဆေးခဲ့ရာ တရားခံသည် သေဆုံးသူအား ပုဆိုးပြဲစများဖြင့် ပါးစပ်နှင့် ခြေထောက်(၂)ချောင်းတို့အား တုတ်နှောင်၍ သားမယားအဖြစ် ပြုကျင့်သတ်ဖြတ်ပြီး သေဆုံးသူ၏ နားမှနားကွင်းအား ဖြုတ်၍ ယူသွားကြောင်းပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သမီးဖြစ်သူအား သားမယားပြုကျင့်သတ်ဖြတ်၍ ရွှေနားကွင်း ယူဆောင်သွားသူ မင်းမင်း (၃၆နှစ်)အား အရေးယူပေးပါရန် ဖခင်ဖြစ်သူ ဦးကျော်သက်နိုင်(ခ) နိုင်နိုင်က တရားလိုပြုလုပ်တိုင်တန်းချက်အရ

သာရဝေါနယ်မြေရဲစခန်းန်းက (ပ)၁၂၆/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၇၆/၃၉၂ဖြင့် အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူအား ဥပဒေအကြံပြုချက်နှင့် အညီ အမြန်ဆုံးတရားစွဲဆို တင်ပို့နိုင်ရေးစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။crd

Leave a Reply

Your email address will not be published.