ပုဂံကျိန်စာ နှင့် ဘုရားကျွန် များအကြောင်း

ပုဂံကျိန်စာ နှင့် ဘုရားကျွန် များအကြောင်း

ကျွန် ဟုဆိုလိုက်သည်နှင့် လူသားတစ်ယောက်ကို အနေအစားဆင်းရဲ စွာထားကာ ခွန်အားကုန် ချွေးသံရွှဲရွှဲ ခိုင်းစေပြီး တိရိစ္ဆာန်တစ်ကောင်ပမာ နှိပ်စက် ညှင်းပန်းခံကြရသည့်အပြင်အနိမ့်ကျအခက်ခဲဆုံး အလုပ်များ လုပ်ကိုင် ကြရသည် ဟုအတော်များများနားလည်ကြ ပါလိမ့်မည်။ပုဂံမြေပေါ်၌ ဘုရားစေတီပေါင်းများစွာ တည်ရှိလေရာ အနီးစပ်ဆုံး ရာဇကုမာရ်ကျောက်စာ အရ ကျွန်() ရွာအားလှူဒါန်းသည်ဟု ဖော်ပြပါရှိလေသဖြင့် ကျွန်သည်မပါမဖြစ်သော လူတန်းစားတစ်ရပ် ဖြစ်နေသည်ကိုတွေ့ရသည်။

သစ္စာလေးပါး ၊ မဂ္ဂင်ရှစ်ပါး ၊ ရုပ်နာမ်နှစ်ပါး ၊ ကံကံ၏ အကျိုး ၊ နိဗ္ဗာန် ဟူသော မေတ္တာအခြေခံ သည့် နူးညံ့သိမ်မွေ့သော ဗုဒ္ဓဘုရားဟောနှင့်ဆန့်ကျင်ဘက် ခက်ထန်ကြမ်း တမ်း လှသောကျွန်သည် ဘုရားများနှင့်မည်ကဲ့သို့ ဆက်စပ်နေပါသနည်း ဆိုသည်ကား များစွာစိတ်ဝင်စား ဖွယ် ကောင်းလှပါသည်။ အဘယ်ကြောင့် ကျွန်ဖြစ်ရပါသနည်း။မည်သူက မည်သည့်နည်းဖြင့် ခိုင်းစေကာ ဘုရားကျောင်း ကန်များ နှင့် မည်သို့မည်ပုံ ဆက်စပ် နေပါသနည်း။

၎င်းတို့တွင် လူ့သားအခွင့် ရေး မည်သို့ ရှိကြသနည်း စသည်တို့အား ကျောက်စာများကို မှီ၍ ခန့်မှန်းတင်ပြ လိုက်ပါသည်။ကျွန်ဟူသောဝေါဟာရကျွန်သည် မွန်ဘာသာတွင် (ကလောန်)မှ၎င်း ၊ မြန်မာ ဘာသာတွင် (က္လဝန်)သို့ (ကျဝန်)ဟူသော စကားတို့ မှ ၎င်း ရွေ့လျားဆင်းသက်လာဟန် တူပါသည်။ မွန်ဘာသာအရ (ကလောန်) သည် အလုပ်အကိုင်ဟု အနက်ရ သဖြင့် လုပ်ရ ကိုင်ရ သူဟု ယူဆရသည်။

အလုပ်ကြမ်း အောက်ခြေသိမ်းကို (ကလောန် တမောက်) ဟု ခေါ်သည်။ အဘယ်ကြောင့် ကျွန်ဖြစ်ရပါသနည်း။ ကျွန်ဖြစ်ရခြင်းအကြောင်းတရားများဓမ္မသတ်ကျမ်းအရ ကျွန်()မျိုးမှ (၁၂) မျိုးထိရှိသည်။ အကြမ်းအားဖြင့်ဆိုရလျှင် ကြွေးမဆပ်နိူင်၍ ကျွန်ဖြစ်သည်။ စစ်သုံ့ပန်းကြောင့်ကျွန်ဖြစ်သည်။

