Aung La Nsang နိုင္ရင္ ခိုးေျပးမယ္ေနာ္
ငယ္ငယ္တုန္းက အျဖစ္အပ်က္ဆိုေတာ့ မွတ္မိဦးမလားဟင္။ အတန္းေဖာ္ေတြက မင္းကို အနိုင္က်င့္ရင္ ကိုယ္ပဲ ဒိုင္ခံရွင္းေပးရတယ္ေလ။ မင္းေျပာတဲ့ စကားတစ္ခြန္းေၾကာင့္ အားရွိသြားတယ္။ “အရမ္းအားကိုးတာပဲ အစ္ကို” တဲ့။ ႏူးညံ့တဲ့ ႏႈတ္ခမ္းပါးက ထြက္က်လာတဲ့ “အစ္ကို” စကားလုံးေလးက ကိုယ့္ကို သူရဲေကာင္းႀကီးလို ခံစားရတယ္။ မင္းအတြက္ဆိုရင္ ရန္သူတစ္ေထာင္ကိုလည္း ရင္ဆိုင္ရဲတယ္။
မင္းက ပါးေပၚမွာ စံပယ္တင္မွဲ႕ေလးနဲ႔ေနာ္။ ျပဳံးလိုက္ရင္ အရမ္းလွတာပဲသိလား။ သနပ္ခါးေလးကို အျမဲလိမ္းထားတယ္။ လူႀကီးမိဘေတြကိုလည္း ရိုေသတယ္။ အေနအထိုင္လည္း ပိရိတယ္။ ဒါေတြက ကိုယ္သေဘာက်တဲ့ အခ်က္ေတြပါပဲ။ မင္းကလည္း ကူညီတတ္တဲ့ ကိုယ့္ကို အားကိုးလြန္းတယ္ေနာ္။”အစ္ကိုေရာက္လာရင္ အားရွိတယ္” တဲ့။ ဒီစကားလုံးေတြေၾကာင့္ အစ္ကိုလည္း မင္းေဘးမွာ ဆက္ရွိေနတာပါ။
မင္းက ကရာေတးလည္း ကစားတယ္ေနာ္။ အင္းေလ . . . အခုလို ေခတ္ပ်က္ႀကီးထဲမွာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္နိုင္ဖို႔ ကိုယ္ခံပညာ သင္ထားရမွာပဲ။ အစ္ကိုလည္း အားကစားကို ဝါသနာပါတယ္။ “အသြင္မတူ အိမ္သူမျဖစ္” ဆိုတဲ့ စကားပုံလိုပဲျဖစ္မယ္။ ဒါေပမယ့္ အားကစားကို ရႈျမင္သုံးသပ္တဲ့အခါမွာ အစ္ကိုတို႔က အျမင္မတူဘူးေနာ္။
အစ္ကိုက Conor McGregor ကို သေဘာက်ေပမယ့္ မင္းက Khabib Nurmagomedov ကို ႀကိဳက္သလိုေပါ့။ အစ္ကိုက Striking ကို သေဘာက်တယ္။ မင္းက Control Control လုပ္တာကို ႏွစ္သက္တယ္။ အျမင္တူတာရွိတယ္။ အဲဒါက တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကတယ္ဆိုတာပဲ။
မင္းပါးေလးကို ရႊတ္ခနဲ နမ္းလိုက္ရင္ ေျပာေနက် စကားေလးကို မွတ္မိေသးတယ္။ “အရမ္းဆိုးတာပဲ” တဲ့။ ေျပးထြက္သြားမွာစိုးလို႔ ဖက္ထားရင္လည္း “အရိုးေတြ က်ိဳးကုန္ေတာ့မယ္၊ သြားလူဆိုး” တဲ့။ မင္းက က်က္သေရရွိ႐ုံတင္ မဟုတ္ဘူး။ ခ်စ္စရာလည္းေကာင္းတယ္ေနာ္။
မိဘေတြက အစ္ကိုတို႔ခ်စ္ျခင္းကို တားျမစ္တယ္။ ေရွးရိုးစြဲတဲ့ အျမင္ေတြက အစ္ကိုတို႔ခ်စ္ျခင္းကို မတားနိုင္ပါဘူး။ အစ္ကိုလည္း အဲဒါေတြကို ထည့္မတြက္ပါဘူး။ အစ္ကိုတို႔ အတူေနျဖစ္ရင္ မင္းရဲ့နဖူးေလးကို နမ္းမယ္ . . ပါးေလးကို နမ္းမယ္ . . ၿပီးေတာ့ အဟြန႔္။ “အရမ္းၾကမ္းတာပဲ အစ္ကို” လို႔ မေျပာရဘူးေနာ္။
လူႀကီးေတြ သေဘာမတူဘူး၊ အစ္ကိုတို႔ေတြ ခိုးေျပးရေအာင္။ Vitaly Bigdash ကို Aung La Nsang နိုင္ရင္ ခိုးရာလိုက္မယ္တဲ့။ Aung La Nsang ရဲ့ စိတ္ဓာတ္ခြန္အားက အစ္ကိုတို႔ရဲ့ အခ်စ္ေရးကို အေထာက္အပံ့ျဖစ္ေစမယ္လို႔ မင္း ယုံၾကည္မွန္း ခံစားမိတယ္။ Aung La Nsang က ေသခ်ာေပါက္နိုင္မွာပါ။ ေသာၾကာညမွာ အထုတ္ျပင္ထားေနာ္။ လမ္းထိပ္မွာ အစ္ကို ေစာင့္ေနမယ္။ အရမ္းခ်စ္တယ္ . . ညီ။
