မချစ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဆိုတာ သိစေနိုင်တဲ့ အချက်(၁၀)ချက်

မချစ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဆိုတာ သိစေနိုင်တဲ့ အချက်(၁၀)ချက်

မချစ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဆိုတာ သိစေနိုင်တဲ့ အချက်(၁၀)ချက်

ကိုယ်ရွေးချယ်မယ့်သူ သို့မဟုတ် ကိုယ်နဲ့ပတ်သတ်နေတဲ့ သူတစ်ယောက်က လူရှုပ်လူပွေတစ်ယောက် ဖြစ်နေမှာကို ပျိုမေ တို့ စိုးရိမ်တတ်ကြပါတယ် ရည်းစားများတဲ့ လူရှုပ်လူပွေတစ်ယောက်နဲ့ ပတ်သတ်မိရင် ပထမဆုံးထိခိုက်နစ်နာရမှာကပျိုမေတို့ဖြစ်ပြီးတော့ ဘဝတစ်လျှောက်လုံးအတွက် နောင်တရစရာ စိတ်ညစ်စရာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ယခုလို လူရှုပ်တစ်ယောက်ကို မရွေးချယ်မိဖို့အတွက် သူဟာလူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို သတိထားမိစေနိုင်တဲ့ အချက် ၁၀ ချက်ကို မျှဝေပေးပါရစေ။

၁။ သင်နဲ့တွဲနေတာကို အခြားသူတွေ မမြင်လိုဘူးသင့်ကိုအမျိုးသားတစ်ယောက်ကတကယ်ချစ်တဲ့အခါတကမ္ဘာလုံးသိအောင်ချပြဖို့လည်းဝန်မလေးတတ်ပါဘူး။သူ့ရဲ့မိသားစု၊သူငယ်ချင်းတွေနဲ့သိခွင့်ပေးတာတွေသင့်အကြောင်းပြောပြတာတွေကိုသူသေချာလုပ်ပြပါလိမ့်မယ်။ဒါဟာဘာကြောင့်လဲဆိုတော့သင်ဟာသူ့ရဲ့အစိတ်အပိုင်းတခုလိုအရမ်းကိုအရေးပါလို့ပါ။

တကယ်လို့သာ သင်နဲ့တွဲသာတွဲနေရတယ် လူတွေ့မခံချင်တာတွေ၊ ခိုးကြောင်ခိုးဝှက် လူမသိအောင် ချိန်းတွေ့တာတွေ သူ့ရဲ့သူငယ်ချင်းတွေ မိသားစုတွေ ကိုလည်း သိခွင့်မပေးတာတွေ လုပ်နေခဲ့ရင် သင့်ကိုသူအပျော် သဘောမျိုးနဲ့ တွဲနေတာဖြစ် နိုင်ပါတယ်။ သင့်ဆီက သူလိုချင်တာတွေ အကုန်ယူ လို့ပြီးသွားရင် သင့်ကိုလူ မသိလိုက်ပဲ ပစ်ထားခဲ့နိုင် တာကြောင့် ယခုလို အပြုအမူ မျိုးရှိရင် ခိုင်လုံတဲ့ အကြောင်းပြ ချက်တောင်းပါ။ အယုံ မလွယ်ပဲ အသေအချာ ဆုံးဖြတ်ဖို့ လိုပါတယ်။

၂။ သင့်ကိုဖုန်းခေါ်ဖို့ ခက်ခဲနေတယ်တကယ်ချစ်တဲ့ချစ်သူတွေဆိုရင်နေ့တိုင်းမကြာခဏဆိုသလိုဖုန်းဆက်တတ်ကြပြီးနာရီအတော်ကြာကြာထိအောင်တစ်ယောက်နဲ့တစ်ယောက်ပြောလို့မဝပဲဖြစ်တတ်ပါတယ်။နေ့တိုင်းစကားတွေဘယ်လောက်ပြောပြောရိုးသွားတယ်ဆိုတာမရှိပါဘူး။တကယ်လို့ချစ်သူဆီနှစ်ရက်လောက်ဖုန်းမဆက်ရရင်ပဲလောကကြီးဟာအဓိပ္ပာယ်မရှိတော့သလိုခံစားရပါလိမ့်မယ်။

