ယူကရိန္းေတာင္ပိုင္း ၿမိဳ႕တစ္ၿမိဳ႕ကို ႐ုရွားတပ္ေတြ သိမ္းပိုက္နိုင္ခဲ့ၿပီလို႔ သတင္းထြက္ေပၚ

ယူကရိန္းေတာင္ပိုင္း ၿမိဳ႕တစ္ၿမိဳ႕ကို ႐ုရွားတပ္ေတြ သိမ္းပိုက္နိုင္ခဲ့ၿပီလို႔ သတင္းထြက္ေပၚ

႐ုရွားတပ္ဖြဲ႕ေတြဟာ ဒီေန႔ ေဖေဖာ္ဝါရီ ၂၆ ရက္မွာ ယူကရိန္းနိုင္ငံေတာင္ပိုင္းက မီလစ္တိုပူးလ္ၿမိဳ႕ကို သိမ္းပိုက္နိုင္ခဲ့တယ္လို႔ Reuters သတင္းဌာနက ဆိုပါတယ္။ ႐ုရွားဟာ ၿမိဳ႕ေတာ္ ကိဗ္အပါအဝင္ ယူကရိန္းၿမိဳ႕ႀကီးမ်ားစြာကို ခ႐ုဇ္ဒုံးက်ည္ေတြ၊ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနခဲ့တာျဖစ္ပါတယ္။

လူဦးေရ ၁၅၀,၀၀၀ ခန႔္ေနထိုင္ရာ မီလစ္တိုပူးလ္ၿမိဳ႕ က်ဆုံးခဲ့တယ္ဆိုတာနဲ႔ ပတ္သက္လို႔ လတ္တေလာမွာေတာ့ ယူကရိန္းအရာရွိေတြထံက တုန႔္ျပန္မွတ္ခ်က္ေတြ မရနိုင္ေသးပါဘူး။

ၿမိဳ႕က်ဆုံးတာ အတည္ျဖစ္ခဲ့ရင္ေတာ့ ႐ုရွားဟာ ေဖေဖာ္ဝါရီ ၂၄ ရက္က စတင္ခဲ့တဲ့ သူတို႔ရဲ့က်ဴးေက်ာ္စစ္မွာ လူဦးေရမ်ားျပားတယ္လို႔ဆိုရမယ့္ ၿမိဳ႕တစ္ၿမိဳ႕ကို ပထမဆုံး သိမ္းပိုက္နိုင္မႈျဖစ္လာပါလိမ့္မယ္။

အေစာပိုင္းက ယူကရိန္းအရာရွိေတြက ေျပာဆိုရာမွာေတာ့ ႐ုရွားတပ္ေတြဟာ ပင္လယ္နက္ကေန မာရီယူပူးလ္ၿမိဳ႕၊ အေရွ႕ေျမာက္ပိုင္းက ဆမ္မီၿမိဳ႕နဲ႔ အေရွ႕ပိုင္း ပိုလ္တာဗာၿမိဳ႕ေတြကို ခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနတယ္လို႔ ဆိုခဲ့ၾကပါတယ္။

လူေနအေဆာက္အအုံတစ္လုံး ဒုံးက်ည္ထိမွန္ခဲ့တယ္လို႔ ကိဗ္ၿမိဳ႕ေတာ္ အာဏာပိုင္ေတြက ေျပာဆိုသလို ေလဆိပ္အနီး ဧရိယာမွာ ေနာက္ထပ္ ဒုံးတစ္စင္းက်ေရာက္ခဲ့တယ္လို႔ ရိုက္တာသတင္းသမားတစ္ဦးက ေျပာဆိုပါတယ္။ဒီျဖစ္စဥ္ေတြမွာ ေသေၾကပ်က္စီးမႈနဲ႔ ပတ္သက္ၿပီး ခ်က္ခ်င္း ေျပာလို႔မရနိုင္ေသးေၾကာင္း သိရပါတယ္။credit

ယူကရိန်းတောင်ပိုင်း မြို့တစ်မြို့ကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သတင်းထွက်ပေါ်

ရုရှားတပ်ဖွဲ့တွေဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ယူကရိန်းနိုင်ငံတောင်ပိုင်းက မီလစ်တိုပူးလ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ Reuters သတင်းဌာနက ဆိုပါတယ်။ ရုရှားဟာ မြို့တော် ကိဗ်အပါအဝင် ယူကရိန်းမြို့ကြီးများစွာကို ခရုဇ်ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

လူဦးရေ ၁၅၀,၀၀၀ ခန့်နေထိုင်ရာ မီလစ်တိုပူးလ်မြို့ ကျဆုံးခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ လတ်တလောမှာတော့ ယူကရိန်းအရာရှိတွေထံက တုန့်ပြန်မှတ်ချက်တွေ မရနိုင်သေးပါဘူး။

မြို့ကျဆုံးတာ အတည်ဖြစ်ခဲ့ရင်တော့ ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့တဲ့ သူတို့ရဲ့ကျူးကျော်စစ်မှာ လူဦးရေများပြားတယ်လို့ဆိုရမယ့် မြို့တစ်မြို့ကို ပထမဆုံး သိမ်းပိုက်နိုင်မှုဖြစ်လာပါလိမ့်မယ်။

အစောပိုင်းက ယူကရိန်းအရာရှိတွေက ပြောဆိုရာမှာတော့ ရုရှားတပ်တွေဟာ ပင်လယ်နက်ကနေ မာရီယူပူးလ်မြို့၊ အရှေ့မြောက်ပိုင်းက ဆမ်မီမြို့နဲ့ အရှေ့ပိုင်း ပိုလ်တာဗာမြို့တွေကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုခဲ့ကြပါတယ်။

လူနေအဆောက်အအုံတစ်လုံး ဒုံးကျည်ထိမှန်ခဲ့တယ်လို့ ကိဗ်မြို့တော် အာဏာပိုင်တွေက ပြောဆိုသလို လေဆိပ်အနီး ဧရိယာမှာ နောက်ထပ် ဒုံးတစ်စင်းကျရောက်ခဲ့တယ်လို့ ရိုက်တာသတင်းသမားတစ်ဦးက ပြောဆိုပါတယ်။

ဒီဖြစ်စဉ်တွေမှာ သေကြေပျက်စီးမှုနဲ့ ပတ်သက်ပြီး ချက်ချင်း ပြောလို့မရနိုင်သေးကြောင်း သိရပါတယ်။credit

Leave a Reply

Your email address will not be published.