24.Feb.2022 မှ 2.Mar.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

24.Feb.2022 မှ 2.Mar.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေတည်တည်ငြိမ်ငြိမ်နဲ့ အကျိုးပေးတဲ့ကာလပါပဲ။ အပြောင်းအလဲလုပ်တာ၊လက်ရှိအနေအထားကနေ တစ်ခုခု ကိုရွှေ့လျားဆောင်ရွက်လိုက်တာက အဆိုးကိုစတင်ဖြစ်ပေါ်စေပါတယ်။ နေရာထိုင်ခင်းအပြောင်းအလဲတွေလဲ လိုအပ်မှသာလုပ်သင့်တဲ့ကာလပါပဲ။ လူချစ်လူခင်များမယ်။ လူလွတ်များစန်းပွင့်မယ်။

ချစ်ရသူကို ဖွင့်ပြောလို့ကောင်း တယ်။ အထက်လူကြီးဆီ တင်ပြပြောဆိုလို့ကောင်းတယ်။ လက်ထပ်ချင်တဲ့စုံတွဲများ လူကြီးတွေဖွင့်ပြောတာ၊ နားဖောက် တာတွေဆောင်ရွက်လို့ရပါတယ်။ ငွေကြေးအကူအညီတွေရလွယ်တယ်။

မိဘဆီကဖြစ်စေ၊ အလုပ်က ဖြစ်စေ မုန့်ဖိုး ဆိုတာမျိုးတွေရတတ်ပါတယ်။ အလွယ်တွေးရင် အလွယ်ဖြစ်မယ်။ လေးလေးနက်နက်တွေးပြီး ဆောင်ရွက်ခြင်းဖြင့် ဒီကာလမှာလေးနက်တဲ့အောင်မြင်မှုတွေရလိမ့်မယ်။ ချစ်ရေးဆိုဖို့အကောင်းဆုံးကာလဖြစ်သလို အဖြေပေးခေါင်း ညိတ်ဖို့ အကောင်းဆုံးကာလပါပဲ။ ငွေကြေးကံတွေလဲ မညံ့တော့ပါဘူး။LDRSတွေ အတွက်တော့ အချစ်ရေးရှုပ်ထွေးမှုတွေဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။ အခြားတစ်ယောက်နဲ့စွပ်စွဲပြောဆို ခြင်းခံရနိုင် ဖွယ်ရှိ နေပါတယ်။

ကျန်းမာရေးကလဲ ဒီကာလအားနည်းချက် သိပ်မတွေ့ရပါဘူး။ အိမ်ထောင်ရေး က တော့ စီးပွားရေး အပေါ် အားထည့်နေတာကြောင့် သိပ်ပြီး မနွေးထွေးသလိုတော့ ဖြစ်တတ်ပါတယ်။အကျိုးပေးဂဏန်း ၂//၄အထူးဟော ချစ်လို့ ခင်လို့ ကူညီမဲ့သူတွေပေါများတတ်ပါတယ်.ယတြာ ဘုရားမှာကရေကရာကပ်ပါ။

တနင်္လာအနည်းငယ် အခက်အခဲလေးတွေတော့ ရှိနေလိမ့်မယ်။ အဓိကတော့ လုံခြုံရေးကျိုးပေါက်တဲ့ ကာလဖြစ် တော့ အခိုးခံရတာ၊အလုခံရတာ၊အဖမ်းခံရတာမျိုးတွေဖြစ်လွယ်တယ်။ တန်ဖိုးကြီးတာတွေဝတ်ဆင်ပြီး သွားတာ ဆိုင်ကယ်အကောင်းစားတွေစီးပြီးသွားတာမျိုးတွေမလုပ်သင့်သေးပါဘူး။

တတ်နိုင်သမျှ ဒီကာလဟာ အသွားအလာ အပြောအဆိုဆင်ခြင်သင့်ပါတယ်။မလိုအပ်ဘဲ မိမိအတွင်းရေးတွေကို ဘယ်သူမှမပြောမိပါစေနဲ့။ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားနိုင်တာကိုတွေ့ရပါတယ်။