ဒါပေမယ့် သူကသင့်ကိုဖုန်းခေါ်ဖို အမြဲတမ်းမေ့နေမယ်။ သင်ကစဆက်သွယ်မှအကြောင်းပြချက်အမျိုးမျိုးနဲ့ ပြောနေမယ်ဆိုရင် သင့်ကိုသိပ်စိတ်မဝင်စားတော့ပဲ အခြားတစ်ယောက်နဲ့ အချိန်တွေဖြုန်းနေတာ ဖြစ်နိုင်ပါတယ်။ အခြားမိန်းကလေးတစ်ယောက်ကိုလည်း သင့်လိုပဲလိမ်ညာနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုလိုလူမျိုးတွေကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များစွာကြုံခဲ့ရလို့ပါပဲ

၃။ သင့်အပေါ်ပွင့်လင်းမှုမရှိဘူးယောကျာ်းလေးတစ်ယောက် သင့်ကိုတကယ်ချစ်တဲ့အခါ သင့်ဘဝတစ်ခုလုံးရဲ့အကြောင်းကို သင့်နဲ့အတူမျှဝေပေးတတ်ပါတယ်။ သူ့အကြောင်း အရာအားလုံး သင့်ကိုမခြွင်းမချန်ပြောပြဖို့ ဝန်မလေး တတ်ပါဘူး။ဒါဟာဘာကြောင့်လဲဆိုတော့ သူဟာသင့်ရဲ့ အာရုံစိုက်မှုကို လိုလားပြီး သင့်ရဲံအချစ်နဲ့ သူ့အပေါ် ပံ့ပိုးမှုကို လိုလားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လူရှုပ်လူတပွေတစ်ယောက်ကတော့ သူ့ရဲ့အကြောင်းနဲ့ ပတ်သတ် တာတွေကို သင့်အပေါ်ဖုံးကွယ်ထားပြီး ဘယ်တော့မှလည်း ရင်မဖွင့်တတ်ပါဘူး။ဒါဟာသင့်ကို တကယ်စိတ် မဝင်စားပဲ အပျော်သဘောမျိုး ထားတာကြောင့် ဖြစ်နိုင်ပါတယ်။

၄။ အာမမခံတတ္ဖူးသင့်အပေါ် တကယ်ချစ်တဲ့ အမျိုးသား တစ်ယောက်ဟာ သင်နဲ့အတူရှိနေ ဖို့အတွက် အချိန်ရရှိအောင် ကြိုးစား တတ်ပါတယ်။ သင့်ရဲ့အချိန်တွေဟာ တန်ဖိုးရှိ တာကို သူသိရှိပြီး သင်နဲ့တွေ့ဖို့ဆိုရင် ဘယ်တော့မှ မငြင်းဆန်တတ်ပဲ သင်နဲ့အချိန်တွေကို အတူတူကုန် ဆုံးချင်နေပါတယ်။ ဒါပေမယ့် လူရှုပ်လူပွေ တစ်ယောက် ဆိုရင်တော့ သင်နဲ့အတူတူ ရှိမယ့် အစီအစဉ်တွေကို အမြဲတမ်းလိုလို cancel လုပ်နေတတ်ပြီးဘယ်တော့မှအာမခံနိုင်စွမ်းမရှိပါဘူး။

ဘာဖြစ်လို့လည်း ဆိုတော့ သင့်ထက်ပိုအရေးကြီးတဲ့ သူတစ်ယောက်နဲ့ တွေ့ဖို့ချိန်းခဲ့လို့ ဖြစ်နိုင် ပါတယ်။ လူတိုင်းဟာ အလုပ်များတာကြောင့် တခါတလေမှာ အစီအစဉ်တွေကို ဖြတ်လိုက် ရတာကို နားလည်ပါတယ်။ ဒါပေမယ့် သာမာန်မဟုတ်တဲ့ အခြေအနေတွေနဲ့အတူ ကတိမ တည်တာတွေ များလာရင်တော့ သင့်ကိုသူ လှည့်စားနေ တာဖြစ်နိုင် ပါတယ်။

