Categories
သတင္း

ပြင်သစ်လွှတ်တော်နှစ်ရပ်လုံးက အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုတယ်လို့ ဆုံးဖြတ်

ပြင်သစ်လွှတ်တော်နှစ်ရပ်လုံးက အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုတယ်လို့ ဆုံးဖြတ်

ပြင်သစ်အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြရာ အမျိုးသား ညီညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ပြင်သစ်လွှတ်တော်နှစ်ရပ်လုံးက အမျိုးသား ညီ ညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မနေ့က လုပ်ခဲ့တဲ့ ပြင်သစ် အောက်လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှဝ် ၅၇ ဦးက မြန်မာ့အရေးအတွက် မဲပေးခဲ့ ကြပြီးတော့ အားလုံးက ထောက်ခံမဲပေးခဲ့ကြတယ်လို့ဆိုထားပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဘဲ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စား လှယ်တွေကိုသာ အားပေးထောက်ခံမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။“ဒီကနေ့ဆုံးဖြတ်ချက်မှာ အကြမ်းဖက် စစ်ကောင်ီကို လုံးဝမသိမှတ်မပြုကြောင်း၊ ပြည်သူရွေးချယ်တင်မြှောက် ထားသော ကိုယ်စားလှယ်များကိုသာ အားပေးထောက်ခံမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်

ဒီလိုဆုံးဖြတ် ချက်ကို ပြင်သစ်အထက် လွှတ်တော်မှာလည်း ချပြီးပါပြီ။ ခုလိုအထက်လွှတ်တော်ရော အောက်လွှတ်တော်ရော စကစကိုလုံးဝအသိ မှတ်မပြုကြောင်း ပြတ်ပြတ်သားဆုံးဖြတ်ခဲ့တာကိုကြည့်ရင် ပြစ်သစ်လွှတ်တော်နှစ်ရပ်လုံးရဲ့ မြန်မာနိုင်ငံဒီမိုကရေစီအတွက် ရပ်တည်မှုကိူ ထင်ထင်းရှားရှားမြင်နိုင်ပါတယ်။” လို့ ဖေ့စ်ဘွတ်ခ်မှာ ရေး သားခဲ့တာပါ။

ဒါအပြင် ဆွေးနွေးသွားကြတဲ့အောက် လွှတ်တော် အမတ်အများစုကလည်း အမျိုးသားညီညွတ်ရေးအစိုးရသာ မြန်မာပြည်သူများရဲ့အစိုးရဖြစ်တယ်ဆိုတာနဲ့ NUG ကိုသာ တရားဝင် အစိုးရအဖြစ်အသိမှတ်ပြုကြောင်း ဝိုင်းတိုက်တွန်းပေးခဲ့ကြတာလည်းတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ မြန်မာ့ဒီမိုကရေစီ ပြန်ရရေးအတွက် ကြိုးစားနေမှုတွေကို အသိမှတ်ပြုကြောင်း ပြောဆိုသွားကြပါတယ်။ Crd.

ျပင္သစ္လႊတ္ေတာ္ႏွစ္ရပ္လုံးက အမ်ိဳးသားညီၫြတ္ေရးအစိုးရကိုသာ အသိအမွတ္ျပဳတယ္လို႔ ဆုံးျဖတ္

ျပင္သစ္ေအာက္လႊတ္ေတာ္မွာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီးေတာ့ အဆိုျပဳခ်က္ကို ေဆြးေႏြးခဲ့ၾကရာ အမ်ိဳးသား ညီၫြတ္ေရးအစိုးရကိုသာ အသိအမွတ္ျပဳဖို႔ ဆုံးျဖတ္ခဲ့တဲ့အတြက္ ျပင္သစ္လႊတ္ေတာ္ႏွစ္ရပ္လုံးက အမ်ိဳးသား ညီ ၫြတ္ေရးအစိုးရကိုသာ အသိအမွတ္ျပဳလိုက္တာလည္းျဖစ္ပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ လူအခြင့္အေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက မေန႔က လုပ္ခဲ့တဲ့ ျပင္သစ္ ေအာက္လႊတ္ေတာ္ အစည္းအေဝးမွာ ကိုယ္စားလွဝ္ ၅၇ ဦးက ျမန္မာ့အေရးအတြက္ မဲေပးခဲ့ ၾကၿပီးေတာ့ အားလုံးက ေထာက္ခံမဲေပးခဲ့ၾကတယ္လို႔ဆိုထားပါတယ္။

ဒါအျပင္ အၾကမ္းဖက္စစ္ေကာင္စီကို လုံးဝအသိအမွတ္မျပဳဘဲ ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ကိုယ္စား လွယ္ေတြကိုသာ အားေပးေထာက္ခံမွာျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။“ဒီကေန႔ဆုံးျဖတ္ခ်က္မွာ အၾကမ္းဖက္ စစ္ေကာင္ီကို လုံးဝမသိမွတ္မျပဳေၾကာင္း၊ ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္ ထားေသာ ကိုယ္စားလွယ္မ်ားကိုသာ အားေပးေထာက္ခံမည္ျဖစ္ေၾကာင္း ဆုံးျဖတ္ခဲ့ၾကပါတယ္

ဒီလိုဆုံးျဖတ္ ခ်က္ကို ျပင္သစ္အထက္ လႊတ္ေတာ္မွာလည္း ခ်ၿပီးပါၿပီ။ ခုလိုအထက္လႊတ္ေတာ္ေရာ ေအာက္လႊတ္ေတာ္ေရာ စကစကိုလုံးဝအသိ မွတ္မျပဳေၾကာင္း ျပတ္ျပတ္သားဆုံးျဖတ္ခဲ့တာကိုၾကည့္ရင္ ျပစ္သစ္လႊတ္ေတာ္ႏွစ္ရပ္လုံးရဲ႕ ျမန္မာႏိုင္ငံဒီမိုကေရစီအတြက္ ရပ္တည္မႈကိူ ထင္ထင္းရွားရွားျမင္ႏိုင္ပါတယ္။” လို႔ ေဖ့စ္ဘြတ္ခ္မွာ ေရး သားခဲ့တာပါ။

ဒါအျပင္ ေဆြးေႏြးသြားၾကတဲ့ေအာက္ လႊတ္ေတာ္ အမတ္အမ်ားစုကလည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရသာ ျမန္မာျပည္သူမ်ားရဲ႕အစိုးရျဖစ္တယ္ဆိုတာနဲ႔ NUG ကိုသာ တရားဝင္ အစိုးရအျဖစ္အသိမွတ္ျပဳေၾကာင္း ဝိုင္းတိုက္တြန္းေပးခဲ့ၾကတာလည္းေတြ႕ရပါတယ္။ ျမန္မာျပည္သူေတြရဲ႕ ျမန္မာ့ဒီမိုကေရစီ ျပန္ရေရးအတြက္ ႀကိဳးစားေနမႈေတြကို အသိမွတ္ျပဳေၾကာင္း ေျပာဆိုသြားၾကပါတယ္။ Crd.

Leave a Reply

Your email address will not be published.