ေခ်ာက္ၿမိဳ႕က တကၠသိုလ္ေက်ာင္းသူ အဖမ္းခံရ

ေခ်ာက္ၿမိဳ႕က တကၠသိုလ္ေက်ာင္းသူ အဖမ္းခံရ

ေခ်ာက္ၿမိဳ႕က တကၠသိုလ္ေက်ာင္းသူ အဖမ္းခံရေခ်ာက္ၿမိဳ႕မွ တကၠသိုလ္ေက်ာင္းသူ မေက်ာ့စုစုေဝအား စစ္ေကာင္စီတပ္သားမ်ား ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရႆည္။

ယမန္ေန႔ စက္တင္ဘာ ၁၂ ရက္ ညေနပိုင္းတြင္ ေခ်ာက္ၿမိဳ႕နယ္ ေဈးတန္းလ်ားရပ္ကြက္ရွိ သူ၏ ေနအိမ္သို႔ လာေရာက္ဖမ္းဆီးျခင္းျဖစ္ေၾကာင္း ေရနံေခ်ာင္းတကၠသိုလ္ ေက်ာင္းသားသမဂၢမွ ယေန႔မနက္ပိုင္းတြင္ ထုတ္ျပန္ထားသည္။

သူက သမဂၢအဖြဲ႕ဝင္ေတာ့ မဟုတ္ပါဘူး။ ဘယ္လိုပုံစံနဲ႔ လာဖမ္းသြားတယ္ဆိုတာ သူ႔မိသားစုႏွင့္ ဆက္သြယ္ေနပါတယ္။ ဘယ္ကို ဖမ္းေခၚသြားလဲ ေတာ့မသိေသးဘူးဗ်” ဟု သမဂၢျပန္ၾကားေရး တာဝန္ခံကေျပာသည္။

မေက်ာ့စုစုေဝသည္ ေရနံေခ်ာင္းတကၠသိုလ္ ဓာတုေဗဒ (အေဝးသင္ ပထမႏွစ္ေက်ာင္းသူ ျဖစ္သည္။အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီလမွ စတင္ၿပီး လက္ရွိအခ်ိန္ထိ ေရနံေခ်ာင္း တကၠသိုလ္မွ ေက်ာင္းဆရာႏွင့္ ေက်ာင္းသား၊ေက်ာင္းသူ ခုနစ္ဦးထိ ဖမ္းဆီးခံထားရေၾကာင္းသိရသည္။

စစ္ေကာင္စီဘက္ကို တုန႔္ျပန္ေျပာဆိုေနေတာ့မွာမဟုတ္ဘူး။ လက္ေတြ႕လုပ္ေနပါၿပီ။ လက္နက္ကိုင္လမ္းစဥ္မွာလည္း ကြၽန္ေတာ္တို႔သမဂၢအဖြဲ႕ဝင္ေတြ တပ္ဦးက ပါဝင္တိုက္ခိုက္သြားပါမယ္” ဟု ေရနံေခ်ာင္းေက်ာင္းသားသမဂၢမွ သတင္းစကားပါးသည္။

ဖမ္းဆီးခံရသူမ်ားမွာ ဦးေဇာ္မင္းထက္ ( သခ်ၤာဌာန ၊ ေရနံေခ်ာင္းတကၠသိုလ္) ၊မဇြန္သင္းၾကည္ ( ဒုဥကၠ႒၊ ေက်ာင္းသားမ်ားသမဂၢ/ သခ်ၤာတတိယႏွစ္ )၊ ကိုၿဖိဳးေဝသစ္ ( သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးတာဝန္ခံ ၊

