ေအာင္လ VS ဗစ္ဒက္ရွ္ ပြဲၿပီး သုံးသပ္ခ်က္…

ေအာင္လ VS ဗစ္ဒက္ရွ္ ပြဲၿပီး သုံးသပ္ခ်က္…

မေန႔ညကပြဲကေတာ့ အားလုံးသတိတဲ့အတိုင္းပါဘဲ။ ျမန္မာပရိသတ္ေတြ ဝမ္းနည္းရတဲ့ ညတစ္ညပါ။ေအာင္လအန္ဆန္ဟာ ဗစ္ဒက္ရွ္ကို အမွတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံလုခြင့္ကို လက္လႊတ္ဆုံးရႈံးလိုက္ရပါတယ္။

ဒီရႈံးပြဲနဲ႔အတူ ေအာင္လအန္ဆန္ဟာလည္း သူ႔ရဲ့ ခ်န္ပီယံအိပ္မက္နဲ႔ ေတာ္ေတာ္အလွမ္းေဝးတဲ့ အေနအထားတစ္ခုကို ေရာက္သြားတယ္လို႔ ေျပာလို႔ရပါတယ္။ပြဲမွာေတာ့ အားလုံးသိတဲ့အတိုင္းဘဲ striking ပိုင္းမွာ ေအာင္လကသာေပမယ့္ ေျမျပင္တိုက္ခိုက္ေရးအပိုင္းမွာေတာ့ ဗစ္ဒက္ရွ္ရဲ့ takedown ေတြ ၊အသာစီးရယူမႈေတြကို မကာကြယ္နိုင္ဘဲ အမွတ္နဲ႔ရႈံးနိမ့္သြားတာပါ။

One မွာ ေအာင္လႀကီးစိုးထားတဲ့အခ်ိန္ေတြ ကုန္လြန္သြားၿပီလားကၽြန္ေတာ့္တစ္ေယာက္ထဲအျမင္အရေတာ့ ရိုင္နီယာကို ဒုတိယအႀကိမ္ရႈံးနိမ့္ၿပီးတဲ့ ေနာက္ပိုင္းမွာေတာင္မွ ground game မွာ တိုးတက္မႈေတြ ျပသနိုင္ခဲ့တာေၾကာင့္ ေအာင္လအန္ဆန္မွာ အခြင့္အေရးရွိခဲ့တယ္လို႔ ထင္မိပါတယ္။

ဒါေပမယ့္ မေန႔ကပြဲမွာေတာ့ သက္လုံပိုင္း ၊ ႐ုန္းအားပိုင္းကို ၾကည့္ရင္း ေအာင္လအန္ဆန္ဟာ အက်ပိုင္းကို ေရာက္လာၿပီလို႔ ခံစားမိပါတယ္။ ပရိသတ္ေတြလည္း တူတူဘဲ ျဖစ္မွာပါ။

ေနာက္တစ္ခုက ground game ပါ။ ကစားသမားဘဝအစမွာ ျမန္မာ့စပါးအုံးလို႔ နာမည္ႀကီးခဲ့တဲ့ထိ ဂ်ဴဂ်စ္စုေကာင္းခဲ့တဲ့ ေအာင္လဟာ Sanford MMA အေရာက္မွာ သူ႔ရဲ့ striking နဲ႔ ဂ်ဴဂ်စ္စုကို အလဲအလွယ္လုပ္လိုက္ရသလိုျဖစ္သြားပါတယ္။

Sanford MMA ရဲ့ ေလ့က်င့္မွာအပိုင္း ၊ ျပင္ဆင္မႈအပိုင္းမွာ လိုအပ္ခ်က္ေတြအမ်ားႀကီးရွိတာလည္းပါပါတယ္။ ကစားသမားေတြကို သူတို႔အားသန္တဲ့ေနရာမွာ ပိုအားသန္ေအာင္ေလ့က်င့္ေပးတာထက္ striking ပိုင္းမွာဘဲ ပိုပိုၿပီး အားသန္ေအာင္ ေလ့က်င့္ေပးတာကို ေတြ႕ရပါတယ္။