Aung La Nsang နိုင်ရင် ခိုးပြေးမယ်နော်
ငယ်ငယ်တုန်းက အဖြစ်အပျက်ဆိုတော့ မှတ်မိဦးမလားဟင်။ အတန်းဖော်တွေက မင်းကို အနိုင်ကျင့်ရင် ကိုယ်ပဲ ဒိုင်ခံရှင်းပေးရတယ်လေ။ မင်းပြောတဲ့ စကားတစ်ခွန်းကြောင့် အားရှိသွားတယ်။ “အရမ်းအားကိုးတာပဲ အစ်ကို” တဲ့။ နူးညံ့တဲ့ နှုတ်ခမ်းပါးက ထွက်ကျလာတဲ့ “အစ်ကို” စကားလုံးလေးက ကိုယ့်ကို သူရဲကောင်းကြီးလို ခံစားရတယ်။ မင်းအတွက်ဆိုရင် ရန်သူတစ်ထောင်ကိုလည်း ရင်ဆိုင်ရဲတယ်။
မင်းက ပါးပေါ်မှာ စံပယ်တင်မှဲ့လေးနဲ့နော်။ ပြုံးလိုက်ရင် အရမ်းလှတာပဲသိလား။ သနပ်ခါးလေးကို အမြဲလိမ်းထားတယ်။ လူကြီးမိဘတွေကိုလည်း ရိုသေတယ်။ အနေအထိုင်လည်း ပိရိတယ်။ ဒါတွေက ကိုယ်သဘောကျတဲ့ အချက်တွေပါပဲ။ မင်းကလည်း ကူညီတတ်တဲ့ ကိုယ့်ကို အားကိုးလွန်းတယ်နော်။”အစ်ကိုရောက်လာရင် အားရှိတယ်” တဲ့။ ဒီစကားလုံးတွေကြောင့် အစ်ကိုလည်း မင်းဘေးမှာ ဆက်ရှိနေတာပါ။
မင်းက ကရာတေးလည်း ကစားတယ်နော်။ အင်းလေ . . . အခုလို ခေတ်ပျက်ကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ကိုယ်ခံပညာ သင်ထားရမှာပဲ။ အစ်ကိုလည်း အားကစားကို ဝါသနာပါတယ်။ “အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့ စကားပုံလိုပဲဖြစ်မယ်။ ဒါပေမယ့် အားကစားကို ရှုမြင်သုံးသပ်တဲ့အခါမှာ အစ်ကိုတို့က အမြင်မတူဘူးနော်။
အစ်ကိုက Conor McGregor ကို သဘောကျပေမယ့် မင်းက Khabib Nurmagomedov ကို ကြိုက်သလိုပေါ့။ အစ်ကိုက Striking ကို သဘောကျတယ်။ မင်းက Control Control လုပ်တာကို နှစ်သက်တယ်။ အမြင်တူတာရှိတယ်။ အဲဒါက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာပဲ။
မင်းပါးလေးကို ရွှတ်ခနဲ နမ်းလိုက်ရင် ပြောနေကျ စကားလေးကို မှတ်မိသေးတယ်။ “အရမ်းဆိုးတာပဲ” တဲ့။ ပြေးထွက်သွားမှာစိုးလို့ ဖက်ထားရင်လည်း “အရိုးတွေ ကျိုးကုန်တော့မယ်၊ သွားလူဆိုး” တဲ့။ မင်းက ကျက်သရေရှိရုံတင် မဟုတ်ဘူး။ ချစ်စရာလည်းကောင်းတယ်နော်။
မိဘတွေက အစ်ကိုတို့ချစ်ခြင်းကို တားမြစ်တယ်။ ရှေးရိုးစွဲတဲ့ အမြင်တွေက အစ်ကိုတို့ချစ်ခြင်းကို မတားနိုင်ပါဘူး။ အစ်ကိုလည်း အဲဒါတွေကို ထည့်မတွက်ပါဘူး။ အစ်ကိုတို့ အတူနေဖြစ်ရင် မင်းရဲ့နဖူးလေးကို နမ်းမယ် . . ပါးလေးကို နမ်းမယ် . . ပြီးတော့ အဟွန့်။ “အရမ်းကြမ်းတာပဲ အစ်ကို” လို့ မပြောရဘူးနော်။
လူကြီးတွေ သဘောမတူဘူး၊ အစ်ကိုတို့တွေ ခိုးပြေးရအောင်။ Vitaly Bigdash ကို Aung La Nsang နိုင်ရင် ခိုးရာလိုက်မယ်တဲ့။ Aung La Nsang ရဲ့ စိတ်ဓာတ်ခွန်အားက အစ်ကိုတို့ရဲ့ အချစ်ရေးကို အထောက်အပံ့ဖြစ်စေမယ်လို့ မင်း ယုံကြည်မှန်း ခံစားမိတယ်။ Aung La Nsang က သေချာပေါက်နိုင်မှာပါ။ သောကြာညမှာ အထုတ်ပြင်ထားနော်။ လမ်းထိပ်မှာ အစ်ကို စောင့်နေမယ်။ အရမ်းချစ်တယ် . . ညီ။crd