ယနေ့ ဒီမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင် လူငယ်လေး(၂) ဦး
ကယားပြည်နယ်၊ ဒီမော့ဆို မြို့နယ်က ဒါးဘာကျေးရွာမှာစက်တင်ဘာလ ၁၄ ရက် ဒီကနေ့ မနက် ၅ နာရီခွဲကနေ ၉ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံ PDF တပ်သား ၂ ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် တိုက်ပွဲမှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တေနဲ့ PDF KNDF နဲ့ KA ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်ကလည်း ၃ ဦးထက်မနည်း ကျဆုံး ဒဏ်ရာရရှိတယ်လို့ ခန့်မှန်းဖော်ပြပါတယ်။
ကျဆုံး ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်သားတွေကတော့ မောင်ဆီးမိုး(ခ) အောင်နိုင်နဲ့ မောင်ပီတာတို့ ဖြစ်ပါတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။CRD
Be the first to comment
Leave a Reply
Your email address will not be published.
*