လိုင်းပေါ်တင်ပြီးမိမိကိုအရှက်ခွဲတာမျိုးတွေကြုံရလေ့ရှိတဲ့ကာလဖြစ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး မလိုအပ်တာတွေဝယ်မိနေတတ်ပါတယ်။ ဒီအပတ်ထဲရေတွင်းတူးတာမျိုး၊ရေကန် တည်ဆောက်တာမျိုးရှောင်စေချင်တယ်။ အဘက်ဘက်က တိုးတတ်မှု ကြန့်ကြာတတ်တဲ့အချိန်ပါပဲ။ လုပ်ငန်းစီးပွား အနေနဲ့ အရောင်းထိုင်းနေတတ်တယ်။ အလုပ်ပါးတတ်တယ်။ ဒါပေမဲ့ လှောင်ကုန်တွေကနေ အကျိုးအမြတ်ပြန်ရ တတ်ပါတယ်။ ဖျားတတ် နာတတ်တဲ့ကာလပါပဲ။

ကျန်းမာရေးကြောင့်ခွင့်ယူရတတ်တယ်။ အချစ်ရေးခဏမေ့ထား သင့်တဲ့ ကာလပါပဲ။ အိမ်တွင်းရေး အိမ်ထောင်ရေးကတော့ အဆင်ပြေတာများပါတယ်။ အိမ်တွင်း စီးပွားရေးများလဲ တိုးတတ်လွယ်ပါတယ်။

လူငယ်တွေပညာရေးမှာအားနည်းနေတတ်တယ်။ စိတ်အလိုမကျမှုတွေ၊ဒေါသဖြစ်စရာ တွေကြုံရတတ်တယ်။အကျိုးပေးဂဏန်း ၃//၉ အထူးဟော အခက်အခဲလေးတွေရောပါနေတယ် ယတြာ စံပယ်ပန်းဘုရားကပ်လှူလိုက်ပါ

အင်္ဂါအကြံအစည်တွေကို ကြိုတင်ကြံစည်ပြီးလုပ်ကိုင်သမျှ လွဲနေပါလိမ့်မယ်။ ဖြစ်လာတဲ့အခြေအနေကို မီးစင်ပြီး ကတာကပိုအဆင်ပြေပါလိမ့်မယ်။ ဘာကိစ္စကိုမှ အလျင်စလိုမလုပ်မိပါစေနဲ့။ငွေကြေးနဲ့ပတ်သက်ပြီးငွေကံ နိမ့်ပါးနေခြင်း၊ အဝင်များပေမဲ့ အထွက်ကပိုများခြင်းတွေဖြစ်တတ်ပါတယ်။ ငွေထွက်မဲ့အတူတူ မိမိအတွက်အဖတ် တင်တာတစ်ခုခုဝယ်ထားတာမျိုးလဲ ဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ တတ်နိုင်သမျှစက်ပစ္စည်းတွေပြင်ဆင်မယ် ဆိုရင်တော့ ဒီကာလမှာမိမိနဲ့သိကျွမ်းတဲ့ဆိုင်မှာပဲပြင်ပါ။

အခြားဆိုင်တွေမှာပြင်မိရင် ထင်ထားသည်ထက်ပိုကုန်တာ မဆိုင်တာတွေဖြုတ်လဲခိုင်းတာမျိုးတွေကြောင့် အကုန်အကျများသွားနိုင်ပါတယ်။ ကျန်းမာရေးကတော့ ညံ့နေရာက နေပြန်ကောင်းလာနိုင်တာကိုတွေ့ရပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ အချိတ်အဆက်တွေရလာတတ်ပါတယ်။ ကျေးဇူး ပြုဖူးခဲ့တဲ့သူတွေက ပြန်ကျေးဇူးဆပ်တာမျိုးတွေကြုံရတတ်ပါတယ်။ ခရီးတို ၊ခရီးရှည်သွားရမည်။ ကောင်းသော ခရီးဖြစ်မည်။ အထောက်အပံ့အကူအညီတွေရမည်။

