Categories
သတင္း

မင်္ဂလာဦးညမှာ သတို့သားက ယောကျာ်းချင်း ချစ်နေတဲ့သူမှန်းသိလိုက်ရပြီးနောက်  seemore..

မင်္ဂလာဦးညမှာ သတို့သားက ယောကျာ်းချင်း ချစ်နေတဲ့သူမှန်းသိလိုက်ရပြီးနောက်  seemore..

အမှန်တရားတွေကတခါတရံနာကျင်စေပြီးမင်းရဲ့လက်တွဲဖော်ကမင်းနဲ့အဆုံးထိရှိနေမယ့်သူမဟုတ်ဘူးဆိုတာသိလာရတာကပိုတောင် နာကျင်ရပါတယ်။ မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သတို့သမီးဖြစ်ရခြင်းကို စိတ်လှုပ်ရှားစွာ တွေ့ကြုံခံစားခွင့်ရခဲ့ပေမဲ့လည်း ကံမကောင်းစွာဖြင့် တစ်ရက်သာ ကြာမြင့်ခဲ့ပါတယ်။

အကြောင်းက ခင်ပွန်းဖြစ်သူက ယောက်ျားချင်း ချစ်ကြိုက်နေခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အတွက် မင်္ဂလာပွဲကို ချက်ချင်း ဖျက်သိမ်းခဲ့ရပါတယ်။

“ ဘုရင်မတစ်ပါးလို့ လက်ထပ်ခွင့်တောင်းခံခဲ့ရပြီး ဘာမှမဟုတ်တဲ့ဖုန်မှုန့်တွေလို ပြိုကျပျက်စီးခဲ့ရတယ် ” ဟု အဆိုပါအမျိုးသမီးက သူမရဲ့ဇနီးမယားတစ်ဦးဖြစ်တဲ့ ပထမဆုံးနေ့နှင့် နောက်ဆုံးနေ့ကို မီးမောင်းထိုးပြသည့် သူမရဲ့ private TikTok ပို့စ်ကို စာတန်းထိုးထားခဲ့ပါတယ်။

မင်္ဂလာဦးညမှာ ခင်ပွန်းသည်က သူမနှင့် ကုတင်တစ်ခုတည်း အိပ်ရန် ငြင်းဆိုခဲ့ပြီးနောက် နောက်ဆုံးမှာ သူမဟာ ခင်ပွန်းသည်ရဲ့အကြောင်း အမှန်တရားကို ထုတ်ဖော်နိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် ၎င်း၏ အမျိုးသားလက်တွဲဖော်တို့ကြား စကားပြောဆိုမှု၏ စခရင်ရှော့ကိုလည်း မျှဝေခဲ့ကာ

ယင်းက သူမအား သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို cover လုပ်ထားရန် အသုံးပြုနေခြင်းဖြစ်ကြောင်း ယုံကြည်သွားစေခဲ့ပါတယ်။ “ ပြီးသွားပြီ ၊ သူက ငါ့ကိုမချစ်ခဲ့ဘူး ၊ သူက သူ့ကိုဘဲ ချစ်နေခဲ့တာ ” လို့ သူမက စိတ်ကြေကွဲ ဒဏ်ရာရစွာ ရေးသားဖော်ပြခဲ့ပါတယ်။

သူမ၏အကောင့်ကို private မလုပ်လိုက်ခင်မှာ အဆိုပါ ဂျကာတာမြို့မှအမျိုးသမီးဟာ သူမကို စိတ်ပိုင်းဆိုင်ရာအားပေးမှုကိုဖော်ပြသည့်အများပြည်သူဆိုင်ရာမှတ်ချက်များစွာကို လက်ခံရရှိခဲ့ပြီး သူမ၏မိဘများကလည်း သူမအား ပံ့ပိုးကူညီမှုများပြသခဲ့ပြီး သူမအား သန်မာပြီး ယုံကြည်မှုရှိရန် တောင်းဆိုခဲ့ကြပါတယ်။

သူ့အကြောင်း စေ့စေ့ပေါက်ပေါက်သိတယ်လို့ သင် ထင်နေခဲ့တဲ့ သူတစ်ယောက်ရဲ့အကြောင်း အမှန်တရားကို ဖော်ထုတ်ဖို့က လုံးဝ ကြောက်စရာပါပဲ။

ဒါဟာ မလိုလားအပ်တဲ့ ကြေကွဲစရာတွေကို တားဆီးဖို့အတွက် သူ/သူမကို လက်မထပ်ခင်မှာ သူ/သူမရဲ့အကြောင်းကို ဘာကြောင့် သိရှိနားလည်ထားသင့်လဲဆိုတဲ့ အကောင်းဆုံး ဥပမာတွေထဲက တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မူရငျးအား လေးစားလြှကျ Credit

Leave a Reply

Your email address will not be published.