ဘေးဥပါဒ် ၊ သေဒဏ်မှကယ်ခံရ၍ ကျွန်ဖြစ်သည်။ ဘဝကိုဒူးထောက်၍ ကျွန်ဖြစ်သည်။အပေါင်ခံ၍ ကျွန်ဖြစ်သည်။ ငွေဖြင့်ဝယ်ယူခံရ၍ ကျွန်ဖြစ်သည်။ မိလာဖလာကြောင့် ကျွန်ဖြစ်သည်။ ဆွေမျိုးထဲမှဆင်းရဲသဖြင့်ကျွန်ဖြစ်ရသည်။ ခိုးမှုကြောင့်တရားနိူင်၍ ကျွန်ဖြစ်ရသည် နှုတ်လွန်မှုကြောင့် ကျွန်ဖြစ်ရသည်။ အမှုဖြစ်၍တရားရှုံးကာ ကျွန်ဖြစ်ရသည်။ ထမင်းကျွေးသောကြောင့် ကျွန်ခံသည်။

(ယနေ့ခေတ် ဝင်ငွေနည်းပါးစွာရသော အလုပ်ကို ထမင်းစားကျွန်ခံ အလုပ်ဟု ပြောဆိုခိုင်းနိူင်းသည်။) ပုဂံကျွန်ကို အကြမ်းအားဖြင့် ပုဂ္ဂလိကကျွန်နှင့် ဘုရားကျွန်ဟူ၍ခွဲခြားလိုပါသည်။ပုဂ္ဂလိကကျွန်များအကြောင်း အနည်းငယ်ပြောရလျှင်ကျွန်သည် အချွေအရံ ၊ အဆောင်အယောင်သဘော ဖြစ်သဖြင့် ကျွန်များများ ပိုင်ဆိုင်ခြင်းကား သခင်၏ ဂုဏ်ဒြပ်ကြီးမားမှုကို ဖြစ်စေသည်။ ဘုရင်သည် ကျွန်အများဆုံး ပိုင်ဆိုင်သူ ဖြစ်သည်။

သခင်၏ လယ်ယာ စီးပွားရေး စသည် တို့ကို လုပ်ကိုင်ပေးရသည်။ပုဂံခေတ်၌ ပုဂ္ဂလိကကျွန်များကို ဝယ်ယူရာတွင်ကျွန်တစ်ဦးလျှင် ငွေ ၃၅ ကျပ်မြင်းတစ်ကောင်နှင့်လဲလှယ်လျှင်၃၀ ယောက်ဆင်တစ်ကောင်နှင့်လဲလှယ်လျှင်၆၆ ယောက်နှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်သည်။ ဝယ်ယူပြီးလျှင် ဝန်ခံချက်သဘောတူညီမှု ရယူကာ တံဆိပ်နှိပ်ခြင်း၊ ကျောက်စာရေးထိုးခြင်းတို့ ပြုလုပ်ကာ ဝယ်ယူသူမှ စားပွဲသောက်ပွဲ လုပ်ပေးရသည်။

ကျွန်ပိုင်ရှင်သည် ကျွန်တို့၏ စားဝတ်နေရေး ကျန်းမာရေး အစအဆုံး တာဝန်ယူထားသဖြင့် ကျွန်တို့၏ဘဝနောင်ရေး စိတ် အေး ရသည်။မိသားစုနှင့် နေထိုင်ခွင့်ရှိသည်။ ရဟန်း၊သာမဏေ၊ သီလရှင် ဘဝ ခံယူခွင့်ရှိကြသည်။ သခင်သေဆုံးလျှင် လယ်ယာများ လွှဲပြောင်းပေးသည်။ ကျွန်တန်ဖိုး ပေးလျော်နိူင်လျှင် ကျွန်အဖြစ်မှလွတ်မြောက်ကာ သခင်စီးပွားရေး မကောင်းလျှင် ကျွန်များကို လွှတ်လပ်ခွင့် ပေးသည်။ ပုဂံခေတ်တွင် လူတန်းစား ခွဲခြားခံရသူများ ရှိခဲ့သည်။

