လႊင့္ပစ္ရမယ့္ တခါသုံးေဖာ့ဘူးေတြကို အသုံးဝင္ေအာင္ ျပဳလုပ္နည္း (မသိသူေက်ာ္သြား သိသူေဖာ္စား)…

လႊင့္ပစ္ရမယ့္ တခါသုံးေဖာ့ဘူးေတြကို အသုံးဝင္ေအာင္ ျပဳလုပ္နည္း (မသိသူေက်ာ္သြား သိသူေဖာ္စား)…

ယေန႔အခ်ိန္မွာ တခါသုံး ေဖာ့ဘူးေတြကို ျမန္မာျပည္အႏွံ့အျပားမွာ ေပါေပါမ်ားမ်ား သုံးေနၾကပါၿပီ။အစားအေသာက္ သယ္ယူရမွာ လြယ္ကူၿပီး ပန္းကန္ေနရာမွာ အစားထိုးသုံးနိုင္တဲ့အတြက္ေၾကာင့္ လူႀကိဳက္ မ်ားေနၾကတာ ျဖစ္ပါတယ္။

ေဖာ့ဘူးရဲ့ အဓိက ဆိုးက်ိဳးကေတာ့ အခ်ိန္တိုအတြင္း သဘာဝနည္းအတိုင္း ပ်က္စီးဖို႔ မျဖစ္နိုင္တာေၾကာင့္ အမွိုက္ရႈပ္ေစတာပဲ ျဖစ္ပါတယ္။စည္းကမ္း မရွိသူမ်ားက အသုံးျပဳၿပီး ေဖာ့ဘူးေတြကို ေခ်ာင္းေတြ ေျမာင္းေတြထဲ ပစ္ခ်တာေၾကာင့္ အကုန္ပိတ္ဆို႔ၿပီး မိုးတြင္းမွာ ေရႀကီးေရလၽွ႕ေတြ ျဖစ္ကုန္ၾကပါတယ္။

အဲဒါေၾကာင့္ ေဖာ့ဘူးေတြကို ျပန္သုံးတဲ့နည္းလမ္းနဲ႔ ေဖာ့ဘူးအသုံးျပဳမႈကို ေလ်ာ့က်ေစနိုင္ေပမယ့္ က်န္းမာေရး ရႈေထာင့္က ၾကည့္ရင္ေတာ့ မသင့္ေတာ္ပါဘူး။အခု အြန္လိုင္းေပၚမွာ ေတြ႕တဲ့ နည္းတနည္းကေတာ့ ေဖာ့ဘူးစြန႔္ပစ္မႈကို ေလၽွာ့ခ်ေပးနိုင္႐ုံသာမက အသုံးဝင္တဲ့ ပစၥည္းတခုပါ ျပန္လည္ရရွိမယ့္ နည္းလမ္း ျဖစ္ပါတယ္။

အဲဒီနည္းလမ္းကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္-ေဖာ့ဘူးေတြကို အသုံးမလိုရင္ အမွိုက္ထဲ မထည့္ပါနဲ႔။ ေရေျပာင္ေအာင္ေဆးၿပီး ေနလွန္းပါ။ေျခာက္ရင္ အဝက်ယ္ ပုလင္းထဲ ဓါတ္ဆီထည့္ ေဖါ့ေတြကိုခ်ိဳးၿပီး ထည့္ပါ။

ေပ်ာ္သြားရင္ သစ္သားကပ္တဲ့ေကာ္ရပါတယ္။ေကာ္ေတြထဲမွာ အပူအေအးဒဏ္ခံနိုင္တဲ့ ေကာ္ပါ သြပ္ေတြဖာလို႔လည္းရပါတယ္ ေဖာ့က ဓာတ္ဆီနဲ႔ေတြ႕ရင္ ေသးၿပီး က်ဳံ႕သြားတဲ့ အတြက္ ဓာတ္ဆီကို အနည္းငယ္သာထည့္ပါ။

