ျပည္သူကို ရန္သူလို႔ရႈျမင္ေနတဲ့ စစ္မိစၧာေတြကို က်ေနာ္တို႔ကေတာ့ အျပတ္တိုက္ဖို႔ပဲရွိတယ္

ျပည္သူကို ရန္သူလို႔ရႈျမင္ေနတဲ့ စစ္မိစၧာေတြကို က်ေနာ္တို႔ကေတာ့ အျပတ္တိုက္ဖို႔ပဲရွိတယ္

ျပည္သူကို ရန္သူလို႔ရႈျမင္ေနတဲ့ စစ္ေကာင္စီကို ျပည္သူကလည္း ရန္သူလို ျပန္သေဘာထားရမယ္လို႔ KNU နိုင္ငံျခားေရးတာဝန္ခံ ဖဒိုေစာတာနီးက ေျပာလိုက္ပါတယ္။စစ္ကိုင္းတိုင္းနဲ႔မေကြးတိုင္းေတြမွာ စစ္ေကာင္စီတပ္ေတြ ရြာလုံးကၽြတ္မီးရွို႔ၿပီး ထိုးစစ္ဆင္တဲ့လုပ္ရပ္နဲ႔ပတ္သက္ၿပီး ဖဒိုေစာတာနီးက ေျပာလိုက္တာပါ။

ရြာသူရြာသားေတြအေနနဲ႔ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြကို အကူအညီမေပးရဲေအာင္ ၊မေထာက္ခံရဲေအာင္ နဲ႔အေၾကာက္တရားဝင္သြားေအာင္ စစ္ေကာင္စီဟာ ရြာလုံးကၽြတ္မီးရွို႔တာကိုလုပ္ျပေနတာလို႔ေျပာပါတယ္။

ဒီလိုမီးတင္ရွို႔လိုက္လို႔ ေဒသခံလူထုရပ္တည္လို႔မရရင္ ေတာ္လွန္ေနတဲ့ PDF ေတြလည္း ရပ္တည္လို႔ ရေတာ့မွာမဟုတ္ေၾကာင္း စစ္ေကာင္စီကတြက္ဆထားတယ္လို႔ ဖဒိုေစာတာနီးက ဆိုပါတယ္။

” သူတြက္တာကေတာ့ ရြာသားေတြရပ္တည္လို႔မရဘူးဆိုရင္ သူ႔ကိုေတာ္လွန္တိုက္ခိုက္ေနတဲ့ PDF ေတြရပ္တည္လို႔မရဘူးဆိုတာ သူကအဲ့လိုကေလးအေတြးပဲေတြ႕တာေလ” လို႔ ဖဒိုေစာတာနီးက ေျပာပါတယ္။

ဒီလိုလုပ္ရပ္ေတြကို စစ္တပ္ဟာ လြန္ခဲ့တဲ့ ႏွစ္ ၇၀ ေလာက္ကတည္းက လုပ္လာေပမယ့္ ခုထက္ထိ မေအာင္ျမင္ဘူးလို႔ ဖဒိုေစာတာနီးက ေထာက္ျပပါတယ္။ဒါေပမယ့္ စစ္တပ္ဟာ အခုအခ်ိန္ထိ သင္ခန္းစာ မယူတတ္ေသးတာေၾကာင့္ စစ္တပ္ကို အျပဳတ္တိုက္ဖို႔ ပဲ ရွိေတာ့တယ္လို႔ ဖဒိုေစာတာနီးကေျပာပါတယ္။ဒါေၾကာင့္ လူထုအေနနဲ႔လည္း ေတာ္လွန္ေရးသမားေတြျဖစ္ၾကတယ္လို႔ ကိုယ့္ကိုယ္ကို ရႈျမင္ၿပီး စစ္ေကာင္စီကိုေတာ္လွန္ၾကဖို႔ကိုလည္း တိုက္တြန္းသြားပါတယ္။

ပြည်သူကို ရန်သူလို့ရှုမြင်နေတဲ့ စစ်မိစ္ဆာတွေကို ကျနော်တို့ကတော့ အပြတ်တိုက်ဖို့ပဲရှိတယ်

ပြည်သူကို ရန်သူလို့ရှုမြင်နေတဲ့ စစ်ကောင်စီကို ပြည်သူကလည်း ရန်သူလို ပြန်သဘောထားရမယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတာနီးက ပြောလိုက်ပါတယ်။စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာ စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ်မီးရှို့ပြီး ထိုးစစ်ဆင်တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဖဒိုစောတာနီးက ပြောလိုက်တာပါ။

ရွာသူရွာသားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကူအညီမပေးရဲအောင် ၊မထောက်ခံရဲအောင် နဲ့အကြောက်တရားဝင်သွားအောင် စစ်ကောင်စီဟာ ရွာလုံးကျွတ်မီးရှို့တာကိုလုပ်ပြနေတာလို့ပြောပါတယ်။

ဒီလိုမီးတင်ရှို့လိုက်လို့ ဒေသခံလူထုရပ်တည်လို့မရရင် တော်လှန်နေတဲ့ PDF တွေလည်း ရပ်တည်လို့ ရတော့မှာမဟုတ်ကြောင်း စစ်ကောင်စီကတွက်ဆထားတယ်လို့ ဖဒိုစောတာနီးက ဆိုပါတယ်။

” သူတွက်တာကတော့ ရွာသားတွေရပ်တည်လို့မရဘူးဆိုရင် သူ့ကိုတော်လှန်တိုက်ခိုက်နေတဲ့ PDF တွေရပ်တည်လို့မရဘူးဆိုတာ သူကအဲ့လိုကလေးအတွေးပဲတွေ့တာလေ” လို့ ဖဒိုစောတာနီးက ပြောပါတယ်။

ဒီလိုလုပ်ရပ်တွေကို စစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်ကတည်းက လုပ်လာပေမယ့် ခုထက်ထိ မအောင်မြင်ဘူးလို့ ဖဒိုစောတာနီးက ထောက်ပြပါတယ်။ဒါပေမယ့် စစ်တပ်ဟာ အခုအချိန်ထိ သင်ခန်းစာ မယူတတ်သေးတာကြောင့် စစ်တပ်ကို အပြုတ်တိုက်ဖို့ ပဲ ရှိတော့တယ်လို့ ဖဒိုစောတာနီးကပြောပါတယ်။ဒါကြောင့် လူထုအနေနဲ့လည်း တော်လှန်ရေးသမားတွေဖြစ်ကြတယ်လို့ ကိုယ့်ကိုယ်ကို ရှုမြင်ပြီး စစ်ကောင်စီကိုတော်လှန်ကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။crd

Leave a Reply

Your email address will not be published.