ေအာင္လကို ခနဖယ္ထားရင္ေတာင္မွ အေမရိကန္နပမ္းသမားျဖစ္တဲ့ မိုက္ကယ္ခ်န္ဒလာ ၊ ဂ်ဴဂ်စ္စုခါးပတ္နက္ သုံးရစ္ဖိုက္တာ Gilbert Burns စတဲ့ ေျမျပင္တိုက္ခိုက္ေရးအရမ္းအားသန္တဲ့ ဖိုက္တာေတြေတာင္မွ striker ေတြ ျဖစ္ကုန္ပါတယ္။

ဒါေၾကာင့္ Sanford မွာ နပမ္းနဲ႔ဂ်ဴဂ်စ္စုပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနၿပီလို႔ေတာ့ ထင္မိပါတယ္။“ ဓားေတာင္ မသုံးတာၾကာရင္ သံေခ်းတက္တာ သဘာဝပါဘဲ ” ေအာင္လရဲ့ striking ပိုင္းက One မွာ အေကာင္းဆုံးဆိုတဲ့အထိ နာမည္ရလာေပမယ့္ grappling ပိုင္းကေတာ့ ေျမျပင္တိုက္ခိုက္ေရးအဓိကက်င့္တဲ့ဖိုက္တာေတြနဲ႔ ေတြ႕ရင္ ယွဥ္လုံးဖို႔ခက္သြားပါတယ္။

ခ်ဳပ္ကြက္နဲ႔ပြဲမသိမ္းခံရတာက အရင္က ဂ်ဴဂ်စ္စု ေသခ်ာေလ့က်င့္ခဲ့လို႔ပါ။ ဒါေပမယ့္ ဒီလို ground သမားေတြနဲ႔ သူတင္ကိုယ္တင္ယွဥ္လုံးဖို႔ေတာ့ ေတာ္ေတာ္ခက္သြားတဲ့အေနအထားပါ။ ေအာင္လအေနနဲ႔ နပမ္းနဲ႔ဂ်ဴဂ်စ္စုပိုင္းကို တျခား နာမည္ႀကီးတဲ့ Gym တစ္ခုမွာ ေလ့က်င့္သင့္တယ္လို႔ျမင္မိပါတယ္။

ေအာင္လကအရမ္းကို ေလ့က်င့္အားေကာင္းၿပီး ႀကိဳးစားတဲ့ ဖိုက္တာပါ။ ဒါေတာင္မွ takedown defense ၊ ေျမျပင္မွာ bad position ကေန ႐ုန္းထြက္လို႔မရတာေတြက နည္းစနစ္ပိုင္းဆိုင္ရာ တိက်မႈ ၊ အေသးစိတ္က်မႈေတြနဲ႔ ဆိုင္သြားပါၿပီ။

ဒါေၾကာင့္ တျခား Gym တစ္ခုခုမွာ ဒီေျမျပင္တိုက္ခိုက္ေရးပိုင္းကို ေလ့က်င့္ျဖစ္ရင္ တိုးတက္မႈေတြ အမ်ားႀကီးရွိလာနိုင္တယ္လို႔ ျမင္မိပါတယ္။
ဝမ္းနည္းမိတာကေတာ့ ေအာင္လဟာ တျဖည္းျဖည္းနဲ႔ အသက္ရလာတာေၾကာင့္ ဒီအားနည္းခ်က္ကို ျပင္ဆင္ဖို႔ အခ်ိန္ရွိပါ့မလားဆိုတဲ့အခ်က္တစ္ခ်က္ပါဘဲ။