၎င်းတို့မှာ၁။ ဖုန်းတောင်းယာစကာ၂။ သူဖုန်းစား၃။ ကယ်ပါ (ကယ်ပါယူပါအော်ကာ တောင်းခံသူ)၄။ သူတောင်းစား၅။ ကျွန်သီးတော်၆။ သင်ချီ (ကပ္ပိယ)၇။ သင်လွင် (သင်ချီ၏လက်ထောက်ဖြစ်ဟန်)၈။ သုဘရာဇာ(မသာအရာတွင်ဘုရင်)၉။ ဖက်ခွက်စား (ပလ္လင်ပေါ်ရှိထမင်းကျန်စားသူ)၁၀။ ဒွန်စဏ္ဍား (မသာထင်းနှင့် မသာမီးရှို့သူ)၁၁။ စဏ္ဍာလ (စန္ဒာယဆွဲသူ)၁၂။ ခွာသာ (ခဝါသည်)၁၃။ပန်းမှိုက်ကျုံး (အညစ်အကြေးသွန်ရသူ)၁၄။ သွေးမစွန်း ဟူ၍ရှိခဲ့သည်။

ဤလူအမျိုးအစား ၁၄ မျိုးအနက် ဘုရားကျွန်သည် မည်သည့်အမျိုးအစား တွင်ပါဝင်ပါသနည်းဘုရားကျွန်ဆိုသည်မှာအဆိုပါလူတန်းစား(၁၄)မျိုးအနက်မှ ကျွန်သီးတော်သည် ဘုရားကျွန်ဖြစ်ပြီး အထက်ဖော်ပြပါကဲ့သို့ ကြမ်းတမ်း ခက်ထန်သော ကျွန်မျိုး မဟုတ်သလို ဂုဏ်ငယ် သည်၊ ယုတ်ညံ့သည်ဟုလည်း မယူဆသင့်ပါ။ ဘုရားကျွန်တွင် မုဆိုးဖို ၊ မုဆိုးမ များ အများဆုံးတွေ့ရသည်။ကျောက်စာများတွင် ငတုတ်ဖုတ် ဟု ရေးထိုးရာတွင် ဖုတ်သည် မုဆိုးဖိုလ်ကိုဆိုလိုကာ ၊ က္မယ် ဟူသောစကားအရ က္မယ်သည် မုဆိုးမကို ဆိုလိုသည်။ မြန်မာစကားတွင် ကံမဲ့သူ ဟု အနက် ပြန်သည်။

ကံမဲ့သူ ခိုကိုးရာမဲ့သူတို့ ကျောင်းအရိပ်ကို ခိုလှုံသူ ဖြစ်လေသည်။ ပုဂံခေတ်၌ ထမင်း တစ်နှပ်စား ရရန် သိပ်မခက်ခဲလှပါ။ပုဂံဘုရားကျောင်း ဒကာတို့သည် ဘုရားတည် ကျောင်းဆောက်ရာတွင် ရေရှည် ရပ်တည်ရေး အတွက် သံဃာတော်များအား အလုပ်ကျွေးပြု ရန် ဘုရားပျက်စီး ယိုယွင်းမှု ထိန်းသိမ်း၍ ဘုရားဝေယျာဝိစ္စ ပြုလုပ်ပေး နိူင်ရန် ၊ လိုအပ်သော ဝင်ငွေနှင့် သံဃာတော်များ ဆွမ်းကိစ္စ ၊ ဘုရားကျွန်များ စားဝတ်နေရေးအတွက် လယ်ယာ များပါ တစ်ပါတည်း ထည့်ဝင် လှူဒါန်းသဖြင့် ကျောင်း၌ အမှုရသူဖြစ်စေ ၊

အမှုမရသူဖြစ်စေ အတန်တန်ဆင်ခြင် ၍ စားစေဟု ကျောက်စာ၌ ရေးထိုးသဖြင့် တစ်ဝမ်းတစ်ခါး လှနိူင်သည်။ကိုယ်လှူသောဘုရားအား မလှူနိူင်သူတို့ ကြည့်ရှုကာ ကုသိုလ်လည်းရ ဝမ်းလည်းဝ သဘောမျိုး အခြားတစ် ဖက်တွင် လည်းခိုကိုးရာမဲ့သူတို့၏ အနာဂတ် စိတ်အေး ရစေကာ ၎င်းတို့အား ဘဝတစ်ခု ထူထောင်ပေး သော သဘောမျိုး ဖြစ်စေသည်။