(Huang Ya Hui)အထက္ပါ နည္းလမ္းကေတာ့ ေဖာ့ဘူးေတြ စြန႔္ပစ္မႈကို ေလၽွာ့ခ်နိုင္ဖို႔အတြက္ အေကာင္းဆုံး နည္းလမ္းပါပဲ။အလုပ္လည္း သိပ္မရႈပ္တာေၾကာင့္ အိမ္မွာ စမ္းသပ္ၾကည့္သင့္တယ္လို႔ တိုက္တြန္းလိုက္ပါရေစ…Crd

လွှင့်ပစ်ရမယ့် တခါသုံးဖော့ဘူးတွေကို အသုံးဝင်အောင် ပြုလုပ်နည်း (မသိသူကျော်သွား သိသူဖော်စား)

ယနေ့အချိန်မှာ တခါသုံး ဖော့ဘူးတွေကို မြန်မာပြည်အနှံ့အပြားမှာ ပေါပေါများများ သုံးနေကြပါပြီ။အစားအသောက် သယ်ယူရမှာ လွယ်ကူပြီး ပန်းကန်နေရာမှာ အစားထိုးသုံးနိုင်တဲ့အတွက်ကြောင့် လူကြိုက် များနေကြတာ ဖြစ်ပါတယ်။

ဖော့ဘူးရဲ့ အဓိက ဆိုးကျိုးကတော့ အချိန်တိုအတွင်း သဘာဝနည်းအတိုင်း ပျက်စီးဖို့ မဖြစ်နိုင်တာကြောင့် အမှိုက်ရှုပ်စေတာပဲ ဖြစ်ပါတယ်။စည်းကမ်း မရှိသူများက အသုံးပြုပြီး ဖော့ဘူးတွေကို ချောင်းတွေ မြောင်းတွေထဲ ပစ်ချတာကြောင့် အကုန်ပိတ်ဆို့ပြီး မိုးတွင်းမှာ ရေကြီးရေလျှ့တွေ ဖြစ်ကုန်ကြပါတယ်။

အဲဒါကြောင့် ဖော့ဘူးတွေကို ပြန်သုံးတဲ့နည်းလမ်းနဲ့ ဖော့ဘူးအသုံးပြုမှုကို လျော့ကျစေနိုင်ပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်ရင်တော့ မသင့်တော်ပါဘူး။အခု အွန်လိုင်းပေါ်မှာ တွေ့တဲ့ နည်းတနည်းကတော့ ဖော့ဘူးစွန့်ပစ်မှုကို လျှော့ချပေးနိုင်ရုံသာမက အသုံးဝင်တဲ့ ပစ္စည်းတခုပါ ပြန်လည်ရရှိမယ့် နည်းလမ်း ဖြစ်ပါတယ်။

အဲဒီနည်းလမ်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်-ဖော့ဘူးတွေကို အသုံးမလိုရင် အမှိုက်ထဲ မထည့်ပါနဲ့။ ရေပြောင်အောင်ဆေးပြီး နေလှန်းပါ။ခြောက်ရင် အဝကျယ် ပုလင်းထဲ ဓါတ်ဆီထည့် ဖေါ့တွေကိုချိုးပြီး ထည့်ပါ။

ပျော်သွားရင် သစ်သားကပ်တဲ့ကော်ရပါတယ်။ကော်တွေထဲမှာ အပူအအေးဒဏ်ခံနိုင်တဲ့ ကော်ပါ သွပ်တွေဖာလို့လည်းရပါတယ် ဖော့က ဓာတ်ဆီနဲ့တွေ့ရင် သေးပြီး ကျုံ့သွားတဲ့ အတွက် ဓာတ်ဆီကို အနည်းငယ်သာထည့်ပါ။

(Huang Ya Hui)အထက်ပါ နည်းလမ်းကတော့ ဖော့ဘူးတွေ စွန့်ပစ်မှုကို လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။အလုပ်လည်း သိပ်မရှုပ်တာကြောင့် အိမ်မှာ စမ်းသပ်ကြည့်သင့်တယ်လို့ တိုက်တွန်းလိုက်ပါရစေ…Crd

Leave a Reply

Your email address will not be published.