နောက်ဆုံးထွက်သက်အထိ တစ်ဦးရဲ့လက်ကိုတစ်ဦးဆုပ်ကိုင်ရင်း မိနစ်ပိုင်းသာခြားပြီး ဆုံးပါးသွားခဲ့တဲ့ ဇနီးမောင်နှံ

နောက်ဆုံးထွက်သက်အထိ တစ်ဦးရဲ့လက်ကိုတစ်ဦးဆုပ်ကိုင်ရင်း မိနစ်ပိုင်းသာခြားပြီး ဆုံးပါးသွားခဲ့တဲ့ ဇနီးမောင်နှံ

Martha Jean Harris အမည်ရှိအမျိုးသား နှင့် Charley Ray အမည်ရှိအမျိုးသမီးတို့ ဇနီးမောင်နှံတို့ဟာ အသက်အရွယ်ရပြီး မတူညီတဲ့ ရောဂါအခြေအနေအမျိုးမျိုးနဲ့ ဆေးရုံတက်ကာ ဆေးကုသခဲ့ကြရပေမယ့် …

၎င်းတို့စုံတွဲဟာ မိနစ်အနည်းငယ်မျှသာခြားကာ ၎င်းတို့ရဲ့နောက်ဆုံးခရီးမှာ တစ်ဦးနှင့်တစ်ဦးလက်ချင်းဆုပ်ကိုင်ရင်း ကွယ်လွန်သွားခဲ့ကြပါတယ်။

Richard Harris အမည်ရှိအငယ်ဆုံးသားဖြစ်သူဟာ အသက်ကြီးနေပြီဖြစ်တဲ့မိဘများကို အပြင်မှာ စောင့်နေခဲ့ပေမယ့်လည်း အလားအလာမကောင်းတော့တဲ့မိဘများကြောင့် အရမ်းဝမ်းနည်းနေခဲ့ရပါတယ်။

အနည်းဆုံးတော့ Richard ဟာ မိဘများရဲ့တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ချစ်ခြင်းမေတ္တာက ထာဝရတည်တံ့နေခဲ့တာကို အမြဲဂုဏ်ယူခဲ့ရပါတယ်။

Richard က မိဘများရဲ့အချစ်ရေးဟာ အသက် ၁၂ နှစ်မှာစတင်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးစလုံးဟာ ဘယ်တုန်းကမှမခွဲခွါခဲ့ကြောင်း နှင့် ၎င်းတို့ဟာ အသက် ၁၉ နှစ်မှာ လက်ထပ်ခဲ့ကြပြီး ၎င်းတို့ရဲ့အချစ်တွေကြောင့်လည်း ပိုပိုပြီး ပျော်စရာကောင်းလာခဲ့ကြကြောင်း ပြောပြထားပါတယ်။

မိခင်ဖြစ်သူ Ray က တနင်္ဂနွေနေ့တိုင်းသီချင်းဆိုရတဲ့ တေးဂီတအဖွဲ့ရဲ့ဆရာမဖြစ်ပြီး ဖခင်ဖြစ်သူ Harris ဟာတော့ သူ့အမျိုးသမီးအတွက် အလုပ်များနေခဲ့ပါတယ်။

ယခု ၎င်းတို့ရဲ့အသက် ၈၀ ကျော်မှာ ၎င်းတို့နှစ်ဦးစလုံးရဲ့ကျန်းမာရေးပြဿနာက မတူညီတဲ့အခြေအနေများဖြင့်ခံစားနေရတာကြောင့် ၎င်းတို့နှစ်ဦးစလုံးကို လူနာတင်ယာဉ်တစ်ခုတည်းဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။

၎င်းတို့ရဲ့အဆိုးဆုံးအခြေအနေမှာတောင် Harris နှင့် Ray တို့ဟာ အရေးပေါ်ခန်းတစ်ခန်းတည်းမှာ အတူတူနေခဲ့ရပါတယ်။ ဆေးရုံမှာနှစ်ပတ်နေခဲ့ရတဲ့ Harris နဲ့ Ray တို့ကို သူနာပြုများကလည်း အနီးကပ်ကြည့်ရှုအားပေးခဲ့ကြပါတယ်။

Harris နဲ့ Ray တို့ဟာ ၎င်းတို့ကျန်းမာရေးအခြေအနေပိုဆိုးလာတာနှင့်အမျှ တစ်ဦးကိုတစ်ဦး စကားပြောစမြည်ပြောကြတဲ့အခါတိုင်း “ ငါနင့်ကိုချစ်တယ်” ဆိုတဲ့ စကားကို သုံးခွန်းဆက်တိုက်စီ အမြဲပြောနေခဲ့ကြကြောင်း Richard က ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ မိခင် Ray ဟာ သူမရဲ့အခြေအနေအလွန်ဆိုးရွားလာတာကြောင့် သူမရဲ့တစ်သက်တာချစ်သူအား နောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ပြီး လူ့လောကမှထွက်ခွါသွားခဲ့ပါတယ်။

ထို့နောက် နောက်ထပ် ၄၂ မိနစ်အကြာမှာတော့ ဖခင် Harris ကလည်း ချစ်ရသူ Ray ရဲ့လက်ကိုကိုင်ရင်း အတူတူထွက်ခွါသွားခဲ့ပါတယ်။

မိသားစုဝင်များကလည်း Harris နဲ့ Ray တို့ရဲ့ဈာပနပွဲအား လွန်ခဲ့တဲ့ ၆၅ နှစ်က သူတို့လက်ထပ်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းမှာပဲ ပြန်စီစဉ်ကျင်းပပေးခဲ့ကြပါတယ်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*