ခရိုနီ ဦးချစ်ခိုင် ပိုင် Denko ဆီဆိုင် နောက်ထပ်တစ်ဆိုင်မီးလောင်ပြာကျ (ရုပ်/သံ)

ခရိုနီ ဦးချစ်ခိုင် ပိုင် Denko ဆီဆိုင် နောက်ထပ်တစ်ဆိုင်မီးလောင်ပြာကျ (ရုပ်/သံ)

ဘုတလင်မြို့အနီးရှိ ခရိုနီ ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်ကို ဒေသ ကာကွယ် ရေး တပ်ဖွဲ့များက မီးရှို့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီးရှိ စစ်တပ်နှင့် စီးပွားရေး ဆက်စပ် လုပ်ကိုင် သည်ဟု သတ်မှတ်ခံထားရသော ခရိုနီ ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်ကို ယမန် နေ့ ဖေဖေါ်ဝါရီလ ၂၂ ရက် ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မီးရှို့ တိုက်ခိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ည ၇ နာရီအချိန်တွင် ဦးချစ်ခိုင်ပိုင်ဆိုင်သော Denko ဆီဆိုင်ရှိ ဝန် ထမ်း များကို ရွှေ့ပြောင်းခိုင်းပြီး ၂ ခြောက်လုံးအထိမ်းအမှတ် မီးရှို့ တိုက် ခိုက် ခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ရန်ကြီးအောင် YGA၊ ဒုံးပျံ၊ ဒေါင်း စစ်သည် စသည့် LPDF အဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Denko ဆီဆိုင်ဘက်ကမူ ၎င်းတို့သည် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းသည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း၊ သတင်းများကို အချက်အလက်ဖြင့် ရေးသားကြရန် လွန်ခဲ့သော ရက်ပိုင်းအတွင်းက တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။ crd

ဘုတလင္ၿမိဳ႕အနီးရွိ ခ႐ိုနီ ဦးခ်စ္ခိုင္ပိုင္ Denko ဆီဆိုင္ကို ေဒသ ကာကြယ္ ေရး တပ္ဖြဲ႕မ်ားက မီးရႈိ႕တိုက္ခိုက္ (႐ုပ္/သံ)

စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕အနီးရွိ စစ္တပ္ႏွင့္ စီးပြားေရး ဆက္စပ္ လုပ္ကိုင္ သည္ဟု သတ္မွတ္ခံထားရေသာ ခ႐ိုနီ ဦးခ်စ္ခိုင္ပိုင္ Denko ဆီဆိုင္ကို ယမန္ ေန႔ ေဖေဖၚဝါရီလ ၂၂ ရက္ ညပိုင္းတြင္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက မီးရႈိ႕ တိုက္ခိုက္ေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ ည ၇ နာရီအခ်ိန္တြင္ ဦးခ်စ္ခိုင္ပိုင္ဆိုင္ေသာ Denko ဆီဆိုင္ရွိ ဝန္ ထမ္း မ်ားကို ေ႐ႊ႕ေျပာင္းခိုင္းၿပီး ၂ ေျခာက္လုံးအထိမ္းအမွတ္ မီးရႈိ႕ တိုက္ ခိုက္ ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ တိုက္ခိုက္မႈကို ရန္ႀကီးေအာင္ YGA၊ ဒုံးပ်ံ၊ ေဒါင္း စစ္သည္ စသည့္ LPDF အဖြဲ႕မ်ား၊ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ား ပူးေပါင္း၍ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အထိအခိုက္မရွိ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

Denko ဆီဆိုင္ဘက္ကမူ ၎တို႔သည္ စစ္ေကာင္စီအတြက္ ေလယာဥ္ဆီ တင္သြင္းသည္ဆိုေသာ သတင္းမ်ားမွာ မွန္ကန္မႈမရွိေၾကာင္း၊ သတင္းမ်ားကို အခ်က္အလက္ျဖင့္ ေရးသားၾကရန္ လြန္ခဲ့ေသာ ရက္ပိုင္းအတြင္းက တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္ထားသည္။ crd

 

Leave a Reply

Your email address will not be published.