စာေရးဆရာ ေမာင္သာခ်ိဳႏွင့္ ဦးထင္လင္းဦး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ခ်ခံရ

စာေရးဆရာ ေမာင္သာခ်ိဳႏွင့္ ဦးထင္လင္းဦး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ခ်ခံရ

စစ္တပ္အာဏာသိမ္းကတည္းက ဖမ္းထားခံရသူမ်ားျဖစ္သည့္ စာေရးဆရာ ေမာင္သာခ်ိဳ အား အလုပ္ ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ႏွစ္၊ ဦးထင္လင္းဦးကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ႏွစ္စီ တရား႐ုံးက ယေန႔ အမိန္႔ခ်သည္။

စာေရးဆရာ ေမာင္သာခ်ိဳအား ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (က) ျဖင့္ စစ္ေကာင္စီမွ တရားစြဲခဲ့ျခင္း ျဖစ္ၿပီး၊ လြန္ခဲ့သည့္ ၂၀၂၀ ခုႏွစ္အတြင္း ေရးသားခဲ့သည့္ ေဆာင္းပါး ၂ ပုဒ္အေပၚ မူတည္ကာ တရားစြဲဆို အမိန္႔ခ်ခဲ့ျခင္းဟု သိရသည္။

“စစ္ေဆးေပၚေပါက္ခ်က္အရဆိုၿပီး ဆရာ့ကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်လိုက္တယ္။ ဆရာ့ အေနနဲ႔ ဒါေတြက သူေရးတဲ့ သူ႔အာေဘာ္ မဟုတ္ဘူး။ အျခားေရးသားသူေတြရဲ့ အာေဘာ္ကိုမွ သူက ျဖန္႔က်က္ၿပီးေတာ့ ရည္ရြယ္ခ်က္ကို ေပၚလြင္ေအာင္ ေရးသားတယ္လို႔ ျပန္ေခ်ပထားပါတယ္” ဟု ဆရာ ေမာင္သာခ်ိဳ၏ ေရွ႕ေနက ေျပာသည္။

ဆရာ ေမာင္သာခ်ိဳအား ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္အေစာပိုင္းတြင္ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး၊ အမႈစဖြင့္ခဲ့သည့္ မတ္လ ၁၂ ရက္၊ ၂၀၂၁ မွစ၍ ခ်ဳပ္ရက္မ်ား ထုတ္ႏုတ္ခံစားခြင့္ျပဳသည္ဟု သိရသည္။

စာေရးဆရာ ဦးထင္လင္းဦးအား ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အေစာပိုင္းတြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ မ်ားက လာေရာက္ဖမ္းဆီးသြားျခင္းျဖစ္ၿပီး ၎အား ေရၾကည္အိုင္ စစ္ေၾကာေရးစခန္းတြင္ တလခန္႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ကာ အမႈရင္ဆိုင္ခဲ့ရၿပီး ၁၁ လအၾကာတြင္ အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

ခ်ဳပ္ရက္ရမၼာန္မ်ား ထုတ္ႏုတ္ခံစားခြင့္ျပဳသည္ဟု အမိန္႔ခ်ေသာ္လည္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ကတည္းက ဖမ္းဆီးခံခဲ့ရသည့္ ဆရာ ဦးထင္လင္းဦးအား အမႈမဖြင့္ခင္ ေဖေဖာ္ဝါရီလ တလတာအား ခ်ဳပ္ရက္ ခံစားခြင့္မရသည့္အတြက္ နစ္နာမႈရွိသည္ဟု ၎၏ ေရွ႕ေနက ဧရာဝတီကို ေျပာသည္။

စာေရးဆရာ ေမာင္သာခ်ိဳႏွင့္ ဦးထင္လင္းဦးတို႔ ႏွစ္ဦးစလုံး၏ က်န္းမာေရးအေျခအေနသည္ ေကာင္းမြန္သည္ဟု သိရၿပီး ယင္းကဲ့သို႔ အမိန္႔ခ်မည္ကို ေမၽွာ္လင့္ထားေၾကာင္းလည္း သိရသည္။

