(ဘာ့ကြောင့်ဖေါက်ပြန်သလဲ) အိမ်ထောင်ရေးဖေါက်ပြန်ခြင်း၏ ပင်မ သော့ခ်ချက်လေးတခု

(ဘာ့ကြောင့်ဖေါက်ပြန်သလဲ) အိမ်ထောင်ရေးဖေါက်ပြန်ခြင်း၏ ပင်မ သော့ခ်ချက်လေးတခု

စုဖုရားလတ်သည် သီပေါ မင်းကို မင်းသားဘဝ ထဲက တွေ့ဖူး သဖြင့် အရိုအသေ မရှိချေ ။ဒိုင်းခင်ခင် သည် သီပေါမင်းကို ဘုရင်ဖြစ်မှ တွေ့ရခြင်းကြောင့် လေးစား ကြောက်ရွံ့မှု့ရှိသည် ။

ထို ၂ ချက်သည် မိုးနှင့် မြေလို အကွာကြီး ကွာ၏ ။စုဖုရားလတ်ထံတွင် မတွေ့ရသော မိန်းမတယောက်၏ အရေးပေး လေးစားခြင်းကို ဒိုင်းခင်ခင် ဆီမှ ရ၏ ။ဒိုင်းခင်ခင်နှင့် တွေ့ရသည့်အခါ သိမ်ငယ်စိတ်များ လျော့ပါးစေသည်။ မိန်းမတယောက် ၏ အလေးမြတ် ပြုခြင်း ကြောင့် ယောက်ကျားတယောက်အတွက် လိုအပ်သော မိမိကိုယ်မိမိ ယုံကြည်စိတ်ချ ခြင်းကို ခံစား ရ၏ ထို့ကြောင့် အလွန် မြတ်နိုး လေသည်။စုဖုရားလတ်သိ ချိန်တွင် ဒိုင်းခင်ခင် သည် ကိုယ်ဝန်လွယ် ထားရလေပြီ ။

မခန့်မှန်းနိုင်သော စုဖုရားလတ်ဒေါသကို မည်သူမျှ မတားဆည်း နိုင်ပေ ။ထိုကာလသည် မိန်းမတယောက် အချစ်ဆိပ် ငယ်ထိပ်မှာ တက်နေသော အချိန် ပင်။စာရေးကောင်းတဲ့ Sis Ellen Grace ရေးထားတဲ့ စာလေးတပုဒ်ထဲက ဒါလေးဖတ်မိတော့ ယောကျာင်္းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တန်ဖိုးထားမှု့ နဲ့ လေးစားမှု့ကို အနဲ နဲ့ အများတော့ အားလုံးလိုချင်ကြသူချည်းလို့ တွေးမိတယ် ။ဖောက်ပြန်တယ်လို့ နာမည်ဆိုးတွေ တပ်ကြတဲ့ နှလုံးသားအလိုလိုက်မှု့တွေဟာ အဲဒီတန်ဖိုးထားမှု့နဲ့ လေးစားမှု့မရှိခြင်းကလာတယ် ။

တချို့ကအချစ်ဆိုတဲ့စကားလုံးကိုတွင်တွင်သုံးတယ်။ပြီးတော့သူတို့ကမချစ်တတ်ကြဘူး။ငါ့လက်ခုပ်ထဲကရေဆိုပြီးတန်ဖိုးထားမှု့လျှော့လာရင်ကြာရင်အိမ်ထောင်ရေးကိုစိတ်ကုန်လာတတ်တာပါပဲ။သိပ်ချစ်လို့လက်ထပ်ခဲ့ကြတဲ့လင်မယား၂ယောက်ရှိတယ်။အသက်လည်းမတိမ်းမယိမ်း။ဇနီးဖြစ်သူကလည်းသိပ်ချောသိပ်ကျက်သရေရှိတယ်။သူတို့ကမရှိအတူရှိအတူရုန်းကန်လာကြတယ်။

ဇနီးဖြစ်သူက ပိုထက်မြက် စီးပွားရှာတာ ပို တော်တယ် ။ ယောကျာင်္းက သိပ်မထက်ဘူး ။ ဇနီးရှာလို့ ချမ်းသာလာတယ် ယောကျာင်္းက အလုပ်တခု လုပ်လိုက် ရှုံးလိုက် နဲ့ မအောင်မြင်ဘူး ။ ကြာတော့ မိန်းမက ယောကျာင်္းကို အထင်သေးလာတယ် ။ အထင်မကြီးတော့ တဲ့ အခါ အရိုအသေ တန်လာတယ် ။

နှစ်တွေကြာတော့ချူစားချင်လို့ယောကျာင်္းကိုအစ်ကိုရဲ့အစ်ကိုကသိပ်တော်တာပဲဆိုပြီးမြှောက်တဲ့မိန်းမနဲ့တွေ့တော့အဲဒီယောကျာင်္းပါသွားရော။

အဲဒီ မြှောက်ပင့်ချူ စားတဲ့ မိန်းမ ရဲ့ ရုပ်ရည် အသွင်အပြင်ဟာ မယားကွီး ခွဖြေားတောငျ မမှီဘူး ။ ဒါပမေယ့ျ ယောကြာငျ်းရဲ့ အတ်တ နဲ့ မာန ကို အရောငျတငျပေးနိုငျတော့ အဲဒီ မိနျးမကိုသာ ပေါငျးသငးျဖို့ ယောကြာငျ်းက ရှေးခယြျခဲ့တယျ ။ပုံပွငျလေးကတော့ ဒါပါပဲ ။ လငျနဲ့ မယား အတူနတောကွာပွီး တယောကျအကွောငျး တယောကျ သိပျသိသှားရငျ လေးစားအထင်ကြီးတာတွေမကျန်တော့တဲ့ အခါ အချစ်ဆိုတာလည်း မကျန်တော့ဘူး ..အချစ်နဲ့ လေးစားခြင်းဟာလည်း တိုက်ရိုက် အချိုးကျပါတယ် ..

လေးစားနိုင်မှလည်း ချစ်နိုင်မှာ ..လေးစားဖို့ တန်ဖိုးထားဖို့ ဆိုတာကလည်း အလကားမရနိုင်ပါ ..လေးစားအောင် တန်ဖိုးရှိအောင် နေပါမှ ပဲ ရနိုင်မယ် မဟုတ်ပါလားCredit

Leave a Reply

Your email address will not be published.