ဘုရားကျွန်သည်ဘုရားဝေယျာ ဝိစ္စ လုပ်ရန် ၊ ဘုရားဆွမ်းတော်၊ ရေချမ်းတင်၊ ပန်းလှူရန်သာမကပိဋကတ် တော်များမပျက်စီးမပျောက်ပျက်အောင် ထိန်းသိမ်းရသည်။ထက်ထက်မြက်မြက် အမှုထမ်းရသဖြင့် မြတ်ရကျွန်ခေါ်ပြန် သည်။ ပုဂံဘုရားများမှ ကျွန်များနှင့် ပတ်သက်သော ကျောက်စာ အချို့ကို ထုတ်နှုတ်ကြည့်မည်ဆိုလျှင် ကျွန်လှူ ရခြင်း အကြောင်းမှာ တဏှာကျွန်၊ တဏှာတောတွင် ရှိနေသမျှ နိဗ္ဗာန်သို့ရုန်း မထွက်နိူင် ၊ ထိုတဏှာကျွန်ဘဝမှ တော်လှန်၍ တူသောအကျိုး ရလိုခြင်းငှာ ကျွန်လှူခြင်း ဖြစ်သည်။

သာသနာသစ်ထွန်းကားပြန့်ပွားခါစကြည်ညိုသဒ္ဒါပွားကြလွန်းပြီးသူတစ်ပါးအားကျွန်အဖြစ်လှူဒါန်းခြင်းထက်မိမိကိုယ်တိုင်နှင့်သားမယားကိုပါကျွန်အဖြစ်လှူဒါန်းရခြင်းကိုမြတ်သည်ဟုယုံကြည်ကြသည်။သို့သော်အချို့သောဘုရားကျွန်တို့သည်ရဟန်းများနှင့်နေရဖန်များလာပြီးအဆင်ပြေသဖြင့်ပင်ပင်ပန်းပန်းလုပ်ကိုင်ကြရသည်ကိုကြောက်ရွံ့လာကြသည်။

မာနမရှိ စာပေကျမ်းဂန်များနားထောင်ဖန်များလာကာ စိတ်ဓာတ် ပျော့လာကြ သည်။ အလှူရှင်တို့ လယ်ယာများကို လှူဒါန်းခြင်းကို ရဟန်းတော် များက စီမံခန့်ခွဲ ရသည်။မင်းပြောင်းမင်းလွှဲ ဖြစ်လာချိန်တွင် ဘုရင်များက ကျွန်သီးတော် များ မကယ်နိူင် ရဟန်းများ အကြောင်း ကြောင်းကြောင့် လယ်ယာများ လက်လွှတ် ရချိန်တွင် ဘုရားကျွန်များလည်း ရရာ အလုပ်လုပ် ရလေသည်။ အလုပ်လုပ်လိုသူ များသည် အများသူငှာ မလုပ်လိုသော အလုပ်ကိုလုပ်ကိုင်လာကြသည်။

အစွယ်ကျိုးသောမြွေ ၊ ခြေကျိုး သောနွား ဒွန်းစဏ္ဍား ဆိုသည့်အတိုင်း လောင်းရိပ် မိထားသူတို့မှာမူ တောင်းရမ်း စားသောက်ရင်း ဘဝကို ဒူးထောက် ကြသည်။ဤသို့ဖြင့် လူတန်းစားခွဲခြား ခံရသည့် ဖုန်းတောင်းယာစကာ ၊ သူတောင်းစား ၊ ကယ်ပါ အစရှိသော အထက်တွင် ဖော်ပြထားသည့် လူတန်းစား ခွဲခြားခံရသူ အောက်ဆုံးလွှာ လူတန်းစားများ ဖြစ်သွား ကြကုန်လေတော့သည်။ မသမာသူတို့က ကျွန်များ ထွက်ပြေးမည်စိုးသဖြင့် မတောင်းစားလျင် နူသည်ဟု ခြောက်လန့် ထားသော စကားကို တကယ်ထင်မှတ် ကြပြီး ကြောက်ရွံ့ကြသည်။၎င်း၏ အကျိုးဆက် ကား သူတောင်းစားမျိုးရိုးအဖြစ်သာ ယနေ့ချိန်ထိ ကျန်နေ လေတော့သည်။

