နိုင္ငံထိလာရင္ ေသြးစူလာတယ္ဆိုတာသက္ေသျပေနတဲ့ ယူကရိန္း ကမာၻ႔ဟဲဗီးဝိတ္ခ်န္ပီယံေဟာင္း

နိုင္ငံထိလာရင္ ေသြးစူလာတယ္ဆိုတာသက္ေသျပေနတဲ့ ယူကရိန္း ကမာၻ႔ဟဲဗီးဝိတ္ခ်န္ပီယံေဟာင္း

ဗစ္တလီကလစ္ရွ္ကိုက လက္ရွိမွာ ယူကရိန္းၿမိဳ႕ေတာ္ျဖစ္တဲ့ ကိဗ္ရဲ႕ ၿမိဳ႕ေတာ္ဝန္ပါ။

ကမာၻ႔ဟဲဗီးဝိတ္ခ်န္ပီယံအျဖစ္နဲ႕ ထင္ရွားခဲ့သူျဖစ္ၿပီး သူ႕ေခတ္၊သူ႕အခါတုန္းက လက္ေဝွ႕ႀကိဳးဝိုင္းထဲမွာ ၿပိဳင္ဘက္ကင္းခဲ့သူလို႔ ဆိုရပါမယ္။ အားကစားသမားဘဝက အနားယူၿပီးေနာက္မွာ သူက နိုင္ငံေရးေလာကထဲဝင္ေရာက္ခဲ့ၿပီး ကိဗ္ၿမိဳ႕ေတာ္ဝန္အျဖစ္နဲ႕ တာဝန္ထမ္းေဆာင္ခဲ့ရပါတယ္။

အခုေတာ့ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္လာခ်ိန္မွာ ဒီလက္ေဝွ႕သမားႀကီးရဲ႕ ဗီဇက ေပၚလာပါၿပီ။ “ဒီေသြးစြန္းမယ့္တိုက္ပြဲအတြက္ က်ေနာ္အသင့္ျဖစ္ေနၿပီ၊ က်ေနာ့္မွာ ေ႐ြးခ်ယ္စရာမရွိဘူး၊ ဒါပဲက်ေနာ္လုပ္ရမွာပါ၊ က်ေနာ္တိုက္ခိုက္သြားပါမယ္” လို႔ ကိဗ္ၿမိဳ႕ေတာ္ဝန္က ေျပာလိုက္ပါၿပီ။

႐ုရွားရဲ႕ က်ဴးေက်ာ္လာမယ့္အရိပ္အေယာင္ေတြရွိေနကတည္းက သူက ၿမိဳ႕သူၿမိဳ႕သားေတြကို သတၱိရွိဖို႔၊ စိတ္မလႈပ္ရွားဖို႔နဲ႕ ရဲရင့္ဖို႔လည္း တိုက္တြန္းခဲ့ပါေသးတယ္။ အခုေတာ့ သူကိုယ္တိုင္လည္း တိုက္ပြဲဝင္ေတာ့မွာပါ။
crd

နိုင်ငံထိလာရင် သွေးစူလာတယ်ဆိုတာသက်သေပြနေတဲ့ ယူကရိန်း ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း

ဗစ်တလီကလစ်ရှ်ကိုက လက်ရှိမှာ ယူကရိန်းမြို့တော်ဖြစ်တဲ့ ကိဗ်ရဲ့ မြို့တော်ဝန်ပါ။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံအဖြစ်နဲ့ ထင်ရှားခဲ့သူဖြစ်ပြီး သူ့ခေတ်၊သူ့အခါတုန်းက လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကင်းခဲ့သူလို့ ဆိုရပါမယ်။ အားကစားသမားဘဝက အနားယူပြီးနောက်မှာ သူက နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပြီး ကိဗ်မြို့တော်ဝန်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

အခုတော့ ရုရှားက ယူကရိန်းကို ကျူးကျော်လာချိန်မှာ ဒီလက်ဝှေ့သမားကြီးရဲ့ ဗီဇက ပေါ်လာပါပြီ။ “ဒီသွေးစွန်းမယ့်တိုက်ပွဲအတွက် ကျနော်အသင့်ဖြစ်နေပြီ၊ ကျနော့်မှာ ရွေးချယ်စရာမရှိဘူး၊ ဒါပဲကျနော်လုပ်ရမှာပါ၊ ကျနော်တိုက်ခိုက်သွားပါမယ်” လို့ ကိဗ်မြို့တော်ဝန်က ပြောလိုက်ပါပြီ။

ရုရှားရဲ့ ကျူးကျော်လာမယ့်အရိပ်အယောင်တွေရှိနေကတည်းက သူက မြို့သူမြို့သားတွေကို သတ္တိရှိဖို့၊ စိတ်မလှုပ်ရှားဖို့နဲ့ ရဲရင့်ဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။ အခုတော့ သူကိုယ်တိုင်လည်း တိုက်ပွဲဝင်တော့မှာပါ။
crd

Leave a Reply

Your email address will not be published.