မနက္ျဖန္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ရဲတိုက္ရဲ႕ အမႈကို အထူးတရား႐ုံးမွာ ႐ုံးထုတ္ စစ္ေဆးမည္

မနက္ျဖန္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ရဲတိုက္ရဲ႕ အမႈကို အထူးတရား႐ုံးမွာ ႐ုံးထုတ္ စစ္ေဆးမည္

သ႐ုပ္ ေဆာင္ ရဲတိုက္ကို ပုဒ္မ (၅၀၅-က)ျဖင့္ ဧပရယ္ လ အတြင္းက ဖမ္းဆီး ထားခဲ့ၿပီး ထိုသို ဖမ္းဆီးခ်ိန္တြင္ စိတ္ႂကြ ေဆးျပား ေတြ႕ရွိသည္ဟု ဆိုကာ မူးယစ္ပုဒ္မ ၁၆ (ဂ) နဲ႔ပါ ထပ္မံတရားစြဲဆိုခံထားရျခင္း ျဖစ္သည္။

သ႐ုပ္ေဆာင္ရဲတိုက္ကို အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးမွာ စက္တင္ဘာ ၂၀ ရက္ေန႔မွာ စတင္စစ္ေဆးဖိုရွိတယ္လို အမႈကိုလိုက္ပါေဆာင္႐ြက္ေနတဲ့ ဥပေဒပညာရွင္ေတြကေျပာပါသည္။

သ႐ုပ္ ေဆာင္ ရဲတိုက္သည္ ေတာ္လွန္ ေရး အစပိုင္းတြင္ ေရွ႕ဆုံး ဒိုင္းကာ အဖြဲမွာ အၿမဲ လိုလို ဦး ေဆာင္ ပါဝင္ခဲ့သူ တ ေယာက္ျဖစ္ၿပီး မီဒီယာ အင္တာဗ်ဴးတခုတြင္ စစ္ ေကာင္စီကို တိုက္ခိုက္တဲ့ စကား ေတြ ေျဖၾကားခဲ့လို ႏိုင္ငံ ေတာ္အၾကည္ညိဳ ပ်က္ ေစမႈနဲ႔ ဖမ္းခဲ့တာ လို ဆိုပါတယ္။

ရန္ကုန္ၿမိဳသမိုင္းလမ္းဆုံမွာ သ႐ုပ္ေဆာင္ရဲတိုက္ကိုဖမ္းဆီးရမိခဲ့ၿပီးသူနဲ႔အတူ စိတ္ႂကြေဆးျပား ၁၀ျပားကို အတူေတြ႕ရွိရတယ္ဆိုၿပီး မူးယစ္ပုဒ္မ ၁၆ (ဂ)နဲ႔ထပ္မံတရားစြဲဆိုခဲ့တယ္လို အမႈကိုကူညီေပးေနတဲ့ဥပေဒပညာရွင္ေတြက ေျပာပါတယ္။

“ကိုရဲတိုက္က်န္းမာေရးေကာင္းမြန္ပါတယ္။ အခုတရား႐ုံးခ်ိန္းေတြလိုက္ေနရင္းၾကားသိခဲ့ရတဲ့အေျခအေနေတြအရ နစကကေန အႏုပညာရွင္ေတြအပါအဝင္ စြဲဆိုထားတဲ့အမႈေတြကိုျပန္လည္စိစစ္ေနတယ္။

စိစစ္ၿပီးရင္ အဆင့္အလိုက္ အမႈ႐ုပ္သိမ္းၿပီးေျဖေလွ်ာ့မႈလုပ္သြားမယ္လိုသတင္းေကာင္းၾကားရပါတယ္။ ရက္သိပ္မၾကာခင္ျဖစ္ႏိုင္မယ္ဆိုတဲ့သတင္းၾကားထားရပါတယ္။

