ဖမ္းဆီးထားေသာ မူႀကိဳကေလး အေယာက္၉၀ေက်ာ္ကို မီးေလာင္တိုက္သြင္း ေတာ့မည္ဟု စကစ ၿခိမ္းေျခာက္ေန..

ဖမ္းဆီးထားေသာ မူႀကိဳကေလး အေယာက္၉၀ေက်ာ္ကို မီးေလာင္တိုက္သြင္း ေတာ့မည္ဟု စကစ ၿခိမ္းေျခာက္ေန..

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕ အေနာက္ေျမာက္ဘက္၊ ခ်င္းပုန္းရြာတြင္ မူႀကိဳအရြယ္ကေလး ၉၀ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ထိန္းသိမ္းထားၿပီး ၂၄ နာရီေက်ာ္သည္အထိ ျပန္မလႊတ္ေပးေသးေၾကာင္း ေဒသခံမ်ားထံက သိရသည္။

စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားသည္ ေဖေဖာ္ဝါရီလ ၂၆ ရက္က ခ်င္းပုန္းရြာရွိ PDF သင္တန္းဆင္းပြဲသို႔ ရဟတ္ယာဥ္ ၆ စင္းျဖင့္ လာေရာက္ ပစ္ခတ္ၿပီးေနာက္ ရဟတ္ယာဥ္ ေပၚမွ စစ္သားမ်ားကို ခ်ေပးကာ ရြာကို ထိန္းခ်ဳပ္၍ ကေလးမ်ား အပါအဝင္ ေက်းရြာတြင္းရွိ ျပည္သူမ်ားကိုပါ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း ယင္းမာပင္ ေဒသခံတဦးက ေျပာသည္။

“၈၅ ဝန္းက်င္ေလာက္ ကေလးငယ္ေတြ ပိတ္မိေနတာရွိတယ္။ မူႀကိဳဆရာမ ၁၀ ေယာက္ပိတ္မိတဲ့အထဲမွာ ပါတယ္။ ကြန္ပ်ဴတာဆရာမ ၅ ေယာက္ပိတ္မိတဲ့အထဲမွာပါတယ္။ ကြန္ပ်ဴတာ သင္တန္းသူ ၊ သင္တန္းသားက အေယာက္ ၃၀ ပိတ္မိတဲ့အထဲမွာပါတယ္။ ရြာက သက္ႀကီးရြယ္အိုနဲ႔ ကေလးေတြ ပိတ္မိတာက အေယာက္ ၃၀ ေက်ာ္ပါတယ္။ ဒီကေန႔ ၁၁ နာရီတုန္းကေတာ့ ေက်ာင္း ထိုင္ဆရာေတာ္က သူ႔ကေလးေတြ စိတ္မခ်လို႔ဆိုၿပီး သူကိုယ္တိုင္ ရြာထဲျပန္ဝင္သြားတယ္။ အခုအခ်ိန္အထိ ဘာမွအဆက္အသြယ္မရဘူး” ဟု ၎က ဆိုသည္။

ေက်းရြာအတြင္း ပိတ္မိေနသူ စုစုေပါင္းမွာ အေယာက္ ၁၇၀ ခန႔္ရွိေၾကာင္း ယင္းမာပင္ေဒသခံတဦးက ေျပာ သည္။ေဖေဖာ္ဝါရီလ ၂၆ ရက္ ညပိုင္းကလည္း ခ်င္းပုန္းရြာအတြင္း ေသနတ္ပစ္ေဖာက္သံမ်ား ၾကားရသျဖင့္ ရြာအတြင္းပိတ္မိေနသူမ်ားအတြက္ စိုးရိမ္ပူပန္ေနရေၾကာင္း ၎က ဆိုသည္။

ဖမ်းဆီးထားသော မူကြိုကလေး အယောက်၉ဝကျော်ကို မီးလောင်တိုက်သွင်း တော့မည်ဟု စကစ ခြိမ်းခြောက်နေ..

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနောက်မြောက်ဘက်၊ ချင်းပုန်းရွာတွင် မူကြိုအရွယ်ကလေး ၉၀ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားပြီး ၂၄ နာရီကျော်သည်အထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၆ ရက်က ချင်းပုန်းရွာရှိ PDF သင်တန်းဆင်းပွဲသို့ ရဟတ်ယာဉ် ၆ စင်းဖြင့် လာရောက် ပစ်ခတ်ပြီးနောက် ရဟတ်ယာဉ် ပေါ်မှ စစ်သားများကို ချပေးကာ ရွာကို ထိန်းချုပ်၍ ကလေးများ အပါအဝင် ကျေးရွာတွင်းရှိ ပြည်သူများကိုပါ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ယင်းမာပင် ဒေသခံတဦးက ပြောသည်။

“၈၅ ဝန်းကျင်လောက် ကလေးငယ်တွေ ပိတ်မိနေတာရှိတယ်။ မူကြိုဆရာမ ၁၀ ယောက်ပိတ်မိတဲ့အထဲမှာ ပါတယ်။ ကွန်ပျူတာဆရာမ ၅ ယောက်ပိတ်မိတဲ့အထဲမှာပါတယ်။ ကွန်ပျူတာ သင်တန်းသူ ၊ သင်တန်းသားက အယောက် ၃၀ ပိတ်မိတဲ့အထဲမှာပါတယ်။ ရွာက သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ပိတ်မိတာက အယောက် ၃၀ ကျော်ပါတယ်။ ဒီကနေ့ ၁၁ နာရီတုန်းကတော့ ကျောင်း ထိုင်ဆရာတော်က သူ့ကလေးတွေ စိတ်မချလို့ဆိုပြီး သူကိုယ်တိုင် ရွာထဲပြန်ဝင်သွားတယ်။ အခုအချိန်အထိ ဘာမှအဆက်အသွယ်မရဘူး” ဟု ၎င်းက ဆိုသည်။

ကျေးရွာအတွင်း ပိတ်မိနေသူ စုစုပေါင်းမှာ အယောက် ၁၇၀ ခန့်ရှိကြောင်း ယင်းမာပင်ဒေသခံတဦးက ပြော သည်။ဖေဖော်ဝါရီလ ၂၆ ရက် ညပိုင်းကလည်း ချင်းပုန်းရွာအတွင်း သေနတ်ပစ်ဖောက်သံများ ကြားရသဖြင့် ရွာအတွင်းပိတ်မိနေသူများအတွက် စိုးရိမ်ပူပန်နေရကြောင်း ၎င်းက ဆိုသည်။crd

Leave a Reply

Your email address will not be published.