၅။ သင့်ရဲ့ခံစားချက်က အရေးပါဘူးသင့်ကိုတကယ်ချစ်တဲ့ ချစ်သူဟာ သင့်ရဲ့ခံစားချက်တွေကို အစွမ်းကုန် ဂရုစိုက် တတ်ပါတယ်။ သင့်ကိုသူက ဘယ်တော့မှ မနာကျင်စေချင် သလို အမြဲတမ်းပြုံးနေစေ ချင်တဲ့သူပါ။ တကယ်လို့ သင်တို့နှစ်ယောက် စကားများရင်တောင်မှ သူက သင့်ကိုပြန်ပြီး ချော့ဖို့ဝန် မလေး တတ်သူ ဖြစ်ပါ တယ် ။ ဒါပေမယ့် သင့် ချစ်သူက သင်ဝမ်းနည်းနေ တာကို ဂရုမ စိုက်ရင် သင်စိတ် ဓါတ်ကျနေ တဲ့အချိန် အားပေးမှုမရှိရင် သင့်ကို အဆင်ပြေရဲ လားတောင် မေးဖော် မရရင် ဒါမှမဟုတ် အတုအယောင် စာနာမှုတွေကိုသိသိသာသာဖော်ပြ တတ်ရင် သူကသင့်ကို တကယ်မချစ်ပဲ ခြေရှုပ်ဖို့ သက်သက် သဘောထားသူ ဖြစ်နိုင်ပါတယ်။

၆။ သူ့မှာမိန်းကလေးသူငယ်ချင်းတွေ အမြောက်အများရှိရင်တကယ်လို့ယောကျာ်း တစ်ယောက်ဟာ ယောကျာ်းလေး သူငယ်ချင်းထက် မိန်းကလေးသူငယ်ချင်းက ပိုများနေပြီး မိန်းကလေး အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်စွာ ရောနှောနေတတ်ရင် တကယ့်ကို လူရှုပ်လူပွေတစ်ယောက်လို့ ပြောလို့ရပါတယ်။ မိန်းကလေးသူငယ်ချင်းထားတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် လိုတာထက်ပိုပြီး မိန်းကလေးတွေနဲ့ ကျွမ်းဝင်လိုသူ ဖုန်းနဲ့ တချိန်လုံး တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်နေတဲ့သူဟာ သင့်တစ်ယောက်တည်းကို ချစ်တယ်ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး။ ဒီလိုလူမျိုးကို ရှောင်တာပိုကောင်းပါတယ်။

၇။ အမြဲတမ်းစောဒကတက်တတ်သူသင့်ကိုတကယ်ချစ်တဲ့သူတစ်ယောက်ဟာ သင်ဘယ်လိုပုံစံဖြစ်နေပြီး ဘယ်လိုအနံ့ရှိနေတယ်ကအစ သိပ်ပြီးဂရုမစိုက်တတ်ကြပါဘူး။ သင်ဖြစ်နေတဲ့အတွက်ကို သူကချစ်နေရတာပါ။ ဒါပေမယ့် သင့်ချစ်သူက သင်အကောင်းဆုံးသူ့အတွက် ပြင်ဆင်ခဲ့ရင်တောင်မှအမြဲတမ်းအပြစ်တခုခုကိုရှာပြီး ပြောဆိုတတ်သူ၊ သင့်ရဲ့အားစိုက်မှုအားလုံးကို အလဟဿဖြစ်စေတတ်သူဆိုရင် သင့်ကိုတကယ်မချစ်ပဲ အမြဲတမ်းနာကျင်ခံစားအောင် လုပ်နေမယ့်သူတစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့အလှကို ရှုပ်ပွေဖို့အတွက်သာ တွဲတဲ့သူတစ်ယောက်ပါ။

၈။ သူ့ဖုန်းကို လုံးဝပေးမကိုင်ပဲ တခုခုဖုံးကွယ်ထားတယ်စစ်မှန်တဲ့ relationship တစ်ခုဟာ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာပါ။ ဖုန်းနဲ့ ဆိုရှယ်နက်ဝပ်ဟာ ချစ်ရတဲ့သူထက်ပိုပြီး အရေးကြီးမနေသင့်ပါဘူး။တချို့အမျိုးသားတွေဆိုရင် ချစ်သူနဲ့ အကောင့်တစ်ခုကိုမျှဝေသုံးတာ ဖုန်းထဲကဂိမ်းကိုချစ်သူကို

ပေးဆော့တာတွေ ပြုလုပ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာဖုံးကွယ်ထားတာမရှိလို့ပါပဲ။