မိခင်ကျန်းမာရေးဂရုစိုက်ပါ။ မိသားစုအရေး ၊အိမ်တွင်းအရေး ပူပန်ရမည်။ အဝေးကသတင်းကောင်းကြားရမည်။ လူငယ်တွေအချစ်ရေးကံကောင်းနေပါ လိမ့် မယ်။ အချစ်သစ် ရည်းစားသစ်ဆိုတာလဲ ရလွယ်ပါတယ်။

ကျန်းမာရေးလဲကောင်းနေမှာပါ။ ဗိုက်အောက်ဗိုက်နာတာ ကလွဲလို့ အခြား အားနည်းချက်သိပ်မတွေ့ပါဘူး။ ပညာရေးနယ်ပယ်မှာတော့ ပညာအသစ်တစ်ခုစတင်သင်ယူလို့ အကောင်းဆုံး အချိန်ပါ။အကျိုးပေးဂဏန်း ၄//၆အထူးဟော ကံသင့်ပါတယ်။ယတြာ သရက်သီးသနပ် ဘုရားကပ်ပါ။

ဗုဒ္ဓဟူး/ရာဟုအခက်အခဲတွေကြားထဲက ရုန်းထွက်အောင်မြင်နိုင်မဲ့ကာလပဲဖြစ်ပါတယ်။မိမိကိုယ်တိုင်က လေးနေ၊နှေးနေ ရင်တော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာမယ်မထင်ပါဘူး။ အမှုအခင်းတွေဖြစ်နိုင်ပေမဲ့ ကောင်းစွာကျော်ဖြတ် နိုင်ပါလိမ့်မယ်။ ဖောက်သည်သစ်တိုးခြင်း၊ မိတ်ဆွေကောင်းတွေကူညီခြင်းတွေကြောင့် လုပ်ငန်းစီးပွားတွေတိုးတတ် ဖွယ်ရာအခြေအနေကြုံရပါလိမ့်မယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးအကူအညီကောင်းတွေရလာတတ်ပါတယ်။

အလုပ်အကိုင်နဲ့ပတ်သက်ပြီးဆိုင်ခွဲဖွင့်တာမျိုးတွေ၊ အလုပ်သစ်စတာမျိုးတွေဆောင်ရွက်လို့ကောင်းတဲ့ကာလပဲဖြစ် ပါတယ်။ သားသမီးကြောင့်စိတ်ချမ်းသာရတာ၊ သားသမီးထံကအကူအညီကောင်းတွေရလာမျိုးတွေကြုံရတတ်တဲ့ ကာလလဲဖြစ်ပါတယ်။

အိမ်တွင်းစီးပွားရေးမှာတော့ ပြန်လည်ဦးမော့လာတတ်ပါတယ်။ မိသားစုအတွင်း ပြေလည် မှုတွေပြန်ရတတ်ပါတယ်။ငယ်ရွယ်သူများအချစ်ရေးအထူးစန်းပွင့်နေမည်။ ချစ်ရေးဆိုခြင်းခံရတတ်သည်။အိမ်ထောင်ရှင်များ သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ အောက်လက်ငယ်သားတွေရဲ့အကူအညီရလာတတ်သည်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်သည်။ အစားအသောက်ဆင်ခြင်စေချင်သည်။အရက်သေစာလဲ လျှော့သောက် သင့်တဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၅//၈အထူးဟော လုပ်ငန်းကံပွင့်လာလိမ့်မယ်ယတြာ ထောပတ်သီးမှည့်ဘုရားကပ်ပါ

ကြာသပတေးစိတ်ထဲ လောဘကြီးနေတတ်ပါတယ်။ ဟိုဟာလဲ လုပ်ချင်၊ဒီဟာလဲလုပ်ချင်ဆိုတာမျိုးတွေ ဖြစ်နေပါလိမ့် မယ်။ ငွေကြေးအမြောက်အများဆုံးရှုံးနိုင်တဲ့ကာလဖြစ်တာမို့ ရင်းနှီးမြုပ်နှံမှုတွေ၊ တစ်ခုခုကိုနားမလည်ဘဲ ဝယ်ခြမ်း လိုက်တာမျိုးတွေရှောင်လိုက်စေချင်ပါတယ်။ တတ်နိုင်သမျှ မလိုအပ်ဘဲခရီးသွားတာမျိုးတွေရှောင်ပါ။ ခရီးလမ်း ကြန့်ကြာတာ၊ ခရီးလမ်းမှာအဆင်မပြေဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်သောစီး ပွားရေး မှာ ဒီအပတ်အတွင်း အသစ်စလို့မကောင်းသေးပါဘူး။

