အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင်( ဖတ်ကြည့်ပါ အရမ်းကောင်းတယ် )
အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင်( ဖတ်ကြည့်ပါ အရမ်းကောင်းတယ် )
အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင် ဆန်ထဲ ကြွက်ချေး ပါလာရင် ဆန်အကုန်လုံးကို သွန်ပစ်မယ့်အစား ကြွက်ချေးကို ဖယ်စားသင့်တယ် အနာပါတဲ့ငှက်ပျောသီး တစ်လုံးက ဆာလောင်ငတ်မွတ်နေသူ အဖို့ကတော့ အနာဖယ်ပီး စားတတ်ရင် အာဟာရဖြစ်မယ်။
ထို့အတူပါပဲ လူ့လောကမှာ လူလူချင်းပေါင်းသင်း ဆက်ဆံရေးမှာ အားနည်းချက်ရှိသူ အချင်းချင်း အပြစ်အနာအဆာတွေကို အပြန်အလှန်ဖေးမ တည့်မတ်ရင်းအနာအဆာကို ဖယ်ပီးပေါင်းသင်းတတ်သွားရင် အမြင်ကျယ်ပီး ရင့်ကျက်တဲ့ လူတွေဖြစ်လာမှာပါ။
အမြင် မတူပေမယ့် နှလုံးသား တူရင် သွေးမတော်သားမစပ် သူစိမ်းတွေ တောင် လင်နှင့်မယား ဆိုတာ ဖြစ်လာကြသေးတာပါပဲ။ လောကမှာ တူညီတဲ့အရာတွေပဲ တစ်သားတည်း ဖြစ်အောင် ပေါင်းစည်းလို့ရနေတာ မဟုတ်ပါဘူး ဆန့်ကျင်ဘက် မတူညီတဲ့ အရာတွေကို ခွဲမရအောင်ပေါင်းစည်း ၊ လိင်မတူတိုင်း ၊ခံယူချက် မတူတိုင်း ရန်သူ ဖြစ်မသွားပါဘူး အဓိက လိုအပ်နေတာက အတ္တနည်းပီး ကိုယ်ချင်းစာစိတ် ရှိရင် ကမ္ဘာကြီးက ရွာကြီးပါပဲ။ Credit
Be the first to comment
Leave a Reply
Your email address will not be published.
*