ျမစ္ႀကီးနားရွိ မိဘမဲ့ေက်ာင္းတြင္ လာလႉသည့္ ဒံေပါက္မ်ား စားမိၿပီး ကေလးမ်ား…..see more
ျမစ္ႀကီးနားရွိ မိဘမဲ့ေက်ာင္းတြင္ လာလႉသည့္ ဒံေပါက္မ်ား စားမိၿပီး ကေလးမ်ားမူးေဝေအာ့အန္မႈ ျဖစ္ပြား
ျမစ္ႀကီးနားၿမိဳ႕ မိဘမဲ့ကေလး ျပဳစု ေစာင့္ေရွာက္ေရး ေက်ာင္းတေက်ာင္းတြင္ ေက်ာင္းသူ/ သားမ်ား မူးေဝ ေအာ့အန္မႈ ျဖစ္ပြားၿပီး ျမစ္ႀကီးနား ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူေနရ ေၾကာင္း သိရပါတယ္။
ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔တြင္ အလႉရွင္ မိသားစုတစ္စုမွ ကေလးမ်ား စားေသာက္ရန္ ေက်ာင္းသို႔ ဒံ ေပါက္လာလႉဒါန္းခဲ့ၿပီး အဆိုပါ ဒံေပါက္စား ၿပီးေနာ က္ပိုင္း ကေလးမ်ား စၿပီးဖ်ားလာေၾကာင္းေက်ာင္း
ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာပါတယ္။ “ကေလးေတြက ပုံမွန္ထမင္းစားခ်ိန္ မနက္ (၈) နာရီမွာ အလႉ ရွင္မိသားစု လႉထားတဲ့ ဒံေပါက္ စားၾကတယ္။ အဲဒါစားၿပီး သိပ္မၾကာဘူး၊ ကေလးႏွစ္ေယာက္ သုံးေယာက္
ေလာက္ စၿပီးအန္ လာတယ္။ ပုံမွန္ ရိုးရိုးဖ်ားတာပဲထင္ၿပီး မက္ခေလာင္ ေတြျခစ္ေပးၿပီး ေဆးတိုက္ထား ေသးတယ္။ ေနာက္ေတာ့ ဒံေပါက္စားတဲ့ေက်ာ င္းသား အားလုံး ျဖစ္လာတယ္။ တခ်ိဳ႕ ကေလးေတြ
ဆို လဲေတာင္လဲက် သြားတယ္ အားလုံးေပါင္း (၅၂) ေယာက္ ဟုတ္တယ္။ အဲဒါနဲ႔ အေလာတႀကီး ျမစ္ႀကီးနား ေဆး႐ုံႀကီးကို ပို႔ေဆာင္ ၾကတာေပါ့ “ဟု ဆိုပါတယ္။ အဆိုပါ မိဘမဲ့ကေလး ျပဳစု ေစာင့္ေရွာက္ေရး ေက်ာင္းတြင္ ယခုကဲ့သို႔ေသာ ျဖစ္စဥ္သည္ ပ ထမဆုံး အႀကိမ္ျဖစ္ၿပီး မူးေဝေအာ့န္တဲ့ ကေလးမ်ား အားလုံး ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ဆက္ လက္ ခံယူေန ေၾကာင္းလည္း သိရပါတယ္။ crd
မြစ်ကြီးနားရှိ မိဘမဲ့ကျောင်းတွင် လာလှူသည့် ဒံပေါက်များ စားမိပြီး ကလေးများ…..see more
မြစ်ကြီးနားရှိ မိဘမဲ့ကျောင်းတွင် လာလှူသည့် ဒံပေါက်များ စားမိပြီး ကလေးများမူးဝေအော့အန်မှု ဖြစ်ပွား
မြစ်ကြီးနားမြို့ မိဘမဲ့ကလေး ပြုစု စောင့်ရှောက်ရေး ကျောင်းတကျောင်းတွင် ကျောင်းသူ/ သားများ မူးဝေ အော့အန်မှု ဖြစ်ပွားပြီး မြစ်ကြီးနား ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရ ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် အလှူရှင် မိသားစုတစ်စုမှ ကလေးများ စားသောက်ရန် ကျောင်းသို့ ဒံ ပေါက်လာလှူဒါန်းခဲ့ပြီး အဆိုပါ ဒံပေါက်စား ပြီးနော က်ပိုင်း ကလေးများ စပြီးဖျားလာကြောင်းကျောင်း
နှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။ “ကလေးတွေက ပုံမှန်ထမင်းစားချိန် မနက် (၈) နာရီမှာ အလှူ ရှင်မိသားစု လှူထားတဲ့ ဒံပေါက် စားကြတယ်။ အဲဒါစားပြီး သိပ်မကြာဘူး၊ ကလေးနှစ်ယောက် သုံးယောက်
လောက် စပြီးအန် လာတယ်။ ပုံမှန် ရိုးရိုးဖျားတာပဲထင်ပြီး မက်ခလောင် တွေခြစ်ပေးပြီး ဆေးတိုက်ထား သေးတယ်။ နောက်တော့ ဒံပေါက်စားတဲ့ကျော င်းသား အားလုံး ဖြစ်လာတယ်။ တချို့ ကလေးတွေ
ဆို လဲတောင်လဲကျ သွားတယ် အားလုံးပေါင်း (၅၂) ယောက် ဟုတ်တယ်။ အဲဒါနဲ့ အလောတကြီး မြစ်ကြီးနား ဆေးရုံကြီးကို ပို့ဆောင် ကြတာပေါ့ “ဟု ဆိုပါတယ်။ အဆိုပါ မိဘမဲ့ကလေး ပြုစု စောင့်ရှောက်ရေး ကျောင်းတွင် ယခုကဲ့သို့သော ဖြစ်စဉ်သည် ပ ထမဆုံး အကြိမ်ဖြစ်ပြီး မူးဝေအော့န်တဲ့ ကလေးများ အားလုံး ဆေးရုံကြီးတွင် ဆေးကုသမှု ဆက် လက် ခံယူနေ ကြောင်းလည်း သိရပါတယ်။ crd