Categories
သတင္း

၂၀၂၂ခုနစ် ဗုဒ္ဓဟူးသားသမီးများအတွက် တနှစ်စာ ဟောစာတမ်း

၂၀၂၂ခုနစ် ဗုဒ္ဓဟူးသားသမီးများအတွက် တနှစ်စာ ဟောစာတမ်း

ဗုဒ္ဓဟူးသားသမီးများတို့သည် နှစ်ကူးစ စိတ်သစ်ကိုယ်သစ်နှင့် စိတ်ကူးသစ်ဖြင့်၊ အလုပ်များ ဆောင်ရွက်ရမည်။ နိုင်ငံခြားခရီး သွားလာခြင်းများ ကြုံလာတတ်သည်။ မိမိခန့်အပ်ထားသော အတွင်းလူများနှင့် ဆက်ဆံရေးတွင် ပြဿနာ ပေါ်ပေါက်လာတတ်သည်။ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ ကျပျောက်တတ်သည်။ ယခုနှစ်တွင် (16. 1. 2022 မှ စ၍ ( 16. 4. 2022) အထိ မိမိလုပ်ငန်းခွင်များ အောင်မြင်မှုများ ရရှိလိမ့်မည်။

အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ယာဉ်နှင့်ဆက်ပစွည်းရောင်းဝယ်ခြင်း၊ စားသောက်ကုန်ရောင်းချခြင်း၊ အုတ်၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ အုန်းဆီ၊ အုန်းသီးလုပ်ငန်း၊ အိမ်အလှဆင်လုပ်ငန်း၊ အိမ်ငှားလုပ်ငန်းများ ပိုမိုဖြစ်ထွန်းမည်။ လုပ်ငန်းကိစ္စအတွက် အဂ်ါ၊ တနဂ်နွေသားသမီးများနှင့် တွဲဖက် ဆောင်ရွက်ရမည်။ ပညာရေးတွင် မိမိရည်မှန်းချက် အထူးထားပြိး အောင်မြင်အောင် ဆွတ်ခူးနိုင်မည်။ နိုင်ငံရပ်ခြားသို့ ပညာသင်ယူရန် အခွင့်အရေးများ ဝင်လာတတ်သည်။

မကြာခဏ စိတ်ရှုပ်ထွေးမှုများ၊ ငွေကြေးအခက်အခဲများနှင့် သူတစ်ပါးကြောင့်ဖြစ်သော ပြဿနားများကို ဝင်ရောက် ဖြေရှင်းပေးခြင်းများ ကြုံတွေ့လာတတ်၏။ သို့သော် နှစ်ဖက်မိဘဆွေမျိူးသားချင်းနှင့် မိတ်ကောင်း၊ မိတ်သဂ်ဟများ မိမိကို အကူအညီများ ပေးမည်။ ပျိူရွယ်သူများ ချစ်သူတစ်ယောက်ပြိး တစ်ယောက် ခဏခဏ ပြောင်းလဲခြင်းများ ဖြစ်နေတတ်သည်။ သို့သော် မိမိဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြိးမှ လက်ခံသင့်သည်။ အချစ်ရေး ထင်သလောက် ခရီးပေါက်နိုင်ပါ။

အိမ်ထောင်ရှင်များ၊ သားသမီးရတနာ ထွန်းကားပြီး စီးပွားရေး တိုးတတ်လာမည်။ အိမ်ထောင်ရေးတွင် သူတစ်ပါးကြောင့်ဖြစ်သော ပြဿနာများကို ဝင်ရောက် ဖြေရှင်းပေးရမည်။ အိမ်တွင်းရေးပြဿနာများ ဖြေရှင်းပေးရတတ်သည် ဤနှစ်တွင် ရောဂါဘယ အမျိူးမျိူး နှိပ်စက်ခြင်းခံရမည်။ ကျန်းမာရေးတွင် ဆီးချိူ၊ အဖျားအနာ၊ အပူနာရောဂါများ၊ အရိုးအကြော၊ အကျိတ်နာ၊ လေးဘက်နာ၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ အကြောတတ်၊ ဗိုက်အောင်ခြင်း ရောဂါဝေဒနာများ ခံစားရတတ်သည်။

အထူးဟော… အနောက်မြောက်အရပ် ခရီးသွားခြင်း၊ လူမှုရေးကိစ္စ ဆောင်ရွက်ခြင်းများ ရှောင်ကျဉ်ပေးပါ။ မိမိလုပ်ငန်း လုပ်ဆောင်ရာတွင် စနေ၊ ဗုဒ္ဓဟူးသားသမီးများဖြင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။ ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းများ၊ အာမခံလက်မှတ်ထိုးခြင်း ရှောင်ကြဉ်ပါ။ အကျိူးပေးအက္ခရာ – (က၊ လ၊ ထ၊ အ) အကျိူးပေးဂဏန်း – (၂. ၇. ၈. ၃) အကျိူးပေးအရောင် – အစိမ်းရောင်၊ ပန်းရောင်၊ကြည်ပြာရောင်၊ ဆင်စွယ်ရောင် အကျိူးမပေးနေနံ – (စနေ၊ ဗုဒ္ဓဟူး) အကျိူးမပေးအရပ် – အနောက်မြောက်

ယတြာ- ဤနှစ်လ အပတ်တိုင် တစ်နှစ်လုံး မိမိနေနံ ဂြိုဟ်ဘုရား ဗုဒ္ဓဟူးနေနံနေ့ မိမိမွေးနေ့မှ ခရေညွန့်၊ သြဇာညွန့်၊ သပြေညွန့် (၉) ညွန့်စီ အစိမ်းရောင် ပန်းအိုးဖြင့် ဘုရားပူဇော်ပြိး ရွှေထီး၊ ငွေထီး၊ တံခွန်ကုက္ကား၊ ယပ်တောင် (၇) ချောင်းနှင့် ရွှေဆိုင်းကပ်လှူပေးပါ။ အဓိဌာန်ဝင်ခြင်း၊ ပုတီးစိပ်ခြင်းများ ဆောင်ရွက်ပေးပါ။ crd

Leave a Reply

Your email address will not be published.