ကံကောင်းတာက ငွေနောက်မလိုက်နဲ့။ ကိုယ့်အလုပ် ကို အေးအေးဆေးဆေးလုပ်ပါ။အလုပ်ကိုစိတ်နှစ်ထားတာအကောင်းဆုံးကိစ္စပါပဲ။ ဘာသာရေးနဲ့ပတ်သက်သော အငြင်း အခုံကိစ္စတွေကို ဒီအပတ်အတွင်းမလုပ်ပါနဲ့။ ချစ်သူရည်စား မရှိသေးသူများ အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရ တတ်သည်။ အလုပ်ဝန်ပိတာ ၊မနိုင်ဝန်ထမ်းရတာမျိုးတော့ရှိတတ်ပါတယ်။ အခက်အခဲတွေကြုံပါစေ…. မိတ်ဆွေ သူငယ်ချင်းတွေရဲ့ကူညီမှုတွေကြောင့် ပြေလည်သွားတတ်ပါတယ်။

အလုပ်ပို ၊ကိစ္စပိုတွေကြောင့်ငွေကုန်လူပန်းဖြစ် ရတတ်ပါတယ်။အနည်းငယ် ဂရုစိုက်ပါ။ အရင်ဖြစ်ခဲ့ဖူးတဲ့ ရောဂါဝေဒနာတွေ ပြန်ဖြစ်တတ်ပါတယ်။ လူမျိုးခြား ဘာသာခြားတွေနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းများ အညံ့များနေတတ်ပါတယ်။ လူမှုရေးကိစ္စများ အားနည်း ချက် ရှိနေတတ်ပါတယ်။ ပညာရေးကတော့ မိမိကိုယ်တိုင် စိတ်ပါဝင်စားမှု အားနည်းနေပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁//၈အထူးဟော ကံနိမ့်နေတယ်ဗျ ယတြာ တောင်းရမ်းသူကို တတ်နိုင်သလောက်လှူဒါန်းလိုက်ပါ

သောကြာအလှုပ်အရှားအသွားအလာများမဲ့ကာလပါပဲ။ အငြိမ်မနေရတတ်ပါ။ မထင်မှတ်ဘဲ ခရီးရှည်တွေလဲသွားနေရ တတ်ပါတယ်။ တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းတွေရလာတတ်ပါတယ်။ အောက်လက် ငယ်သားတွေကို အားကိုး လို့မရသေးတဲ့ကာလပါပဲ။ ဒီကာလဟာ လူမှုရေးတစ်ခုပဲအထူးညံ့နေတယ်။အိမ်တွင်းမိသားစုနယ်ပယ်၊ အပေါင်း အသင်း မိတ်ဆွေ နယ်ပယ်တွေမှာ စကားများစရာ စိတ်ဝမ်းကွဲစရာကြုံလာနိုင်တယ်။ အလုပ်အကိုင်နေရာထိုင်ခင်း အပြောင်းအရွေ့ကြုံရနိင်တယ်။

ကောင်းသောပြောင်းခြင်းပါ။ အိမ်ဝယ်ဖို့ ၊လုပ်ငန်းသစ်စတင်လုပ်ကိုင်ဖို့၊ ဆိုင်းဘုတ် သစ်တင်ဖို့ကိစ္စတွေတော့ မလုပ်သင့်သေးပါဘူး။ ခရီးဝေးသွားရတတ်တယ်။ ဘာသာရေးကိစ္စအလှူကိစ္စတွေအတွက် ခရီးဝေးသွားရမည်။ ငွေကတော့ ဝင်နေပေမဲ့ ထွက်တာကပိုများနေတတ်တယ်။ပရဟိတအလုပ်၊ လူမှုရေးအသင်း အဖွဲ့တွေမှာ အကူအညီတောင်းခံရခြင်း၊တာဝန်ပေးခံရခြင်းတွေကြုံရလိမ့်မယ်။ ကျန်းမာရေးကတော့ ဂရုစိုက်ရမဲ့ အနေအထားပါ။

