Categories
သတင္း
Online မှာ ကြေညာရောင်းချနေတဲ့ ပစ္စည်းတွေကို စစ်ဆေးပြီးအရေးယူဆောင်ရွက်ဖို့…see more
Online မှာ ကြေညာရောင်းချနေတဲ့ ပစ္စည်းတွေကို စစ်ဆေးပြီးအရေးယူဆောင်ရွက်ဖို့…see more
Online နဲ့ Social Media တွေမှာ ကြေညာရောင်းချနေတဲ့ အစားသောက်၊ ဆေးဝါးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေကို အမြဲမပြတ် စောင့်ကြည့်ပြီး တရား ဥပဒေနဲ့မညီညွတ်တာတွေကို အရေးယူဆောင်ရွက်ဖို့ ဒုဗိုလ်ချုပ်မှူးကြီး စိုး၀င်းကပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေးကောင်မတီ အစည်းအဝေးကို ဒုဗိုလ်ချုပ်မှူးကြီးစိုး၀င်းတက် ရောက်အမှာစကားပြောတုန်းက အခုလို ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။
ပြည်တွင်းကို တရားမ၀င် တင်သွင်းရောက်ရှိနေတဲ့ ပြည်သူတွေကို အန္တရာယ်ဖြစ်စေမယ့်အစားအသောက် ၊ ဆေးဝါးနဲ့ အလှကုန်တွေကို ဥပဒေနဲ့ အညီအရေးယူမှုတွေ ဆောင်ရွက်ကြဖို့နဲ့ ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လုံခြုံတဲ့ ပတ်၀န်းကျင်ကို ဖော်ဆောင် ပေးဖို့ ဒုဗိုလ်ချုပ်မှူးကြီး စိုး၀င်းက မှာကြားပါတယ်။
တရားမ၀င်ကုန်သွယ်မှုတွေကို ဖမ်းဆီးရာမှာ မြေပြင်စစ်ဆေးရေးအဖွဲ့တွေအနေနဲ့ ပုံမှန်စစ်ဆေးတာတွေ၊ ကုန်ချစစ်ဆေးတာတွေအပြင် လိုင်စင်မဲ့ယာဥ်တွေကိုပါ တားဆီးစစ်ဆေးနိုင်ရေးဆောင်ရွက်ကြဖို့နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရလေဆိပ်မှာတင် မဟုတ်ဘဲ ကမ်းရိုးတန်းဆိပ်ကမ်းတွေမှာပါ စစ်ဆေးအရေးယူဖမ်းဆီးနိုင် ရေး ဆောင်ရွက်ကြဖို့လည်း မှာကြားထားပါတယ်။ crd
Leave a Reply
Your email address will not be published.