ေဘးကင္းရာ ေရႊ႕ေျပာင္းေပးမယ္ဆိုတဲ့ အေမရိကန္ကမ္းလွမ္းခ်က္ကို ယူကရိန္းသမၼတ ပယ္ခ်

ေဘးကင္းရာ ေရႊ႕ေျပာင္းေပးမယ္ဆိုတဲ့ အေမရိကန္ကမ္းလွမ္းခ်က္ကို ယူကရိန္းသမၼတ ပယ္ခ်

ေဘးကင္းရာေနရာကို ေရႊ႕ေျပာင္းေပးမယ္ ဆိုတဲ့ အေမရိကန္ရဲ့ ကမ္းလွမ္းခ်က္ကို ယူကရိန္းသမၼတ ဇလန္းစကီးက ပယ္ခ်လိုက္တယ္လို႔ အေမရိကန္မီဒီယာေတြက ေဖာ္ျပပါတယ္။

သမၼတ ဇလန္းစကီးက “တိုက္ပြဲက ဒီမွာပဲ။ ကၽြန္ေတာ္လိုတာ လက္နက္ခဲယမ္းပါ” လို႔ေျပာၾကားေၾကာင္း ဒီေျပာၾကားခ်က္ကို တိုက္ရိုက္သိရွိတဲ့ ေထာက္လွမ္းေရးအရာရွိတစ္ဦးကို ကိုးကားၿပီး ေအပီသတင္းဌာနကေရးပါတယ္။

အေမရိကန္အစိုးရဟာ သမၼတ ဇလန္းစကီးကို ကူညီဖို႔ ျပင္ဆင္ခဲ့တယ္ လို႔ အေမရိကန္နဲ႔ ယူကရိန္းႏွစ္ဖက္ အစိုးရအရာရွိႀကီးေတြကို ကိုးကားၿပီး ဝါရွင္တန္ပို႔စ္ကလည္း ေရးပါတယ္။

႐ုရွားရဲ့ က်ဴးေက်ာ္မႈအေပၚ ယူကရိန္းသမၼတ ဇလန္းစကီးရဲ့ တုံ႔ျပန္မႈနဲ႔ပတ္သက္လို႔ သူ႔ကို လူမႈကြန္ရက္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ခ်ီးမြမ္းမႈေတြရွိေနပါတယ္။

ဟာသသ႐ုပ္ေဆာင္ေဟာင္းတစ္ဦးလည္းျဖစ္တဲ့ သမၼတဇလန္းစကီးက “ကၽြန္ေတာ္တို႔ကို တိုက္ခိုက္ရင္ ကၽြန္ေတာ္တို႔ရဲ့ မ်က္ႏွာကိုပဲ ျမင္ရမယ္။ ကၽြန္ေတာ္တို႔ေနာက္ေက်ာကို ျမင္ရမွာမဟုတ္ဘူး” လို႔အေစာပိုင္းက မိန႔္ခြန္းမွာေျပာခဲ့ပါတယ္။

မေန႔ေသာၾကာေန႔အေစာပိုင္းမွာ သူနဲ႔ သူ႔ရဲ့ အဓိက လက္ေထာက္ တာဝန္ရွိသူေတြ ၿမိဳ႕ေတာ္အတြင္းမွာ ရွိေနေၾကာင္း ျပသတဲ့ ကိုယ္တိုင္ရိုက္ ဗီဒီယိုတစ္ခုကို လႊင့္တင္ခဲ့ၿပီး ကိယက္ဗ္ၿမိဳ႕ကေန သူထြက္ေျပးသြားၿပီဆိုတဲ့သတင္းေတြကို ျငင္းဆန္ခဲ့ပါတယ္။

“ငါတို႔အားလုံးဒီမွာရွိပါတယ္ ။ ၿပီးေတာ့ ဒီအတိုင္းပဲ ဆက္သြားေနမယ္” လို႔လည္း သူကေျပာပါတယ္။

ဘေးကင်းရာ ရွှေ့ပြောင်းပေးမယ်ဆိုတဲ့ အမေရိကန်ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတ ပယ်ချ

ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတ ဇလန်းစကီးက ပယ်ချလိုက်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

သမ္မတ ဇလန်းစကီးက “တိုက်ပွဲက ဒီမှာပဲ။ ကျွန်တော်လိုတာ လက်နက်ခဲယမ်းပါ” လို့ပြောကြားကြောင်း ဒီပြောကြားချက်ကို တိုက်ရိုက်သိရှိတဲ့ ထောက်လှမ်းရေးအရာရှိတစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနကရေးပါတယ်။

အမေရိကန်အစိုးရဟာ သမ္မတ ဇလန်းစကီးကို ကူညီဖို့ ပြင်ဆင်ခဲ့တယ် လို့ အမေရိကန်နဲ့ ယူကရိန်းနှစ်ဖက် အစိုးရအရာရှိကြီးတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်ကလည်း ရေးပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုအပေါ် ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ သူ့ကို လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ချီးမွမ်းမှုတွေရှိနေပါတယ်။

ဟာသသရုပ်ဆောင်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ သမ္မတဇလန်းစကီးက “ကျွန်တော်တို့ကို တိုက်ခိုက်ရင် ကျွန်တော်တို့ရဲ့ မျက်နှာကိုပဲ မြင်ရမယ်။ ကျွန်တော်တို့နောက်ကျောကို မြင်ရမှာမဟုတ်ဘူး” လို့အစောပိုင်းက မိန့်ခွန်းမှာပြောခဲ့ပါတယ်။

မနေ့သောကြာနေ့အစောပိုင်းမှာ သူနဲ့ သူ့ရဲ့ အဓိက လက်ထောက် တာဝန်ရှိသူတွေ မြို့တော်အတွင်းမှာ ရှိနေကြောင်း ပြသတဲ့ ကိုယ်တိုင်ရိုက် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့ပြီး ကိယက်ဗ်မြို့ကနေ သူထွက်ပြေးသွားပြီဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

“ငါတို့အားလုံးဒီမှာရှိပါတယ် ။ ပြီးတော့ ဒီအတိုင်းပဲ ဆက်သွားနေမယ်” လို့လည်း သူကပြောပါတယ်။

Leave a Reply

Your email address will not be published.