ရန္ကုန္ၿမိဳ႕ရွိ လမ္းဆုံလမ္းခြမ်ားႏွင့္ မီးပြိဳင့္မ်ားတြင္ စစ္တပ္က ႏွစ္ထပ္ ခံတပ္ မ်ား တစ္ၿမိဳ႕လုံးအတိုင္းအတာျဖင့္ တည္ေဆာက္ေန

ရန္ကုန္ၿမိဳ႕ရွိ လမ္းဆုံလမ္းခြမ်ားႏွင့္ မီးပြိဳင့္မ်ားတြင္ စစ္တပ္က ႏွစ္ထပ္ ခံတပ္ မ်ား တစ္ၿမိဳ႕လုံးအတိုင္းအတာျဖင့္ တည္ေဆာက္ေန

ရန္ကုန္ၿမိဳ႕ေတာ္ရွိ လမ္းဆုံလမ္းခြမ်ားႏွင့္မီးပြိဳင့္မ်ားတြင္ စစ္တပ္က ႏွစ္ထပ္ RC ခံတပ္အေဆာက္အအုံမ်ားကို တစ္ၿမိဳ႕လုံးအတိုင္းအတာျဖင့္ တည္ေဆာက္ လ်က္ ရွိေၾကာင္းရန္ကုန္ၿမိဳ႕ခံမ်ားက ေျပာဆိုသည္။

၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလမွစတင္ၿပီး ၿမိဳ႕လယ္ေခါင္ႏွင့္ အခ်က္အခ်ာက် လမ္းဆုံ မ်ား၊ မီးပြိဳင့္မ်ားတြင္ စစ္တပ္က ခံတပ္ ဘန္ကာ ပုံစံ RC ႏွစ္ထပ္ အေဆာက္ အအုံ ငယ္မ်ားကို တည္ေဆာက္လာျခင္းျဖစ္ေၾကာင္း၊

ေသနတ္ တင္၍ ပစ္နိုင္ ေသာ အေပါက္မ်ားကိုလည္း ခံတပ္ ဘန္ကာမ်ားတြင္ ထည့္သြင္း တည္ ေဆာက္ ထားေၾကာင္း သိရွိရသည္။ လက္ရွိတြင္ သမိုင္းလမ္းဆုံမီးပြိဳင့္ City Mart ႏွင့္မ်က္ႏွာခ်င္းဆိုင္ လမ္းဆုံ လမ္း ခြ တြင္လည္းေကာင္း၊

ေတာင္ဥကၠလာ ေဘလီ တံတား အဆင္း တြင္ လည္းေကာင္း အပါအဝင္ ၿမိဳ႕ေနရာအႏွံ့အျပားတြင္ ခံတပ္ ဘန္ကာငယ္မ်ား တည္ ေဆာက္ေနျခင္းျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕ခံမ်ားက ေျပာသည္။

“မသိရင္ ရန္ကုန္မွာ သိပ္မၾကာခင္ စစ္ျဖစ္မယ့္ပုံစံအတိုင္း ဘန္ကာေတြ ေဆာက္ လာတာ။ ေသနတ္တင္ပစ္လို႔ရတဲ့ အေပါက္ရွည္ေတြလည္း အေပၚ ထပ္ေရာ ေအာက္ထပ္ေရာမွာ တည္ေဆာက္ေနတာ။

ျပည္သူေတြကေတာ့ စစ္ေခြးေတြကို ရြံ့တာေပါ့ဗ်ာ။ လက္နက္နဲ႔ ေစာင့္ၾကည့္ ၿခိမ္းေျခာက္ဖို႔ လုပ္ တဲ့လုပ္ရပ္ေပါ့” ဟု ရန္ကုန္ၿမိဳ႕ခံ ျပည္သူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ဘန္ကာမ်ား မလွမ္းကမ္းတြင္လည္း CCTV မ်ားကို တပ္ဆင္ေနၿပီး စစ္ တပ္က ၿမိဳ႕ေနရာအႏွံ့ CCTV ကြန္ရက္ ျဖန႔္က်က္တပ္ဆင္လာေၾကာင္း သိရွိ ရသည္။
credit#

ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် ခံတပ် များ တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက်နေ

ရန်ကုန်မြို့တော်ရှိ လမ်းဆုံလမ်းခွများနှင့်မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက် လျက် ရှိကြောင်းရန်ကုန်မြို့ခံများက ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့လယ်ခေါင်နှင့် အချက်အချာကျ လမ်းဆုံ များ၊ မီးပွိုင့်များတွင် စစ်တပ်က ခံတပ် ဘန်ကာ ပုံစံ RC နှစ်ထပ် အဆောက် အအုံ ငယ်များကို တည်ဆောက်လာခြင်းဖြစ်ကြောင်း၊

သေနတ် တင်၍ ပစ်နိုင် သော အပေါက်များကိုလည်း ခံတပ် ဘန်ကာများတွင် ထည့်သွင်း တည် ဆောက် ထားကြောင်း သိရှိရသည်။ လက်ရှိတွင် သမိုင်းလမ်းဆုံမီးပွိုင့် City Mart နှင့်မျက်နှာချင်းဆိုင် လမ်းဆုံ လမ်း ခွ တွင်လည်းကောင်း၊

တောင်ဥက္ကလာ ဘေလီ တံတား အဆင်း တွင် လည်းကောင်း အပါအဝင် မြို့နေရာအနှံ့အပြားတွင် ခံတပ် ဘန်ကာငယ်များ တည် ဆောက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

“မသိရင် ရန်ကုန်မှာ သိပ်မကြာခင် စစ်ဖြစ်မယ့်ပုံစံအတိုင်း ဘန်ကာတွေ ဆောက် လာတာ။ သေနတ်တင်ပစ်လို့ရတဲ့ အပေါက်ရှည်တွေလည်း အပေါ် ထပ်ရော အောက်ထပ်ရောမှာ တည်ဆောက်နေတာ။

ပြည်သူတွေကတော့ စစ်ခွေးတွေကို ရွံ့တာပေါ့ဗျာ။ လက်နက်နဲ့ စောင့်ကြည့် ခြိမ်းခြောက်ဖို့ လုပ် တဲ့လုပ်ရပ်ပေါ့” ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ဘန်ကာများ မလှမ်းကမ်းတွင်လည်း CCTV များကို တပ်ဆင်နေပြီး စစ် တပ်က မြို့နေရာအနှံ့ CCTV ကွန်ရက် ဖြန့်ကျက်တပ်ဆင်လာကြောင်း သိရှိ ရသည်။
credit#

Be the first to comment

Leave a Reply

Your email address will not be published.


*