ဘယ္လိုဘဲေနေန ၊ ေအာင္လဟာ ျမန္မာတစ္နိုင္ငံလုံးကို MMA အားကစားဆိုတာကို သိရွိေစခဲ့တဲ့ ကစားသမားပါ။ တစ္နိုင္ငံလုံးက လူငယ္ေတြကိုလည္း MMA ဖိုက္တာျဖစ္ခ်င္တယ္ဆိုတဲ့ အိပ္မက္မ်ိဳး မက္နိုင္ေအာင္ လမ္းျပေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ သူေၾကာင့္ MMA အားကစားကို စသိခဲ့ၿပီး စိတ္ဝင္စားခဲ့တဲ့ လူငယ္ေတြထဲ ကၽြန္ေတာ္လည္း အပါအဝင္ပါဘဲ။cred

အောင်လ VS ဗစ်ဒက်ရှ် ပွဲပြီး သုံးသပ်ချက်…

မနေ့ညကပွဲကတော့ အားလုံးသတိတဲ့အတိုင်းပါဘဲ။ မြန်မာပရိသတ်တွေ ဝမ်းနည်းရတဲ့ ညတစ်ညပါ။အောင်လအန်ဆန်ဟာ ဗစ်ဒက်ရှ်ကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလုခွင့်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။

ဒီရှုံးပွဲနဲ့အတူ အောင်လအန်ဆန်ဟာလည်း သူ့ရဲ့ ချန်ပီယံအိပ်မက်နဲ့ တော်တော်အလှမ်းဝေးတဲ့ အနေအထားတစ်ခုကို ရောက်သွားတယ်လို့ ပြောလို့ရပါတယ်။ပွဲမှာတော့ အားလုံးသိတဲ့အတိုင်းဘဲ striking ပိုင်းမှာ အောင်လကသာပေမယ့် မြေပြင်တိုက်ခိုက်ရေးအပိုင်းမှာတော့ ဗစ်ဒက်ရှ်ရဲ့ takedown တွေ ၊အသာစီးရယူမှုတွေကို မကာကွယ်နိုင်ဘဲ အမှတ်နဲ့ရှုံးနိမ့်သွားတာပါ။

One မှာ အောင်လကြီးစိုးထားတဲ့အချိန်တွေ ကုန်လွန်သွားပြီလားကျွန်တော့်တစ်ယောက်ထဲအမြင်အရတော့ ရိုင်နီယာကို ဒုတိယအကြိမ်ရှုံးနိမ့်ပြီးတဲ့ နောက်ပိုင်းမှာတောင်မှ ground game မှာ တိုးတက်မှုတွေ ပြသနိုင်ခဲ့တာကြောင့် အောင်လအန်ဆန်မှာ အခွင့်အရေးရှိခဲ့တယ်လို့ ထင်မိပါတယ်။

ဒါပေမယ့် မနေ့ကပွဲမှာတော့ သက်လုံပိုင်း ၊ ရုန်းအားပိုင်းကို ကြည့်ရင်း အောင်လအန်ဆန်ဟာ အကျပိုင်းကို ရောက်လာပြီလို့ ခံစားမိပါတယ်။ ပရိသတ်တွေလည်း တူတူဘဲ ဖြစ်မှာပါ။

နောက်တစ်ခုက ground game ပါ။ ကစားသမားဘဝအစမှာ မြန်မာ့စပါးအုံးလို့ နာမည်ကြီးခဲ့တဲ့ထိ ဂျူဂျစ်စုကောင်းခဲ့တဲ့ အောင်လဟာ Sanford MMA အရောက်မှာ သူ့ရဲ့ striking နဲ့ ဂျူဂျစ်စုကို အလဲအလှယ်လုပ်လိုက်ရသလိုဖြစ်သွားပါတယ်။

Sanford MMA ရဲ့ လေ့ကျင့်မှာအပိုင်း ၊ ပြင်ဆင်မှုအပိုင်းမှာ လိုအပ်ချက်တွေအများကြီးရှိတာလည်းပါပါတယ်။ ကစားသမားတွေကို သူတို့အားသန်တဲ့နေရာမှာ ပိုအားသန်အောင်လေ့ကျင့်ပေးတာထက် striking ပိုင်းမှာဘဲ ပိုပိုပြီး အားသန်အောင် လေ့ကျင့်ပေးတာကို တွေ့ရပါတယ်။

