စစ်ကောင်စီက အိမ်စောင့်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ ဟု အမည်ပြောင်းလဲ
စစ်အာဏာသိမ်းပြီး ၆လပြည့်မြောက်သည့် သြဂုတ်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် အိမ်စောင့်အစိုးရအား စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ပြည် ထောင်စုအစိုးရအဖြစ်အမည်ပြောင်း လဲလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။
အိမ်စောင့်အစိုးရဖွဲ့စည်းပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဝန်ကြီးချုပ်၊ဒုတိယ စစ်ခေါင်းဆောင် ဒု-ဗိုလ် ချုပ်မှူးကြီး စိုးဝင်းက ဒု-ဝန်ကြီးချုပ်အဖြစ် အသီးသီး ခန့်အပ်ခဲ့ပြီး ဝန်ကြီး ဌာနများကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယမန်နေ့စက်တင်ဘာလ ၁၄ရက်နေ့က စတင် ကျင်းပ နေသည့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ ပြင်ဆင်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအနေ ဖြင့် နိုင်ငံတကာအသိအမှတ်ပြုနိုင်ရေး ရုန်းကန်နေရသည်။ Credit
Be the first to comment
Leave a Reply
Your email address will not be published.
*