ဒါပေမယ့် သူကတော့ သူ့ဖုန်းကို လုံးဝအထိမခံပဲ သူစာရိုက်နေတဲ့အချိန် သင့်ကြည့်တဲ့အခါ ကွယ်သွားတာ ဖုန်းပြောတဲ့အချိန် သင်နဲ့ဝေးရာကို သွားပြောနေတာတွေဟာ သူ့ရဲ့မရိုးသားမှုကို ဖော်ပြနေတာပါ။သင်ကသူ့ဖုန်းကိုကြည့်ဖို့ ဘယ်လောက်ပြောပြော သူ့ဖုန်းကိုလုံးဝမပြသလို သူကိုမယုံရကောင်းလားဆိုးပြီး သင့်ကိုပြန်အပြစ်တင်နေ တာတွေဟာသူတကယ်ဖောက်ပြန်နေ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၉။ သူ့အတိတ်က လှို့ဝှက်နက်နဲတယ်တစ်စုံတစ်ယောက်ကိုအဖြေမပေးရသေးခင်မှာသူ့ရဲ့အရင်ကအကြောင်းကိုသင်သေသေချာချာသိရှိထားဖို့လိုအပ်ပါတယ်။ယောကျာ်းလေးတော်တော်များများကတော့အဖြေမရမှာစိုးတဲ့အတွက်အနည်းငယ်ညာချင်ကြပါတယ်။ဒါ့ကြောင့်သူတို့အရင်ကရည်းစားဘယ်နှစ်ယောက်ထားဖူးလဲလို့မေးတဲ့အခါတကယ်လက်တွေ့ထက်ပိုနည်းစွာဖြေလေ့ရှိကြပါတယ်။

သင့်မတိုင်က တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ တွဲခဲ့ပြီး ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲခဲ့တာဆိုရင် သိပ်အပြစ်မရှိပါဘူး။ရည်းစားသက်စေ့ထားပြီး မိန်းကလေးတိုင်းကို လိုချင်တာရယူပြီးမှ အသဲခွဲတတ်သူဆိုရင် လုံးဝရှောင်ရှားဖို့လိုပါတယ်။ ဒါ့ကြောင့် အတိတ်က အရမ်းကိုလှို့ဝှက်ချက်များတဲ့သူဆိုရင် သတိထားဖို့လိုပါတယ်

၁၀။ ရုပ်ပိုင်းဆိုင်ရာ လိုချင်တက်မက်မှုများတဲ့သူသင်နဲ့စကားပြောတဲံအချိန်ထက် သင်နဲ့ရုပ်ပိုင်းထိတွေ့ဖို့ သင်နဲ့အတူတူအိပ်ဖို့ အမြဲတမ်းကြိုးစားနေရင် သူဟာနှာဘူး သို့မဟုတ် လူရှုပ်လူပွေတစ်ယောက် ဖြစ်နိုင်ပါတယ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဟာ Relationship တိုင်းအတွက်အရေးပါပါတယ်။ဒါပေမယ့် relationship ကိုတော့ဒီအရာနဲ့တိုင်းတာဆုံးဖြတ်လို့မရပါဘူး။တကယ်လို့သူကသင်ဘယ်လိုခံစားနေရတယ်ဆိုတာကိုတောင်ဂရုမစိုက်ပဲကိုယ်လက်နှီးနှောဖို့ပဲအလျှင်လိုနေတဲ့သူတကယ်လို့သင်ကငြင်းဆန်တဲ့အခါသင့်အပေါ်အကြီးအကျယ်ပေါက်ကွဲတာသို့မဟုတ်အတင်းအကျပ်ပြုလုပ်တာတွေဟာသင့်ရဲ့ခန္ဓာကိုယ်ကိုပဲလိုချင်နေတဲ့လူရှုပ်လူပွေတစ်ယောက်ဖြစ်ပါတယ်။

ဘယ်တော့မှ အယုံမလွကိုယ်ရွေးချယ်မယ့်သူ သို့မဟုတ် ကိုယ်နဲ့ပတ်သတ်နေတဲ့ သူတစ်ယောက်က လူရှုပ်လူပွေတစ်ယောက် ဖြစ်နေမှာကို ပျိုမေ တို့ စိုးရိမ်တတ်ကြပါတယ် ရည်းစားများတဲ့ လူရှုပ်လူပွေတစ်ယောက်နဲ့ ပတ်သတ်မိရင် ပထမဆုံးထိခိုက်နစ်နာရမှာကပျိုမေတို့ဖြစ်ပြီးတော့ ဘဝတစ်လျှောက်လုံးအတွက် နောင်တရစရာ စိတ်ညစ်စရာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ယခုလို လူရှုပ်တစ်ယောက်ကို မရွေးချယ်မိဖို့အတွက် သူဟာလူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို သတိထားမိစေနိုင်တဲ့ အချက် ၁၀ ချက်ကို မျှဝေပေးပါရစေ။ crd

Be the first to comment

Leave a Reply

Your email address will not be published.


*