ဧည့်စာရင်းစစ်တာပါဆိုပြီး မတရားဖမ်းဆီးခံလိုက်ရတဲ့ အလှမယ် သင်းသင်း ပြန်လည်လွတ်မြောက်..a
ဧည့်စာရင်းစစ်တာပါဆိုပြီး မတရားဖမ်းဆီးခံလိုက်ရတဲ့ အလှမယ် သင်းသင်း ပြန်လည်လွတ်မြောက်
မော်ဒယ်သရုပ်ဆောင် သင်းသင်းကို မနေ့ညက လုံခြုံရေး ဝန်ထမ်းများ မှ နေအိမ်မှာ လာရောက်ပြီး ဖမ်းဆီးသွားတာကို သရုပ်ဆောင် သင်းသင်းရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်မှုအရ သိရပါတယ်။
မော်ဒယ်သရုပ်ဆောင် သင်းသင်းရဲ့ နေအိမ်ကို ဧည့်စာရင်းစစ်ဖို့ တံခါးဖွင့်ခိုင်ပြီးမှ ဝင်ရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးမခံရခင် သင်းသင်းက အခြေအနေကို Live လွှင့်ပြီး ပြည်သူတွေကို အသိပေး ပြောဆိုမှုတွေ လုပ်နိုင် ခဲ့ပေမယ့် နောက်ဆုံးမှာ ဖုန်းကိုလုပြီး ဖမ်းဆီးခံ ခဲ့ရတာဖြစ်ပါတယ်။
ယနေ့မှာတော့ သရုပ်ဆောင် သင်းသင်းဟာ ပြန်လည် လွှတ်မြောက်လာပြီဖြစ်ကြောင်း ကနဦး သတင်းများအရ သိရပါတယ် ။ crd
Leave a Reply
Your email address will not be published.