လက်ရှိနိုင်ငံရေးအခြေအနေ အရ အရေးပေါ်ကာလ နောက်ထပ် ၆လ တိုးမြှင့်သွားဦး…see more
စစ်ကောင်စီ အနေနဲ့ လက်ရှိ အခြေအနေမှာ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်ကာလ နောက်ထပ် ၆လ တိုးမြှင့်သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ရက်နေ့က ဂျပန်သတင်းဌာန တစ်ခုဖြစ်သည့် Nikkei Asian News သတင်းဌာနရဲ့ မေးမြန်းချက်နဲ့ စပ်လျဉ်းပြီး စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
အရေးပေါ်ကာလ ထပ်မံတိုးမြှင့်မည့် ကာလအတွင်းမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စများကို အထူးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ချမှတ်ထားသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်ကာ အနိုင်ရရှိသည့်ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ တာဝန်ယူခဲ့သည့် တစ်နှစ်ပြည့်မြောက်ခဲ့သော ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ နိုင်ငံတစ်ဝန်း အရေးပေါ်ကာလသတ်မှတ်ချက်အဖြစ် ၆လ ထပ်မံတိုးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ TMA crd
လက္ရွိႏိုင္ငံေရးအေျခအေန အရ အေရးေပၚကာလ ေနာက္ထပ္ ၆လ တိုးျမႇင့္သြားဦး…see more
စစ္ေကာင္စီ အေနနဲ႔ လက္ရွိ အေျခအေနမွာ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရးေပၚကာလ ေနာက္ထပ္ ၆လ တိုးျမႇင့္သြားဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေဖေဖာ္ဝါရီလ ၂၃ရက္ေန႔က ဂ်ပန္သတင္းဌာန တစ္ခုျဖစ္သည့္ Nikkei Asian News သတင္းဌာနရဲ႕ ေမးျမန္းခ်က္နဲ႔ စပ္လ်ဥ္းၿပီး စစ္ေကာင္စီရဲ႕ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အေရးေပၚကာလ ထပ္မံတိုးျမႇင့္မည့္ ကာလအတြင္းမွာ ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရး၊ ျပည္သူ႔ဘဝလုံၿခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရးကိစၥမ်ားကို အထူးေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။
စစ္ေကာင္စီအေနနဲ႔ ခ်မွတ္ထားသည့္ လုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ၿပီးပါက ေ႐ြးေကာက္ပြဲအသစ္ ျပန္လည္ျပဳလုပ္ကာ အႏိုင္ရရွိသည့္ပါတီအား အာဏာျပန္လည္လႊဲေျပာင္းေပးသြားမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
စစ္ေကာင္စီအေနနဲ႔ တာဝန္ယူခဲ့သည့္ တစ္ႏွစ္ျပည့္ေျမာက္ခဲ့ေသာ ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔မွာ ႏိုင္ငံတစ္ဝန္း အေရးေပၚကာလသတ္မွတ္ခ်က္အျဖစ္ ၆လ ထပ္မံတိုးျမႇင့္ခဲ့တာလည္းျဖစ္ပါတယ္။ TMA crd