ေက်ာင္းသားမ်ားသမဂၢ / ႐ူပေဗဒ တတိယႏွစ္ )၊ ကိုရဲရင့္ေအာင္ ( အဖြဲ႕ဝင္၊ ေက်ာင္းသားမ်ားသမဂၢ / အေဝးသင္ ပထမႏွစ္ ) မျမင့္ျမတ္ေသာ္ (ေက်ာင္းသူ)၊ မဆုျပည့္ေအာင္ ( ေက်ာင္းသူ ၊ ဓာတုေဗဒ ပထမႏွစ္-day)ႏွင့္ မေက်ာ့စုစုေဝ (ေက်ာင္းသူ ၊ ပထမႏွစ္ (chemistry)အေဝးသင္)တို႔ျဖစ္သည္။Credit

ချောက်မြို့က တက္ကသိုလ်ကျောင်းသူ အဖမ်းခံရ

ချောက်မြို့က တက္ကသိုလ်ကျောင်းသူ အဖမ်းခံရချောက်မြို့မှ တက္ကသိုလ်ကျောင်းသူ မကျော့စုစုဝေအား စစ်ကောင်စီတပ်သားများ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရဿည်။

ယမန်နေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ချောက်မြို့နယ် ဈေးတန်းလျားရပ်ကွက်ရှိ သူ၏ နေအိမ်သို့ လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေနံချောင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ယနေ့မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

သူက သမဂ္ဂအဖွဲ့ဝင်တော့ မဟုတ်ပါဘူး။ ဘယ်လိုပုံစံနဲ့ လာဖမ်းသွားတယ်ဆိုတာ သူ့မိသားစုနှင့် ဆက်သွယ်နေပါတယ်။ ဘယ်ကို ဖမ်းခေါ်သွားလဲ တော့မသိသေးဘူးဗျ” ဟု သမဂ္ဂပြန်ကြားရေး တာဝန်ခံကပြောသည်။

မကျော့စုစုဝေသည် ရေနံချောင်းတက္ကသိုလ် ဓာတုဗေဒ (အဝေးသင် ပထမနှစ်ကျောင်းသူ ဖြစ်သည်။အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ စတင်ပြီး လက်ရှိအချိန်ထိ ရေနံချောင်း တက္ကသိုလ်မှ ကျောင်းဆရာနှင့် ကျောင်းသား၊ကျောင်းသူ ခုနစ်ဦးထိ ဖမ်းဆီးခံထားရကြောင်းသိရသည်။

စစ်ကောင်စီဘက်ကို တုန့်ပြန်ပြောဆိုနေတော့မှာမဟုတ်ဘူး။ လက်တွေ့လုပ်နေပါပြီ။ လက်နက်ကိုင်လမ်းစဉ်မှာလည်း ကျွန်တော်တို့သမဂ္ဂအဖွဲ့ဝင်တွေ တပ်ဦးက ပါဝင်တိုက်ခိုက်သွားပါမယ်” ဟု ရေနံချောင်းကျောင်းသားသမဂ္ဂမှ သတင်းစကားပါးသည်။

ဖမ်းဆီးခံရသူများမှာ ဦးဇော်မင်းထက် ( သချင်္ာဌာန ၊ ရေနံချောင်းတက္ကသိုလ်) ၊မဇွန်သင်းကြည် ( ဒုဥက္ကဋ္ဌ၊ ကျောင်းသားများသမဂ္ဂ/ သချင်္ာတတိယနှစ် )၊ ကိုဖြိုးဝေသစ် ( သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ခံ ၊

ကျောင်းသားများသမဂ္ဂ / ရူပဗေဒ တတိယနှစ် )၊ ကိုရဲရင့်အောင် ( အဖွဲ့ဝင်၊ ကျောင်းသားများသမဂ္ဂ / အဝေးသင် ပထမနှစ် ) မမြင့်မြတ်သော် (ကျောင်းသူ)၊ မဆုပြည့်အောင် ( ကျောင်းသူ ၊ ဓာတုဗေဒ ပထမနှစ်-day)နှင့် မကျော့စုစုဝေ (ကျောင်းသူ ၊ ပထမနှစ် (chemistry)အဝေးသင်)တို့ဖြစ်သည်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*