ရောဂါရလွယ်တဲ့ ကာလပါပဲ။ အထူးသဖြင့်သွေးအားနည်းတာမျိုး၊အကြောအချဉ် တက်တာမျိုး တွေဖြစ်တတ်ပါတယ်။အိမ်တွင်းရေးမှာ အိမ်ထောင်ဦးစီးကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေးကံကတော့ ချစ်သူနဲ့ အဆင်ပြေချောမွေ့မဲ့ကာလပါပဲ။ ပညာရေးအားနည်းနေအတွက် ပိုကြိုးစားစေချင်ပါ တယ်။အကျိုးပေးဂဏန်း ၂//၉အထူးဟော ကျန်းမာရေးယုတ်လျော့အားနည်းနေပါတယ် ယတြာ နန်းကြီးသုပ်ဘုရားကပ်လှူပေးပါ

စနေကံမြင့်မားနေချိန်ပါပဲ။ အဓိကအနေနဲ့အလုပ်အထူးအဆင်ပြေမယ်။ ဝန်ထမ်းဆို နေရာပေးခြင်းခံရမယ်။ အထက်လူကြီးချစ်ခင်မယ်။ ရာထူးနေရာတိုးတတ်နိုင်တယ်။အိမ်ဝယ်မဲ့သူတွေ အဆင်အပြေဆုံးကာလပါ။ အရှုပ် အရှင်း ကင်းမယ်။ ပျော်စရာကြည်နူးစရာတွေပြည့်နှက်နေပါလိမ့်မယ်။ လုပ်ငန်းစီးပွားကောင်းလာမည်။ စိတ် လွတ် လပ် ပေါ့ပါးနေမည်။ အရင်းနှီးဆုံးလူတွေရဲ့ လက်၏ဆောင်မခြင်း၊နှုတ်၏ဆောင်မခြင်းတွေကြောင့် အဘက်ဘက်က အဆင်ပြေမည်။

အခွင့်ထူးရခြင်း၊ ငွေကြေးအစုလိုက်ဝင်ခြင်းတွေကြုံရမှာပါ။ ဘာသာတရားလိုက်စားသူ ၊ပရိတ် ပဌာန်း မပြတ်ရွတ်နေသူတွေဆို အတိတ်ကံရဲ့ ကောင်းကျိုးပေးမှုတွေအလှည့်ကျမဲ့အချိန်ပါပဲ။ စက်ပစ္စည်းတွေလဲ ဝင်လာပါ လိမ့်မယ်။ ကျန်းမာရေးလဲ ကောင်းနေပါလိမ့်မယ်။ ကိုယ်ခံအားကောင်းနေမှာပါ။ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်တိုးတတ်မည်။စက်ပစ္စည်းအသစ်တွေ ဝင်လာတတ်ပါတယ်။ ခရီးတိုလေးတွေလဲ သွားရတတ်ပါတယ်။ အိမ်တွင်းရေးကတော့ သားသမီးတွေ ကြောင့်ပူပန်ရတတ်ပါတယ်။

လူငယ်တွေကတော့ အချစ်ရေးအထူးကံကောင်း ချိန် ပါပဲ။ အချစ်ရေးမှာ ပျော်စရာ၊စိတ်ချမ်းမြေ့စရာတွေကြုံရမှာပါပဲ။အတန်းပညာထက် ဘာသာရေးနဲ့ပတ်သက် သော ပညာများ သင်ယူသင့်ပါတယ်။ အကျိုးပေးဂဏန်း ၁//၇ အထူးဟော ကံမြင့်မားနေမယ် ယတြာ အုန်းထမင်းဆွမ်းဘုရားကပ်ပါ။၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 Credit

Leave a Reply

Your email address will not be published.