အဲ့ဒီလို႐ုပ္သိမ္းမႈမလုပ္ခင္ေတာ့ အထူးတရား႐ုံးေတြမွာစြဲဆိုထားတဲ့အမႈေတြကိုပုံမွန္ စစ္ေဆးေနမယ္။အမႈအသြားအလာကိုေတာ့ ႀကိဳတင္မွတ္ခ်က္ေပးလိုမရေသးပါဘူး”လို ကိုရဲတိုက္အမႈကိုလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ဥပေဒအႀကံေပးဦးခင္ေမာင္ျမင့္က ေျပာခဲ့ျခင္း ျဖစ္သည္။crd

မနက်ဖြန် သရုပ်ဆောင် မင်းသားချော ရဲတိုက်ရဲ့ အမှုကို အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးမည်

သရုပ် ဆောင် ရဲတိုက်ကို ပုဒ်မ (၅၀၅-က)ဖြင့် ဧပရယ် လ အတွင်းက ဖမ်းဆီး ထားခဲ့ပြီး ထိုသို ဖမ်းဆီးချိန်တွင် စိတ်ကြွ ဆေးပြား တွေ့ရှိသည်ဟု ဆိုကာ မူးယစ်ပုဒ်မ ၁၆ (ဂ) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်စစ်ဆေးဖိုရှိတယ်လို အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေပညာရှင်တွေကပြောပါသည်။

သရုပ် ဆောင် ရဲတိုက်သည် တော်လှန် ရေး အစပိုင်းတွင် ရှေ့ဆုံး ဒိုင်းကာ အဖွဲမှာ အမြဲ လိုလို ဦး ဆောင် ပါဝင်ခဲ့သူ တ ယောက်ဖြစ်ပြီး မီဒီယာ အင်တာဗျူးတခုတွင် စစ် ကောင်စီကို တိုက်ခိုက်တဲ့ စကား တွေ ဖြေကြားခဲ့လို နိုင်ငံ တော်အကြည်ညို ပျက် စေမှုနဲ့ ဖမ်းခဲ့တာ လို ဆိုပါတယ်။

ရန်ကုန်မြိုသမိုင်းလမ်းဆုံမှာ သရုပ်ဆောင်ရဲတိုက်ကိုဖမ်းဆီးရမိခဲ့ပြီးသူနဲ့အတူ စိတ်ကြွဆေးပြား ၁ဝပြားကို အတူတွေ့ရှိရတယ်ဆိုပြီး မူးယစ်ပုဒ်မ ၁၆ (ဂ)နဲ့ထပ်မံတရားစွဲဆိုခဲ့တယ်လို အမှုကိုကူညီပေးနေတဲ့ဥပဒေပညာရှင်တွေက ပြောပါတယ်။

“ကိုရဲတိုက်ကျန်းမာရေးကောင်းမွန်ပါတယ်။ အခုတရားရုံးချိန်းတွေလိုက်နေရင်းကြားသိခဲ့ရတဲ့အခြေအနေတွေအရ နစကကနေ အနုပညာရှင်တွေအပါအဝင် စွဲဆိုထားတဲ့အမှုတွေကိုပြန်လည်စိစစ်နေတယ်။

စိစစ်ပြီးရင် အဆင့်အလိုက် အမှုရုပ်သိမ်းပြီးဖြေလျှော့မှုလုပ်သွားမယ်လိုသတင်းကောင်းကြားရပါတယ်။ ရက်သိပ်မကြာခင်ဖြစ်နိုင်မယ်ဆိုတဲ့သတင်းကြားထားရပါတယ်။

အဲ့ဒီလိုရုပ်သိမ်းမှုမလုပ်ခင်တော့ အထူးတရားရုံးတွေမှာစွဲဆိုထားတဲ့အမှုတွေကိုပုံမှန် စစ်ဆေးနေမယ်။အမှုအသွားအလာကိုတော့ ကြိုတင်မှတ်ချက်ပေးလိုမရသေးပါဘူး”လို ကိုရဲတိုက်အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောခဲ့ခြင်း ဖြစ်သည်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*