မသန်စွမ်းသူများအတွက် ကျပ်သိန်း (၁၀၀) ဝန်းကျင်ခန့် ခုနှစ်ရက်သားသမီးများနှင့်အတူ လှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ
မခိုင်နှင်းဝေရဲ့ ယနေ့အလှူလေးကတော့ အနယ်နယ်အရပ်ရပ်ကနေ အကူအညီတောင်းခံထားကြတဲ့ မသန်စွမ်းသူတွေ အတွက် အလှူဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ယနေ့ အလှူလေးကို ၇ ရက်သားသမီးများနဲ့ အတူ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
မခိုင်နှင်းဝေကတော့ အကူအညီလိုအပ်နေတဲ့ မည်သူမဆို တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်လှူဒါန်းနေတာပဲဖြစ်ပါတယ်။ ခုရက်ပိုင်းလေးအတွင်းမှာလဲ မိဘစွန့်ပြစ်သွားတဲ့ ကလေးငယ်လေးကို ခေါ်ယူမွေးစားခဲ့ပါသေးတယ်။
သုသာန်တစ်နေရာမှာ စွန့်ပြစ်ခဲ့ကြတာပါ။ အတော်ကို စိတ်မကောင်းစရာပါပဲ။ မခိုင်နှင်းဝေကတော့ သူမထံမှာ ရှိနေတဲ့ သားသမီးလေးများကို ရင်ဝယ်မခြားစောင့်ရှောက်ပေးတဲ့သူပါ။ သူမလို မေတ္တောကြီးမားဖို့ဆိုတာ လူတိုင်းမလုပ်နိုင်ကြပါဘူး။
တကယ်လေးစားစရာကောင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အနုပညာလောကမှာ ကြယ်တစ်ပွင့်ဖြစ်သလို ပြည်သူတွေအတွက် သူရဲကောင်းအမျိုးသမီးတစ်ဦးလို့ ဆိုရပါမယ်။ သူမရဲ့ အလှူပုံရိပ်တွေများကလဲ မြင်သူအဖို့ ဝမ်းသာကြည်နူးမျက်ရည်တောင် ကျမိမှာပါ။
ယနေ့အတွက် အလှူလေးကိုလဲ မခိုင်လေးကို ချစ်သူတွေအတွက် အမျှပေးဝေလိုက်ရပါတယ်။ ” Wheel Chair လိုအပ်နေတဲ့ အနယ်နယ်အရပ်ရပ်မှ အကူအညီတောင်းခံထားသော မသန်စွမ်းညီအစ်ကိုမောင်နှများအတွက်
တတ်နိုင်တဲ့ဘက်ကလှူဒါန်းပေးသွားမဲ့အလှူလေးပါရှင်ပထမတသုတ်အနေနဲ့အယောက် ၅၀)စာ(သိန်း၁၀၀)ဝန်းကျင်ခန့်လှူပေးသွားပါမယ်ခုနှစ်ရက်သားသမီးများအားလုံးရဲ့စုပေါင်းကုသိုလ်လေးလဲဖြစ်ပါတယ်ရှင်”ဆိုပြီးရေးသာမျှဝေလာပါတယ်။
ကုသိုလ်လေးကိုဝေမျှရင်းသာဓုခေါ်ပေးသွားကြပါဦးနော်။crd
Be the first to comment
Leave a Reply
Your email address will not be published.
*