စင်စစ်အားဖြင့် မည်သည့် ပုဂံကျောက်စာကမျှ ဘုရားကျွန်များကို ကျိန်စာ တိုက်ထားသည်ကို မတွေ့ရပါ။မြန်မာသက္ကရဇ် ၁၃၀၉ ခုနှစ် ၊ ပြာသို လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့ တွင် မြန်မာနိူင်ငံ သမ္မတ စဝ်ရွှေသိုက်က ဘုရားကျွန် ကျောင်းကျွန် ဒွန်းစဏ္ဍား တို့ကို ဤ သို့ကြေညာခဲ့သည်။ မြန်မာ သမ္မတနိူင်ငံတော်ကြီးသည် လွှတ်လပ်သော တိုင်းပြည်ဖြစ် သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး နှိပ်စက်ခြင်း၊ တစ်ဦးကိုတစ်ဦး ကြောက်ရွံ့ ရခြင်း မှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝပယ်ဖျက်ရန် ကျွန်ုပ်ရည်ရွယ် သည်။

သူတောင်းစား ၊ ဘုရားကျွန် ၊ ကျောင်းကျွန် ၊ သင်ချိ စသည်တို့ကို ယနေ့မှစ၍ ရှေးမင်းတို့အာဏာကို ကျွန်ုပ်ပယ်၍ ထိုသူတို့၏ သဘော အတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လုပ်ကိုင်နိုင်ကြစေ ဟူ၍ ကျွန်ုပ် အမိန့်ချသည်။ဤပြည်ထောင်စု နိူင်ငံတော် အတွင်း ရှိရှိသမျှသော နိူင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ ပါရှိသည့် အတိုင်း တစ်ဦးနှင့်တစ်ဦး အခွင့်အရေး တူညီကြ စေ။ဟု မင်းမိန့်ဖြင့် ပယ်ဖျက် ပေးခဲ့သည်။အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့ အားလုံး လူသားများ သာဖြစ်ကြ ပါသည်။

သူ၊ ငါ၊ ယောကျာ်း၊ မိန်းမ ၊ အယုတ်၊ အမြတ်ဟူသည်က အတိတ်ကံ အကြောင်းတရား၏ အကျိုးပေးခြင်း၍ ပဉာတ် သက်သက်သာ ဖြစ်ပြီး ရုပ်နှင့်နာမ် သာလျှင် တကယ်ရှိပါသည်။ဘုရားကျွန်၊ ကယ်ပါ အစရှိသော တောင်းရမ်း စားသောက်ရသည့် မျိုးရိုးတို့ကို နိမ့်ကျသော လူတန်းစား ၊ အနေထိုင်ညစ်ပတ်၍ မပေါင်း မသတီ ဟု ခွဲခြားဆက်ဆံ နေရုံဖြင့် ၎င်းတို့ ပျောက်ကွယ်သွားမည် မဟုတ်ချေ။

ဘုရားကျွန်များ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ရန် မလွယ် လှသေလည်း ၎င်းတို့၏ မျိုးဆက်များကို စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးကာ ပြန်လည်ထူထောင်ရေး ကျောင်းများ၊ လူငယ်လေ့ကျင့်ရေးကျောင်း များသို့ ပို့ဆောင် ပြုပြင်ရန်ကား ဖြစ်နိူင် ပါသည်။ crd##winhlaingoo Ref:– နန်းဓလေ့မှတ်တမ်း (မြကေတု)– ပုဂံခေတ်စီးပွားရေးလူမှုရေး (ဒေါက်တာသန်းထွန်း)

Leave a Reply

Your email address will not be published.