အောင်လကို ခနဖယ်ထားရင်တောင်မှ အမေရိကန်နပမ်းသမားဖြစ်တဲ့ မိုက်ကယ်ချန်ဒလာ ၊ ဂျူဂျစ်စုခါးပတ်နက် သုံးရစ်ဖိုက်တာ Gilbert Burns စတဲ့ မြေပြင်တိုက်ခိုက်ရေးအရမ်းအားသန်တဲ့ ဖိုက်တာတွေတောင်မှ striker တွေ ဖြစ်ကုန်ပါတယ်။

ဒါကြောင့် Sanford မှာ နပမ်းနဲ့ဂျူဂျစ်စုပိုင်းမှာ လိုအပ်ချက်တွေရှိနေပြီလို့တော့ ထင်မိပါတယ်။“ ဓားတောင် မသုံးတာကြာရင် သံချေးတက်တာ သဘာဝပါဘဲ ” အောင်လရဲ့ striking ပိုင်းက One မှာ အကောင်းဆုံးဆိုတဲ့အထိ နာမည်ရလာပေမယ့် grappling ပိုင်းကတော့ မြေပြင်တိုက်ခိုက်ရေးအဓိကကျင့်တဲ့ဖိုက်တာတွေနဲ့ တွေ့ရင် ယှဉ်လုံးဖို့ခက်သွားပါတယ်။

ချုပ်ကွက်နဲ့ပွဲမသိမ်းခံရတာက အရင်က ဂျူဂျစ်စု သေချာလေ့ကျင့်ခဲ့လို့ပါ။ ဒါပေမယ့် ဒီလို ground သမားတွေနဲ့ သူတင်ကိုယ်တင်ယှဉ်လုံးဖို့တော့ တော်တော်ခက်သွားတဲ့အနေအထားပါ။ အောင်လအနေနဲ့ နပမ်းနဲ့ဂျူဂျစ်စုပိုင်းကို တခြား နာမည်ကြီးတဲ့ Gym တစ်ခုမှာ လေ့ကျင့်သင့်တယ်လို့မြင်မိပါတယ်။

အောင်လကအရမ်းကို လေ့ကျင့်အားကောင်းပြီး ကြိုးစားတဲ့ ဖိုက်တာပါ။ ဒါတောင်မှ takedown defense ၊ မြေပြင်မှာ bad position ကနေ ရုန်းထွက်လို့မရတာတွေက နည်းစနစ်ပိုင်းဆိုင်ရာ တိကျမှု ၊ အသေးစိတ်ကျမှုတွေနဲ့ ဆိုင်သွားပါပြီ။

ဒါကြောင့် တခြား Gym တစ်ခုခုမှာ ဒီမြေပြင်တိုက်ခိုက်ရေးပိုင်းကို လေ့ကျင့်ဖြစ်ရင် တိုးတက်မှုတွေ အများကြီးရှိလာနိုင်တယ်လို့ မြင်မိပါတယ်။
ဝမ်းနည်းမိတာကတော့ အောင်လဟာ တဖြည်းဖြည်းနဲ့ အသက်ရလာတာကြောင့် ဒီအားနည်းချက်ကို ပြင်ဆင်ဖို့ အချိန်ရှိပါ့မလားဆိုတဲ့အချက်တစ်ချက်ပါဘဲ။

ဘယ်လိုဘဲနေနေ ၊ အောင်လဟာ မြန်မာတစ်နိုင်ငံလုံးကို MMA အားကစားဆိုတာကို သိရှိစေခဲ့တဲ့ ကစားသမားပါ။ တစ်နိုင်ငံလုံးက လူငယ်တွေကိုလည်း MMA ဖိုက်တာဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်မျိုး မက်နိုင်အောင် လမ်းပြပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူကြောင့် MMA အားကစားကို စသိခဲ့ပြီး စိတ်ဝင်စားခဲ့တဲ့ လူငယ်တွေထဲ ကျွန်တော်လည်း အပါအဝင်ပါဘဲ။cred

Leave a Reply

Your email address will not be published.