ဦးထင္လင္းဦးအား ယခုကဲ့သို႔ အၿပီးသတ္အမိန္႔ ခ်မွတ္လိုက္ျခင္းသည္ ၅၀၅-က ဥပေဒ မျပင္ဆင္ မျပ႒ာန္းခင္ ေျပာခဲ့သည့္ ဗီဒီယိုဖိုင္အား တရားစြဲဆိုျခင္းျဖစ္ေသာေၾကာင့္ ဥပေဒက ေနာက္ေၾကာင္းျပန္ သက္ေရာက္ေနသလားဟု ေရွ႕ေနက ေမးခြန္းထုတ္ခဲ့ၿပီး၊ တရားမၽွတမႈ မရွိဟု ၎ေရွ႕ေနက သုံးသပ္ ေျပာဆိုသည္။

စာရေးဆရာ မောင်သာချိုနှင့် ဦးထင်လင်းဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချခံရ

စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းထားခံရသူများဖြစ်သည့် စာရေးဆရာ မောင်သာချို အား အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၂နှစ်၊ ဦးထင်လင်းဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်စီ တရားရုံးက ယနေ့ အမိန့်ချသည်။

စာရေးဆရာ မောင်သာချိုအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီမှ တရားစွဲခဲ့ခြင်း ဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ရေးသားခဲ့သည့် ဆောင်းပါး ၂ ပုဒ်အပေါ် မူတည်ကာ တရားစွဲဆို အမိန့်ချခဲ့ခြင်းဟု သိရသည်။

“စစ်ဆေးပေါ်ပေါက်ချက်အရဆိုပြီး ဆရာ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်။ ဆရာ့ အနေနဲ့ ဒါတွေက သူရေးတဲ့ သူ့အာဘော် မဟုတ်ဘူး။ အခြားရေးသားသူတွေရဲ့ အာဘော်ကိုမှ သူက ဖြန့်ကျက်ပြီးတော့ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ရေးသားတယ်လို့ ပြန်ချေပထားပါတယ်” ဟု ဆရာ မောင်သာချို၏ ရှေ့နေက ပြောသည်။

ဆရာ မောင်သာချိုအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ အမှုစဖွင့်ခဲ့သည့် မတ်လ ၁၂ ရက်၊ ၂၀၂၁ မှစ၍ ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုသည်ဟု သိရသည်။

စာရေးဆရာ ဦးထင်လင်းဦးအား ဖေဖော်ဝါရီလ ၁ ရက်နေ့ အစောပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းအား ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် တလခန့် ဖမ်းဆီးချုပ်နှောင်ကာ အမှုရင်ဆိုင်ခဲ့ရပြီး ၁၁ လအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ချုပ်ရက်ရမ္မာန်များ ထုတ်နုတ်ခံစားခွင့်ပြုသည်ဟု အမိန့်ချသော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံခဲ့ရသည့် ဆရာ ဦးထင်လင်းဦးအား အမှုမဖွင့်ခင် ဖေဖော်ဝါရီလ တလတာအား ချုပ်ရက် ခံစားခွင့်မရသည့်အတွက် နစ်နာမှုရှိသည်ဟု ၎င်း၏ ရှေ့နေက ဧရာဝတီကို ပြောသည်။

စာရေးဆရာ မောင်သာချိုနှင့် ဦးထင်လင်းဦးတို့ နှစ်ဦးစလုံး၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်သည်ဟု သိရပြီး ယင်းကဲ့သို့ အမိန့်ချမည်ကို မျှော်လင့်ထားကြောင်းလည်း သိရသည်။

ဦးထင်လင်းဦးအား ယခုကဲ့သို့ အပြီးသတ်အမိန့် ချမှတ်လိုက်ခြင်းသည် ၅၀၅-က ဥပဒေ မပြင်ဆင် မပြဋ္ဌာန်းခင် ပြောခဲ့သည့် ဗီဒီယိုဖိုင်အား တရားစွဲဆိုခြင်းဖြစ်သောကြောင့် ဥပဒေက နောက်ကြောင်းပြန် သက်ရောက်နေသလားဟု ရှေ့နေက မေးခွန်းထုတ်ခဲ့ပြီး၊ တရားမျှတမှု မရှိဟု ၎င်းရှေ့နေက သုံးသပ် ပြောဆိုသည်။crd

Leave a Reply

Your email address will not be published.